ဝန်ကြီးဟောင်း စိုးထွဋ်၏ လူယုံ သတင်းရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် ကျော်သီဟ လာဘ်ပေးလာဘ်ယူမှုဖြင့် ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ

အကြမ်းဖက်စစ်ကောင်စီ၊ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ထောင်ဒဏ်များချမှတ်ပြီးနောက် နောက်ဆက်တွဲအဖြစ် စိုးထွဋ်၏ လူယုံ သတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ်ကျော်သီဟကိုလည်း ထောင်ဒဏ် ၃ နှစ် ပြစ် ဒဏ်ချမှတ်လိုက်ကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၆ ရက်နေ့တွင် သတင်းတပ်ဖွဲ့မှူး ရဲမှူးချုပ်ကျော်သီဟကို နိုင်ငံကူးလက်မှတ်အတွက် အဂတိလိုက်စားမှုများ ပေါ်ပေါက်ခြင်း၊ နိုင်ငံ တော်ဆိုင်ရာဘွဲ့တံဆိပ်များ ပေးအပ်ချီးမြှင့်မှု ရရှိနိုင်ရေး လုပ်ငန်းရှင်များထံမှ လာဘ်ယူခြင်း၊ သတင်းရဲတပ်ဖွဲ့ ၏ ရန်ပုံငွေ အလှူငွေများကို အလွဲသုံးစားခြင်းတို့ဖြင့် ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချမှတ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရဲမှူးချုပ်ကျော်သီဟကို ထောင်ဒဏ် ၃ နှစ်ချမှတ်ပြီးနောက် ရမည်းသင်းအကျဉ်းထောင်သို့ ပို့ဆောင်လိုက်ကြောင်း ၊ ရဲမှူးချုပ်ကျော်သီဟသည် ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်အတွက် အဓိက ငွေရှာပေးခဲ့သူဖြစ်ကြောင်း သိရှိရသည်။

“ရဲမှူးချုပ်ကျော်သီဟက ဝန်ကြီး ဦးစိုးထွဋ်အတွက် အဓိက ငွေရှာပေးခဲ့တဲ့သူလို့ ဆိုရမယ်။ လူယုံသဘောမျိုး ငွေရှာပေးတာ။ သူကိုယ်တိုင်လည်း ပိုင်ဆိုင်မှုတွေ အများကြီးရှိတယ်” ဟု ပြည်ထဲရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ပြည်ထဲရေးဝန်ကြီးဟောင်း စိုးထွဋ်သည် ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၅ရက် တွင် ရာထူးများမှ ရပ်ဆိုင်းခံရပြီးနောက် စစ်ကောင်စီ ၏ စစ် တရားရုံးဖြင့် ရုံးတင် စစ်ဆေးခြင်းကို ခံရကာ နိုဝင်ဘာ ၁၀ ရက်တွင် ထောင် ၅နှစ် ချမှတ်ခံခဲ့ရသည်။

စစ်ကောင်စီ က ဝန်ကြီးဟောင်း စိုးထွဋ်ကို မြန်မာနိုင်ငံကူးလက်မှတ် ဝန် ဆောင် မှုလုပ်ငန်း လုပ်ကိုင်ရန်အတွက် ကုမ္ပဏီများက အကူအညီတောင်းခံမှုအပေါ် ရာထူးနှင့် လုပ်ပိုင်ခွင့်ကို မလျော်သြဇာ အသုံးပြုခြင်း၊ တံစိုး လက် ဆောင် လက်ခံရယူခဲ့ခြင်း၊ ပြည်ထဲရေးဝန်ကြီးဌာန၏ ဝန်ထမ်းသက် သာချောင် ချိရေးရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ်ထုံးလုပ်နည်းနှင့် ညီညွှတ်မှုမရှိသည့် ဆောင် ရွက်မှုများအပေါ် ထိန်းသိမ်းကြပ်မတ်ကွပ်ကဲရန် ပျက်ကွက်ခဲ့ခြင်းတို့ကြောင့် ရာထူးမှ ဖယ်ရှား ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *