ဘုံဇုံးတပ်စခန်းသိမ်းတိုက်ပွဲ ဗိုလ်ကြီးအပါအဝင် ၆ဦး အရှင်ဖမ်းမိ၊ စစ်ကောင်စီတပ် ၇ဦးသေ

လက်နက်ခဲယမ်းများစွာရရှိပြီး ထွက်ပြေးစစ်ကောင်စီတပ်များကို လိုက်လံဖမ်းဆီး

ချင်းပြည်နယ် – မကွေးတိုင်းနယ်စပ်ရှိ စစ်ကောင်စီ၏ ဘုံဇုံးတပ်စခန်းကို ချင်းပူးပေါင်းတပ်ဖွဲ့က ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဗိုလ်ကြီးတစ်ဦး အပါအဝင် ၆ဦးကို အရှင်ဖမ်းမိသည်ဟု ချင်းအမျိုးသားတပ်မတော်(CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကပြောသည်။

အင်အား ၇၀ ခန့်ရှိ စစ်ကောင်စီတပ်စခန်းကို CNA ၊ ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး၊ CDF ထန်တလန်၊ CDF-KKG ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဒီမနက်စောစောကတည်းက သွားပြီးတိုက်တယ်။စခန်းသိမ်းတိုက်ပွဲ လုပ်တယ်။ အဲဒီမှာ သူတို့ဘက်က ဗိုလ်ကြီးတစ်ဦးအပါအဝင် ၆ ဦးတော့ အရှင်ဖမ်းတယ်။ လက်နက်ချတော့ဖမ်းတယ်။ ပြီးတော့ ၇ယောက်ကတော့ ကျသွားတယ်။ လက်နက်ရရှိမှုကတော့ အခုနယ်မြေရှင်းလင်းရေးက လုပ်နေဆဲဖြစ်တယ်။ အတည်ပြုလို့မရသေးဘူး”ဟု ဆလိုင်းထက်နီက ပြောသည်။

အဆိုပါတိုက်ပွဲအတွင်း CDF ရဲဘော် နှစ်ဦးကျဆုံးခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့သည်ဟု CDF ဟားခါးတပ်မှူးတစ်ဦးက ပြောသည်။

ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများကို လိုက်လံဖမ်းဆီးနေကြောင်း CDF တပ်မှူးက ပြောသည်။ လက်နက်ခဲယမ်းများစွာရရှိသည်ဟုလည်း ၎င်းက ပြောပြသည်။

အဆိုပါတပ်စခန်းသည် မကွေးတိုင်းမှ ချင်းပြည်နယ်မြို့တော် ဟားခါးသို့ ဝင်ရောက်သည့် အဓိကလမ်းမပေါ်၌ရှိသည်ဟု ဆိုသည်။

ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်များရှိ၍ နယ်မြေရှင်းလင်းရေးလုပ်ဆောင်လျက်ရှိကြောင်း၊ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ရှိခဲ့သော်လည်း ထိရောက်မှုမရှိကြောင်း ဆလိုင်းထက်နီက ပြောသည်။

ဘုံးဇုံးစခန်းကို (CNA) နဲ့ CDF ပူးပေါင်းတပ်ဖွဲ့က သိမ်းတိုက်ပြီး ချင်းအမျိုးသားအလံလွှင့်ထူ၊ စကစဗိုလ်ကြီးတစ်ဦးအပါအ၀င် ၆ဦး အရှင်ဖမ်းဆီးရမိ

ချင်းပြည်နယ်နှင့် မကွေးတိုင်းအစပ်၊ ဟားခါး-ဂန့်‌ဂေါ်လမ်းမပေါ်ရှိ ဘုံဇုံးစစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားတပ်မတော် (CNA) နဲ့ CDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီ ဗိုလ်ကြီးတစ်ဦးအပါအ၀င် ၆ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့သိရပါတယ်။

ဘုံဇုံးရွာ စေတီပေါ်နှင့် စေတီအောက်ဖက် စစ်တပ်စခန်းမှာ အခြေချတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မနေ့ ဒီဇင်ဘာ ၁၇ရက်နေ့ ညနေပိုင်းက CNA၊ CDF-Hakha၊ CDF-Thantlang နဲ့ CDF-KKG ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၁၈ရက်နေ့ ဒီကနေ့ မနက်ပိုင်း ၁၁ နာရီကျော်ကျော်မှာ အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး ချင်းအမျိုးသားအလံကိုလွှင့်ထူနိုင်ခဲ့တယ်လို့သိရပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *