နဂါးကို အားမနာတမ်းဖဲ့လိုက်တဲ့ ပန်ဆယ်လို

မေ့လောက်ပြီထင်မှ မီဒီယာအင်အားသုံးပြီး အရင်စောက်ချိုး ပြန်ချိုးလာလို့ ပြောမှဖြစ်တော့မယ်။

NUG က သူ့လူတွေကို ဖမ်းထားပါတယ်ဆိုတဲ့ကိစ္စ မီဒီယာကနေတဆင့် နဂါးက ရာဇသံပေးတယ်။ ကြောက်ဖုတ်ကောင်းလိုက်တာဟဲ့။ အဲ့ဇာတ်လမ်းလေး ပြောရအောင်။

နဂါးက သူ့မှာ အင်အား၃၀၀၀ လောက်ရှိတယ် ပြောတယ်။ ယူနီဖောင်း ၃၀၀၀ စာ သိန်းပေါင်းတစ်သောင်းလှူပါဘာညာ။ အဲ့ဒါက ထောက်ပို့သူတွေရဲ့ စဉ်းစားနိုင်စွမ်းပေါ် မူတည်တယ်၊ ကိုယ်နဲ့ မဆိုင်ဘူး။

အင်အား ၃၀၀၀ လောက် ရှိတယ်ပြောပေမယ့် ပုလဲမှာရှိတဲ့ ပျူရွာနှစ်ရွာကို အလှထိုင်ကြည့်နေတယ်။ ဒီကာလမှာ စစ်ကိုင်းထဲမှာ ရှိတဲ့ အဖွဲ့အသေးတွေတောင် စစ်စခန်းသွားမတိုက်နိုင်သေးရင်တောင်မှ ပျူရွာတွေကို ရရင်ရသလို တိုက်ခိုက်နေချိန်မှာ အင်အား၃၀၀၀ ဆိုတဲ့ မိုးလားကဲလားအဖွဲ့ကြီး အခြေစိုက်တဲ့ဒေသမှာ ပျူရွာတွေက ပန်းပန်လျက်ပဲ။

ပုလဲမှာ စစ်ခွေးတွေ စစ်ကြောင်းထိုးလို့ ပြည်သူတွေ ပြေးလွှားတိမ်းရှောင် အသက်အိုးအိမ်စည်းစိမ်တွေ ဖျက်စီးခံနေရတဲ့အချိန်မှာ အင်အား၃၀၀၀ ရှိတဲ့အဖွဲ့ကြီး ဘယ်နေရာရောက်နေလဲကို မသိ။

ဟော…. ဘယ်နေရာရောက်နေလဲ မှတ်တယ်။ NUG က ထိန်းချုပ်ထားတဲ့ ကောလင်း၊ ကန့်ဘလူ၊ ကသာ “က” သုံးလုံးနယ်မြေထဲ သွားပြီး စစ်ကြောင်းထိုးသတဲ့။ သိချင်တာက တိုက်ပြီးသား စိုးမိုးနယ်မြေထဲ သွားပြီး စစ်ကြောင်းထိုးတယ်ဆိုတာက ဘယ်သူ့ကို စစ်ကြောင်းသွားထိုးတာလဲ။

ဒီနေရာမှာ တစ်ခုရှင်းပြချင်တာက လက်နက်ကိုင်နယ်မြေတွေမှာ စည်းဆိုတာ ရှိတယ်။ လက်နက်ကိုင်ထားသူချင်း စည်းမဖောက်ရဘူး။ ခေတ်အဆက်ဆက် EROs တွေဘက်မှာလည်း လေ့လာကြည့်။ သူတို့ထိန်းချုပ်ထားတဲ့နယ်မြေထဲ လက်နက်ကိုင်ဖြတ်သန်းမယ်ဆိုရင် ကြိုတင်အသိပေး၊ ခွင့်တောင်းရတယ်။ အဲ့ဒါလုံခြုံရေးစည်းပဲ။

