တိုက်ရိုက် live လွှင့်ပြီး ကျင်းပချင်ယောင်ဆောင်ခဲ့တဲ့ ဗိုလ်လောင်းသင်တန်းဆင်းပွဲ (ရုပ်သံ)

ပြင်ဦးလွင်မြို့မှာ နှစ်တိုင်းပုံမှန်ပြုလုပ်နေကျဖြစ်တဲ့ စစ်ကောင်စီရဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်းဆင်းပွဲအခမ်းအနားကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ခိုးကြောင်ခိုးဝှက်တက်ရောက်ပြီး ကျင်းပခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။

စစ်တက္ကသိုလ် – DSA၊ အပတ်စဉ် (၆၅) ကျောင်းဆင်းပွဲအခမ်းအနားကို စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားကနေ ဒီဇင်ဘာ ၈ ရက်မနက်ပိုင်းက တိုက်ရိုက် (Live) ထုတ်လွှင့်ပြသခဲ့ပြီး မြဝတီရုပ်မြင်သံကြားရဲ့ သတင်းတင်ဆက်သူကလည်း ဒီဇင်ဘာ ၈ ရက်မနက်ပိုင်းမှာ ကျင်းပခဲ့တယ်လို့ ကြေညာသွားခဲ့ပေမယ့် တကယ်တော့ မဟုတ်ခဲ့ပါဘူး။


Comments

Leave a Reply

Your email address will not be published. Required fields are marked *