မြေပြင်တပ်ကိုကူရန် ရဟတ်ယာဉ်ဖြင့်ပို့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မကူညီနိုင်ဘဲ ထွက်ပြေးနေသည်ကိုမြင်၍ ပို့ဆောင်ပေးသည့် ရဟတ်ယာဉ်ကပါ ၎င်းတို့ကိုထားကာ ပြန်လှည့်ပြေး

“”””#တင်ပြီဗျို့”””

17/12/23–05:15am ကထဲက
“””ခလရ ၃၂၁ “””ရှိသောရွှေညောင်ပင်ကိုတက်လုံးသည်။

ဆယ်မိုင်ခန့်အကွာဝိုင်းမော်မှ
ဦးတည့်ရာကိုအမြောက်နှင့်ထုလေသည်တမနက်လုံးတဝုန်းဝုန်း။

ရွှေညောင်ပင်
ရွာထဲချည့်ကျသဖြင့်အိမ်ခြေအတော်များများမီးလောင်သည်။

ဟေးးးးးးးးးးးးးး
ရွှေညောင်ပင်နှင့်တမိုင်ခန့်အကွာ
“””#ဝါဆာဒီး”””ရွာသစ်မှာ
“”Mi35 ရဟတ်ယာဥ်တစီး””””

မိုးပေါ်ကနေမြေကြီးပေါ်ဒလိမ့်ခေါက်ကွေး——
ဟားဟားဟား

p/s
ဘယ်သတင်းမှမတက်သေး
ခွင့်ပြုချက်အရတင်သည်

ငသိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဆန်တွင် ပိတ်မိနေသည့် မြေပြင်တပ်များကို စစ်ကူရန် အတွက် ရဟတ်ယာဉ်ဖြင့်ပို့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြေပြင်တပ်ကိုမကူနိုင်ဘဲ ကစဉ့်ကလျားထွက်ပြေးခဲ့ရပြီး လာရောက်ပို့ဆောင်သည့် ရဟတ်ယာဉ်မှလည်း ပစ်ကူပေးခြင်းမရှိဘဲ ၎င်းတို့ကိုထား၍ ပြန်လှည့်ပြေးသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၄ ရက်နေ့က ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့် ဖြစ်ပွားနေသည့် နမ့်ဆန် တိုက်ပွဲအတွင်း ပိတ်မိနေသည့် စစ်ကောင်စီက မြေပြင်တပ်ကိုကူရန်အတွက် ရဟတ်ယာဉ်ဖြင့် စစ်ကူပို့ရာတွင် ကြိုးဖြင့်ဆင်းလာသည့် စစ်ကောင်စီတပ်သားများကို ညီနောင်မဟာမိတ်တပ်ဖွဲ့များက ဆီးကြိုပိတ်ဆို့တိုက်ခိုက်ခဲ့သဖြင့် ကစဉ့်ကလျား ဆင်းပြေးခဲ့ကြရကြောင်း ပူးပေါင်းတပ်ဖွဲ့၏ စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

နမ့်ဆန်မြို့တွင် ပြီးခဲ့သည့် ဒီဇင်ဘာ ၈ ရက်နေ့ကတည်းက ပစ်ခတ်မှုများ စတင် ဖြစ်ပွားခဲ့ပြီး နောက်ပိုင်း‌တွင် တိုက်ပွဲပြင်းထန်လာကာ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ညီနောင် မဟာမိတ်တပ်ဖွဲ့များက မြို့ကို အပြီး တိုင်သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

“မြေပြင်မှာ ချေမှုန်းခံနေရတဲ့ကောင်တွေ(စစ်ကောင်စီတပ်ဖွဲ့ဝင်များ)ကို ကူဖို့ပို့ခံရ တဲ့ ကောင်တွေပါ။ ရဟတ်ယာဉ်သံကြားတာနဲ့ မြေပြင်ကိုတောင် မရောက်သေးဘူး မဟာ မိတ်တပ်ဖွဲ့က ဝိုင်းပိတ်ဆို့ပြီးပစ်တာ။ ဟိုကောင်တွေ မြေကြီးတောင် မထိလိုက်ရဘူး။ လေထဲသေ‌တဲ့ကောင်သေ၊ မြေပြင်ရောက်တဲ့ ကောင်တွေလည်း ပြေးမိပြေးရာပြေးကြ တာဆိုတော့ ခွင်မှားပြီး ရောက်လာတဲ့ကောင်နဲ့ ရုပ်ပျက်ဆင်းပျက်ပဲ” ဟု မြေပြင်တွင် တိုက်ပွဲ၀င်နေသည့် စစ်ရေးသတင်း ရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထိုသို့စစ်ကူရောက်လာသည့် ကောင်စီတပ်ဖွဲ့ဝင်များတွင် ဗိုလ်လောင်းသင်တန်းမှ သင်တန်း ဆင်းကာစ သင်တန်းသားအများစုပါဝင်ပြီး မဟာမိတ်တပ်များမှ ပစ်ခတ်တိုက်ခိုက်စဉ် ရဟတ်ယာဉ်သည်လည်း ပစ်ခတ်ခံရမည်ကို စိုးရိမ်၍ ကာကွယ်ပစ်ကူခြင်းမရှိဘဲ အလျင်အမြန် ပြန်လှည့်ပျံသန်းသွားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“မြေပြင်ကကောင်တွေနဲ့ မပူးပေါင်းနိုင်တဲ့အပြင် စစ်ကူရောက်လာတဲ့ကောင်တွေ ဝိုင်းပစ်ခံနေရချိန်မှာ ရဟတ်ယာဉ်ကလည်း ပွိုင့် 5 နဲ့အပစ်ခံရမှာစိုးပြီး လှည့်ပြေးတာ။ အခုများဆို စစ်ကူလာတဲ့ ရဟတ်ယာဉ်လာရင် မဟာမိတ်တပ်တွေကပျော်နေတာ။ လက်နက်တွေရော ခဲယမ်းရိက္ခာတွေရော Dead Body တွေရောဆိုတော့ ပွဲတော်ကြီးကို ဖြစ်လို့” ဟု မြေပြင်ရှိရဲဘော်တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

အလားတူ TNLA နှင့်ပူးပေါင်းတပ်များက ဒီဇင်ဘာ ၁၅ ရက်နေ့က နမ့်ဆန်ရှိ စစ်ကောင်စီ ၏‌ဗျူဟာကုန်း ကိုသိမ်းပိုက်ပြီးနောက် ဗျူဟာကုန်းကိုကွပ်ကဲရန် ရဟတ်ယာဉ်ဖြင့် ရောက်ရှိနေသည့် ပခုက္ကူအခြေစိုက် အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ်၊ နမ့်ဆန်မြို့မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲတပ်ဖွဲ့မှူး၊ ဒုရဲမှူး ထွန်းစိုးသိန်း၊ ရဲမှူးနေ၀င်းထွန်း၊ မြို့စောင့်တပ် ခလရ -၂၅၄ မှ ဗိုလ်မှူး ကျော်သူထွေး၊ ဗျူဟာမှူး တို့အပြင် ဌာနဆိုင်ရာညွှန်ကြားရေးမှူးများပါ အဆက် အသွယ် မရတော့ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံက သိရသည်။

ပုံစာ- ရှမ်းမြောက်တစ်နေရာသို့ ရဟတ်ယာဉ်ဖြင့် စစ်ကူလာရောက်ချပေးနေစဉ်


Comments

Leave a Reply

Your email address will not be published. Required fields are marked *