ငါ့နယ်မြေ နင်မလာနဲ့ဆိုပြီး စမန်ခုတ်နေတာလို့ ခပ်တိမ်တိမ် မတွေးဖို့လိုတယ်။ နယ်မြေထဲကို လက်နက်ကိုင်အုပ်စုတစ်စုက အသိပေးအကြောင်းမကြားဘဲ ဝင်ချင်တိုင်းဝင်ခွင့်ပေးရင် စစ်ခွေးတွေလည်း အဲ့နည်းနဲ့ ဝင်လာမှာပဲ။ လက်နက်ဖြတ်သန်းသယ်ဆောင်တာကအစ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဆောင်ရွက်ဖို့လိုတယ်။ အခုက ဝူးဝါးဝူးဝါးနဲ့ မယားအိမ်ပေါ်တက်လာသလို လက်နက်ကြီးတကားကားနဲ့ တိုက်ပြီးသားနယ်မြေထဲ စစ်ကြောင်းထိုးတယ်ခေါင်းစဉ်တပ် ဝင်လာတာကို ထိုင်ကြည့်နေလို့မရ။

နဂါးက KIA တို့လို EROs လောက်မှ လူထင်တာ။ NUG, MOD PDF တွေဆို Live လွှင့်ဖြဲလိုက်ရမလား၊ မီဒီယာကနေ အော်လိုက်ရမလားဆိုတဲ့အချိုး။ ဒီကိစ္စမှာ ကသုံးလုံးနယ်မြေက PDF ဆိုတာက MOD COC ဆိုပေမယ့် တကယ်စစ်ရေးကို စီမံအုပ်ချုပ်နေတာက KIA က ဒူကဘာတွေ ဒူချွန်တွေ။ KIA ကျ တစ်ချက်အသံမထွက်ရဲဘဲ NUG ဆိုတာနဲ့ ဘယ်နှရက်အတွင်း ပြန်လွှတ်စမ်း၊ မလွှတ်ရင် ဘာလုပ်မယ်ဆိုတဲ့ စောက်ထာမျိုး ချိုးတာ။

EROs တွေမှာတောင် အင်အား ၆၀၀၀၊ ၇၀၀၀ လောက်နဲ့ စခန်းအခု၅၀၊ ၁၀၀ သိမ်းနေတာ။ အင်အား ၃၀၀၀ ရှိတဲ့အဖွဲ့ကြီးက စခန်း ၁၀ ခုမပြောနဲ့ တစ်ခုတောင် သိမ်းတာမရှိ။ ပြည်တော်သာစစ်ကြောင်းဆိုပြီး မိုးလားကဲလားနဲ့ သူများတိုက်ပြီးသား စိုးမိုးနယ်မြေထဲ သွားတာ လူ၃၀ မပြည့်ဘူး။ ဘာသွားလုပ်တာလဲ။ တော်လှန်ရေးကား သွားရိုက်တာလား။

မလိုအပ်တဲ့ Live တွေ၊ စကားဖောင်းပွမှုတွေ၊ ရန်ရှာမှုတွေ၊ အကွဲအပြဲတွေကြောင့် ပုလဲတခွင်လုံးလည်း ဒဏ်ခံရတာ များလှပြီ။ လေယာဉ်နဲ့ပစ်ခတ်သတ်ဖြတ်ခံရမှုတွေလည်း ဖြစ်ခဲ့ရပြီးပြီ။ အင်အား ၃၀၀၀ မကလို့ ဘာကြီးပဲ ရှိရှိ ပုလဲဒေသက ပြည်သူတွေကို ကာကွယ်နိုင်လောက်အောင်တော့ ကြိုးစား။ ၁၅ရွာစားက တစ်နိုင်ငံလုံး ပတ်တိုက်နေသလို လေထွားနေမယ့်အစား ကိုယ်စားနေတဲ့ ၁၅ရွာလောက်ကို စောက်ဖြစ်ရှိအောင် ကာကွယ်ဦး။

