ပေါင်းတည်မြို့နယ်၊ ကျောက်တံခါးကျေးရွာမှ စစ်တပ်အတွက် အလုပ်လုပ်နေသူ သန်းလွင်ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကျောက်တံခါးကျေးရွာမှ စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ သန်းလွင် ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံးသွားကြောင်း ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် -၃၆၀၁ (PPDF) တပ်ရင်းမှ ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံကပြောကြားသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ နံနက် ၇ နာရီခန့်အချိန် ပေါင်းတည်မြိုနယ် ကျောက် တံခါးကျေးရွာမှ အကြမ်းဖက်စစ်ကောင်စီ အတွက် အလုပ်လုပ်ပေးနေသူ သန်းလွင်သည် သိမ်ကုန်းတာဝါတိုင် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်ထံသို့ သတင်းပို့ရန် သွားရောက်စဉ် သိမ်ကုန်းရွာနှင့် ကျောက် တံခါးရွာကြား၌ သေနတ်ဖြင့် ၂ ချက်ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်ပွဲချင်းပြီး သေဆုံးသွား ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ (PPDF)၊ တပ်ခွဲ (၂) က ပစ်ခတ်ရှင်းခဲ့ ခြင်းဖြစ်ပြီး သေဆုံးသူ သန်းလွင်ထံမှ ငွေကျပ် ၁၀၈,၄၅၀ ကျပ်၊ မှတ်ပုံတင် ၂ ခု၊ ဓါးအတို ၁ ချောင်း၊ အရှည် ၁ ချောင်း၊ စစ်ကောင်စီတပ်ဖွဲဝင်များနှင့် ဆက်သွယ်ထားသော လက်ကိုင်ဖုန်း ၁ လုံး တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက်စစ်ကောင်စီအတွက် အလုပ်လုပ်ပေးနေသူ သန်းလွင်သည် တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ သတင်းကို စစ်ကောင်စီထံ ပေးပို့ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ ထောင်ထားသည့် မိုင်းကွင်းနေရာများကို ပြသ ခြင်း၊ တော်လှန်ရေးတပ်ဖွဲ့များ၏ စခန်းနေရာများကို လမ်းပြလိုက်ခြင်း၊ ကျောက်တံခါးရွာထဲသို စစ်ကောင်စီတပ်ဖွဲ့များကို ခေါ်ယူ၍ အရပ်သားပြည်သူများကို ဖမ်းဆီးစစ်ဆေးနှိပ်စက်ခြင်းများ လုပ်ဆောင်နေသဖြင့် ပစ်ခတ်ရှင်းလင်းရခြင်းဖြစ်ကြောင်း PPDF တပ်ဖွဲ့က ရှင်းပြသည်။

အကြမ်းဖက်စစ်ကောင်စီ လက်အောက်တွင် ထောက်တိုင်အဖြစ် လုပ်ကိုင်နေသော ရပ်/ကျေး အုပ် ချုပ် ရေးမှူးများ၊ ပျူစောထီး၊ သတင်း‌ပေးများ၊ ဌာနအသီးသီးမှ ဝန်ထမ်းများအားလုံးသည် ပြည်သူနှင့် အချိန်မီပူးပေါင်းကြရန် PPDF က သတိပေး ထုတ်ပြန်ထားသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *