“နမ့်ဆန် တိုက်ပွဲ”

တပ်ရေးဗိုလ်ကြီး ၊ ငါ့အိမ်ကို သန့်ရှင်းရေးလုပ် ငါ့ မိန်းမကို ဗျူတီပါလာလွှတ်ပြီး အလှပြင်ခိုင်းထားလိုက် ဆိုတဲ့ တပ်ရင်းမှူး ဒုမှူးကြီး ငြိမ်းချမ်း

“ငါမသေ ငါ့ဗူးစင် မကျစေရ” ဆိုပြီး မြန်မာပေါကားတွေထဲလို ဘလာဘလာ ပြောမသွားနိုင်ရှာပါဘူး။

ဒရုန်းဗုံးက ငယ်ထိပ်တည့်တည့်ကို အုံးကနဲ လာမှန်တော့ အလောင်းတောင် တစစီ ဖြစ်သွားပြီး ဂေါ်ပြားနဲ့ ကြုံးယူရသတဲ့..

အခုတော့ သူ့မိန်းမလဲ ဗျူတီပါလာကနေကို မပြန်တော့ပါဘူး.. အသက်ကလဲငယ် ရမ္မက်ကလဲ ကြွယ်ဦးမှာကိုး..

အ..ဟစ်..ဟစ်..

နမ့်ဆန် တိုက်ပွဲတွင် ခလရ ၂၅၈ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ငြိမ်းချမ်းနှင့် ဗိုလ်မှူး၊ ဗိုလ်ကြီး အပါအဝင် စစ်အရာရှိ ၁၅ ဦးထက်မနည်းသေဆုံးခဲ့၊ ပျောက်ဆုံးနေသော အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး အဆက် အသွယ် ပြတ်နေဆဲ

ဟောင် ဝစ်ဇာ အမြောက် ၄ လက်၊ လက်နက်မျိုးစုံ ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံနှင့် မြောက်မြားစွာသော ကျည်ဆန် ခဲယမ်းသေတ္တာများရရှိ

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ နမ့်ဆန်မြို့တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် ခလရ ၂၅၈ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ငြိမ်းချမ်း ၊ ဗိုလ်မှူး ၊ ဗိုလ်ကြီး အပါ အဝင် စစ်အရာရှိ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုသည်။

နမ့်ဆန်မြို့ရှိ စစ်စခန်း အားလုံးကို TNLA က တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီ တပ်သား ၆၀ ဦးကျော် သေဆုံးပြီး စစ်သုံ့ပန်း ၃၀ ဦး ဖမ်းဆီးရမိကြောင်း ၊ ဒီဇင်ဘာလ ၁၀ ရက်နေ့က စတင်ကာ နမ့်ဆန်မြို့ရှိ စစ်စခန်းအားလုံးကို TNLA က တိုက်ခိုက်ခဲ့ပြီး ၆ ရက်အကြာ ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်ခန့်တွင် နမ့်ဆန်မြို့ရှိ စစ်ကောင်စီ၏ တပ်မ-၁၀၁၊ တပ်မမှူးအခြေချ ကွပ် ကဲနေသည့် စစ်စခန်းများ၊ တပ်မတော်ပိုင် လက်ဖက်ခြောက်စက်ရုံ၊ ရဲစခန်း အပါအဝင် စစ်ကောင်စီ ဌာနဆိုင်ရာရုံးများ အားလုံးကို သိမ်းပိုက်ခဲ့ခြင်းဖြစ် ကြောင်း TNLA က သတင်းထုတ်ပြန်ထားသည် ။

“အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး (ဗိုလ်မှူးချုပ်) ပျောက်နေတာ အခုအချိန်အထိ အဆက်အသွယ်မရသေးဘူး။ အသက်ရှင်နေတုန်းလို့တော့ ယူ ဆရတယ်။ ခလရ ၂၅၈ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးငြိမ်းချမ်းနဲ့ ဒုတပ်ရင်း မှူး ဗိုလ်မှူး ကျဆုံးတာ အတည်ပြုလို့ရပါပြီ။ ခလရ ၂၅၈က မကွေးတိုင်း၊ ရေစကြိုက တပ်ပါ။ လက်ဖက်ခြောက်စက်ရုံမှူး ဗိုလ်မှူးနဲ့ တပ်ထိန်း ဗိုလ်ကြီးတွေလည်း ကျဆုံးပါတယ်။ အခု ရထားတဲ့စာရင်းတွေအရ ဒုတိယဗိုလ်မှူးကြီး၊ ဗိုလ်မှူး၊ ဗိုလ်ကြီး အနည်းဆုံး ၁၀ ဦးစာရင်းတော့ ကျဆုံးစာရင်း ရထားပါတယ်။ ထပ်ပြီးလည်း အတည်ပြုနေပါတယ်။ တချို့ အရာရှိတွေက ကျဆုံးတာလား၊ အဖမ်းခံရတာလား ဆက်လက်ပြီး စိစစ်နေတယ်” ဟု နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။

နမ့်ဆန်မြို့ရှိ စစ်စခန်းများသည် ပခုက္ကူ အခြေစိုက် တပ်မ-၁၀၁ နှင့် လက် အောက်ခံတပ်ဖြစ်သည့် ခလရ-၂၅၈ မှ လာရော က်ထိုးစစ်ဆင်စခန်းချသည့် တပ်စခန်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်၏ ထောက်ပို့ တပ်များဖြစ် သည့် အမှတ် ၆၂၆ နှင့် ၉၂၉ တို့ အခြေချရာ မြို့လည်း ဖြစ်ကြောင်း သိရသည်။

နမ့်ဆန်မြို့ရှိ စစ်တပ်စခန်းကို တိုက်ခိုက်နေစဥ်အတွင်း အကြမ်းဖက် စစ်တပ်၏ မန်တုံ ခလရ-၁၃၀ တပ်က လက်နက်ကြီးဖြင့် အချက်ရေများစွာ ပစ်ကူပေးခဲ့ပြီး လေကြောင်းဖြင့် Mi35 ၁ ကြိမ်၊ ART-42 ၅ ကြိမ်၊ Jet Fighter ၁၉ ကြိမ်၊ Y12 လေယာဥ် ၅ ကြိမ် အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်မှုကြောင့် ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး ဘာသာရေးအဆောက်အဦးဖြစ်သည့် ပတ္တမြားစေတီရှိ ဘုရားများ၊ နမ့်ဆန် မြို့မ ဂိုဏ်းချုပ်ကျောင်း၊ ငွန်ဆိုင်းကျေးရွာ အ.မ.က ကျောင်း ဆောင်၊ နေအိမ် အလုံး ၄၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ် ၁၄ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်သား အလောင်း ၆၀ ကျော်နှင့် စစ်သုံ့ပန်း ၃၀ ဦး၊ မိသားစုဝင် ၃ ဦး၊ ရဲ ၆ ဦး၊ ရဲမိသား စုဝင် ၂၅ ဦး စုစုပေါင်း ၆၄ ဦးကို ဖမ်းဆီးရရှိခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ၏ ဟောင် ဝစ်ဇာ အမြောက် ၄ လက်၊ လက်နက်မျိုးစုံ ၊ မိုင်းမျိုးစုံ၊ ခဲယမ်းမျိုးစုံ အမြောက်အများနှင့် စစ်အသုံးအဆောင် ပစ္စည်း အများ သိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရသည်။

ဓာတ်ပုံ – နမ့်ဆန်ဗျူဟာကုန်းတိုက်ပွဲတွင် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများ


Comments

Leave a Reply

Your email address will not be published. Required fields are marked *