အင်အား၃၀၀၀ မကလို့ ဘာကြီးနေနေ အဲ့လိုရပ်တည်နိုင်အောင် ပြည်သူတွေ ကူခဲ့ကြတာ။ ထမင်းဝလို့ ယီးတောင်ပြီး မယားသုံးယောက် ယီးနဲ့ထိုးရုံအပြင် ပြည်သူပါ ယီးနဲ့ထိုးဖို့ကြိုးစားနေတဲ့ ကြက်သွန်ပွဲစားဟောင်း တော်လှန်ရေးပွဲစားကြီး။

ဒီ့ထက်ပိုရွံစရာကောင်းမလာသင့်။

မပြောတော့ဘူး နေမလို့ပဲ။ တော်ကြာ သတ္တဝါနဲ့လက်နက်နဲ့ မမျှ အနိုင်ကျင့်ပါတယ်လို့ Live လွှင့်ငိုပြနေမှာ ကြောက်လို့။ အခုက ဒီည Live လွှင့်မိန့်ခွန်းပြောမယ်ဆိုတော့ တစ်ခါတည်းပြောလို့ရအောင် ပြောချပစ်လိုက်တော့မယ်။

တော်လှန်ရေးဘက်ခြမ်းမှာ သတင်းတစ်ခု တိုးတိုးတိုးတိုးနဲ့ ပျံ့နေတာကြာပြီ။ နဂါးက ဝမ်ပေါင်ကုမ္ပဏီကနေ သူတို့အကျိုးစီးပွါးကို ကာကွယ်ဖို့ သိန်းပေါင်းတစ်သောင်းလက်ခံထားတယ်ဆိုတဲ့ ကိစ္စပဲ။ ဝမ်ပေါင်ခြံစောင့်အလုပ်ကို ပြည်သူ့ငွေနဲ့ ထူထောင်ထားတဲ့ အင်အား၃၀၀၀ အဖွဲ့ကြီးနဲ့ လုပ်မယ်ဆိုပါတော့။

ဒါမျိုးဆိုတာက စာချုပ်စာတမ်းကြီးနဲ့ သက်သေချန်ထားမယ့်ကိစ္စမျိုးမဟုတ်တော့ ကိုယ်တွေလည်း ကြားသတင်းမို့ အထွေအထူးတောင် ပြောမနေပါဘူး။

ရုပ်ပေါက်တာက အရှေးမနှောင်းခင်မှာ စိန်နဂါးဇာတ်သဘင်ကနေ စာတစ်စောင်ထွက်လာတယ်။ “ပြည်ပရင်းနှီးမြှုပ်နှံမှုများကို မထိပါးကြဖို့၊ ထိပါးရင် ဘလာဘလာ” ပေါ့။

ဒီစာကိစ္စ ဖြစ်လာပြီး မကြာခင်မှာ အရပ်ဖက်အဖွဲ့အစည်း ၂၀၀ ကျော်က စစ်ကောင်စီနဲ့ပူးပေါင်းတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို ကန့်ကွက်ကြောင်း၊ အရေးယူမယ်ဖြစ်ကြောင်း စာထွက်လာတယ်။

ဒီကိစ္စရပ်တွေဆိုတာ ပုံမှန်ပြည်သူတွေကြားမှာ Hot Issue ဖြစ်သွားတဲ့ ကိစ္စမျိုးတွေမဟုတ်တော့ ပြည်သူတွေ တွင်တွင်ကျယ်ကျယ် မသိကြဘူး။ အဖွဲ့အစည်းတွေဆိုတာကလည်း အခုလို ပေါ်ပေါ်တင်တင်ကြီး ရေးပြပြောပြနေတာ မဟုတ်ဘူးလေ။ ဒါပေမယ့် အခြေအနေအသွားအလာတွေကို ကြည့်ရတာ ဝမ်ပေါင်ခြံစောင့်ခ သိန်းတစ်သောင်းကိစ္စဟာ ပေါ့သေးသေးသတင်းဟုတ်ဟန်မတူ။

