ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တော့မယ် အကြီးစားကြီးတွေ ရ(ရုပ်/သံ)

“အကြွေး”

ဆရာတော် ဦးဗုတ် ပြောခဲ့သလိုပေါ့.. ဟဲ့ မယ်နု.. သူ့အကြွေးရှိရင် ကုန်စင်အောင် ပြန်ဆပ်ရတယ် တဲ့..

အခုလဲ ကိုယ့်တုတ်နဲ့ ကိုယ် ပြန်ပြီး အရိုက်ခံရတဲ့ အချိန်ရောက်မှ ကုန်-းပြီး မအော်ကြေး.. 😈

အကြီးစားတွေ အကုန် ပြည်သူ့ဘက်တော်သားတွေ လက်ထဲပြန်ရောက်မှပဲ နေရာမှန်မှာ

ရှမ်းမြောက် မူဆယ်မြို့ ၁၀၅ မိုင် ကုန်သွယ်ရေး ဗျူဟာစခန်းကုန်းကို ညီနောင် မဟာမိတ် ၃ ဖွဲ့က မနေ့ ဒီဇင်ဘာ ၁၄ ရက် ည အချိန်မှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်

ဖြစ်စဉ်သိရှိသူ ဒေသခံ တစ်ဦးက “ ဗျူဟာကုန်းကို ရသွားပြီ။ မနေ့ညက တစ်ညလုံး လေယာဉ်နဲ့လာပစ်နေတာ။ တိုက်ပွဲလဲပြင်းထန်နေတာ နေ့လည်ပိုင်းကတည်းကနေ ည ၁၂ ကျော်လောက်မှ ရတာထင် တယ်။ ဒီနေ့မနက်တော့ ငြိမ်သွားပြီ။

အဲ(၁၀၅ မိုင်)ကုန်းမှာ ဖုန်းလိုင်းတွေကပိတ်ထားတုန်းမရသေးဘူး။ ကျနော်ဆီပြောလာတဲ့သူတွေက တရုတ်လိုင်းသုံးပြီးပြောလာတာ။ လူထိမထိတော့ မသိဘူး။ ကျောင်းပေါ်မှာပဲနေတာ အပြင်မထွက်ရဲဘူး ” လို့ ပြောပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *