“မင်းတို့ရဲ့လက်တွေကို လေထဲမှာ မြှောက်ထားလိုက်” တဲ့

မအလနဲ့ ဘောမတွေ ကြားမှာ အသံတိတ်သွားတာ တခုရှိပါတယ်။

“အခုဖြစ်နေတဲ့ ပြသနာဟာ NLDပါတီနဲ့ ဖြစ်တဲ့ ပြသနာ၊ အနီ အစိမ်း ပြသနာ”လို့ တောက်လျှောက် ဂျင်းထည့်လာခဲ့တဲ့ စကားပါ။

အဲဒီဂျင်းဟာ မြောက်ပိုင်းသုံးဖေါ် ပွဲဝင်ကတာနဲ့ အထုတ်ပြေပြီး ဆက်မအော်ရဲရှာတော့ဘူး။

ပြီးခဲ့တဲ့ရက်က

မအလဟာ စောက်ခေါမကို လက်ကဆွဲ၊ သေနတ်ကို ခါးကြားထိုး၊

လုံခြုံရေး အထူအထပ်ချပြီး လားရိူးကို ခိုးကြောင်ခိုးဝက် သွားပြတယ်။

အဲဒီနောက်

“MNDAA နဲ့ အပစ်ရပ်လိုက်ပြီ၊ မြောက်ပိုင်းမှာ တိုက်ပွဲတွေ ငြိမ်သက်သွားပြီဟေ့”လို့

ဘောမတွေက အားရဝမ်းသာ ဂျင်းထည့်ပြန်တယ်။

သူတို့ခမြာ ဂျင်းထည့်လို့မှ မဆုံးသေးဘူး၊

မြောက်ပိုင်းသုံးဖွဲ့က မူဆယ် ၁၀၅ မိုင် ဗျုဟာကုန်းကြီးကို တက်သိမ်းပြီး MNDAA အလံ ထောင်ပြတယ်။

နမ့်ဆမ်မြို့ကို သိမ်းပစ်ပြီး မြို့ထဲကို လမ်းပါ လျှောက်ပြလိုက်တယ်။

အဲဒီတော့မှ ဇော်မဲလုံးရော၊ ဘောမတွေရော အရှက်ပြေ ထပြောတယ်။

“အထိအခိုက်၊ အကျအဆုံးမရှိပဲ လက်နက်ခဲယမ်းများနဲ့ အတူ ဘေးလွတ်ရာဆီကို အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့တယ်”တဲ့။

သူတို့ပြောသလို တကယ်ပဲ အောင်မြင်စွာ ဆုတ်ခွါလား၊ မဆုတ်ခွါလားတော့ မသိ။

မြောက်ပိုင်း ၃ဖွဲ့က သိမ်းဆည်းရမိတဲ့ တင့်ကား ၂စီးရော၊ လက်နက် ခဲယမ်းတွေရော၊ အပုံလိုက် ချပြတယ်၊

တန်းစီပြီး ထုတ်ပြလိုက်တယ်။ အရှက်တွေကို ကွဲရော။

ညီနောင်အဖွဲ့တွေကလဲ အဲဒီလောက်နဲ့ အားမရသေးဘူး ထင်ပါရဲ့၊

မအလသား အကောင် ၃၀၀ ကျော်ကို အက်ျီတွေချွတ်ခိုင်းပြီး၊

စိုင်းဆိုင်ခမ်းလှိုင်ရဲ့ သီချင်းထဲကအတိုင်း “မင်းတို့ရဲ့လက်တွေကို လေထဲမှာ မြှောက်ထားလိုက်” လုပ်ပြီး

Videoပါ ရိုက်ပြလိုက်တယ်…!

ငိုးမ ဘောမတွေ စောက်ရှက်တွေ ထပ်ကွဲပြန်ရော။


Comments

Leave a Reply

Your email address will not be published. Required fields are marked *