ကဲ… ဒီနေ့ညLive မှာ ဒီကိစ္စရပ်လေးကို လင်းပါဦး မယားများရှင် ပုလဲသခင်ကြီးရေ။ ပြည်သူထောက်ပံ့ထားတဲ့ငွေနဲ့ စစ်ကောင်စီရဲ့ အကျိုးစီးပွါးကို အခကြေးငွေယူပြီး ကာကွယ်မယ်ဆိုတာ မဟုတ်ခဲ့ရင် အင်အား၃၀၀၀ အဖွဲ့ကြီးနဲ့ ဝမ်ပေါင်ကို နဂါးမှန်းသိအောင် အမောက်ထောင်ပြမယ်လို့ ပြည်သူကို ကတိပေးလိုက်စမ်းပါ။

MOD ရဲ့ COC အောက်ကအဖွဲ့တွေကို လက်နက်ပေးမယ်ဆိုပြီး လိုက်စည်းရုံးတဲ့ကိစ္စလေးပါ Live လွှင့်ရကျိုးနပ်အောင် ရှင်းပြပေး။

ပြီးတော့ Star Link တွေ ပြည်တွင်းကို ချောချောချူချူ ပုံဖျက်အမည်ပြောင်းပြီး သွင်းလို့ရနေရာကနေ စစ်ကိုင်းမှာ တစ်ယောက်တည်း အင်တာနက်ရချင်သူ မောင်ဂါးလေးတစ်ယောက် Star Link နဲ့ တွဲရိုက်ထားတဲ့ ဓါတ်ပုံကြီး ကောက်တင်လိုက်ပြီးသကာလ လမ်းကြောင်းတွေ ပိတ်သွားတာလေးပါ ရှင်းပြပေး။

NUG ရဲ့ ကသုံးလုံးနယ်မြေထဲကို လက်နက်တကားကားနဲ့ ဝင်ချသွားပြီးကာမှ ဖမ်းလို့ ရာဇသံပေးတယ်ဆိုတော့ လက်နက်ကိုင်နယ်မြေဆိုတာ မောင်ဂါးတို့ တော်လှန်ရေးမလုပ်ခင် မယားသုံးယောက်မရခင် သွားနေကျ ဖျာခန်းတောင် ဖျားခေါင်းက ခွင့်ပြုမှ ဝင်လို့ရတယ်ဆိုတာ သဘောပေါက်။ စောက်စကားတတ်တိုင်း Liveမှာ ကွေ့ပတ်ပြောနေမယ့်အစား ပုလဲက နင့်ဇာတိရွာ ကြောင်သန်းနဲ့ နင့်မယားကြီးရွာ နွယ်ရှောက်ကို သွားကာကွယ်လိုက်ဦး။

ပြည်သူ့ချွေးနည်းစာနဲ့ အင်အားတည်ဆောက်ပြီး စစ်ကောင်စီအကျိုးစီးပွါးကို ကာကွယ်မယ်ဆိုတာ အမှန်သာဆိုရင်တော့ စကစဆီပို့တဲ့ ပြည်သူ့ကျိန်စာကို ထုတ်ချင်းပေါက်ခံစားရလိမ့်မယ်။

ဖြစ်ချင်တော့ ဗိုလ်ချုပ်အောင်ဆန်း
လုပ်ရပ်က ပျူစောထီးအဆင့်
နွေဦးမင်းအောင်လှိုင်လို့ ပြောတော့ နာချင်သေးတယ်။

မျက်တောင်တစ်ချက်မခပ် လိမ်ရဲလိုက်တာ။

Pencilo


Comments

Leave a Reply

Your email address will not be published. Required fields are marked *