မန္တလေးမှာ လူငယ် ၅ ဦးဖမ်းခံရ

မန္တလေးနန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ဆီ ရှော့တိုက်ဒုံးနဲ့ဦးတည်ပစ်ခတ်ခံရပြီးနောက် မန္တလေးမြို့တွင်းမှာ စစ်ကောင်စီတပ်က လူငယ်အချို့ကို ဖမ်းဆီးတာတွေရှိတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

ရှော့တိုက်ဒုံးနဲ့ပစ်ခတ်ခံရပြီးနောက်ရက် ဒီဇင်ဘာလ ၂၂ ရက် တစ်ရက်တည်းမှာတင် မဟာအောင်မြေနဲ့ ချမ်းမြသာစည်မြို့နယ်တွေမှာ လူငယ် ၅ ဦး ပိတ်ဆို့ဖမ်းဆီးခံခဲ့ရပါတယ်။

မဟာအောင်မြေမြို့နယ် ၄၁ လမ်းနဲ့ ၈၆ လမ်းထောင့်မှာ မနေ့ မနက်ပိုင်း ၁၀ နာရီခန့်က ဆိုင်ကယ်စီး လူငယ် ၂ဦး ကို အသင့်စောင့်ဆိုင်းနေတဲ့ စစ်တပ်နဲ့ ရဲအဖွဲ့ က ဖမ်းခေါ်သွားပါတယ်။

“စစ်သားတွေကော အရပ်ဝတ်တွေကောစောင့်ပြီး သူတို့ကားပေါ် ဆွဲခေါ်ပြီးတင်သွားတာ”လို့ မျက်မြင်တွေ့သူတစ်ဦးကပြောပါတယ်။

နေ့ခင်းပိုင်း ၁ နာရီ ဝန်းကျင်မှာလည်း ချမ်းမြသာစည် မြို့နယ် ၆၂ လမ်း ၊ ၁၀၁ လမ်းနဲ့ ၁၀၂ လမ်းကြား မှာ အိမ်စီးကားပေါ်က လူငယ် ၃ ဦးကို စစ်ကောင်စီတပ်ဖွဲ့က ဆွဲချပြီး ဖမ်းဆီးခဲ့တယ်လို့စုံစမ်းသိရပါတယ်။

နန်းတွင်းက တိုင်းစစ်ဌာနချုပ်တိုက်ခိုက်ခံရတဲ့ရက်ကစပြီး ကျုံးဘေးပတ်လည်နဲ့ မြို့တွင်းတွေမှာ စစ်ကောင်စီဟာ စစ်ဆေးမှုပိုတင်းကြပ်လာပြီး အရပ်ဝတ်တွေနဲ့ပါ စောင့်ကြည့်တာမျိုး ရှိတယ်လို့ မြို့ခံအချို့က ပြောပြပါတယ်။

ဒီဇင်ဘာလ ၂၁ ရက် မနက် ၂ နာရီခွဲခန့်က မန္တလေးနန်းတွင်းအခြေစိုက် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဆီ ရှော့တိုက်ဒုံး ၆ လုံးနဲ့ပစ်ခတ်ခဲ့တယ်လို့ တိုက်ခိုက်မှုကိုစီမံတဲ့ Brave Warriors for Myanmar (BWM) အဖွဲ့က ကြေညာခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ အဲဒီရှော့တိုက်ဒုံးတွေဟာ စစ်ဌာနချုပ်ကိုထိမှန်တာမရှိဘဲ နန်းတွင်း အရှေ့ခြမ်း မှာရှိတဲ့ ပုသိမ်ကြီးမြို့နယ်ထဲက စက်ရိပ် ( မြောက်) ရွာ မြေကွက်လပ်ထဲ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သတင်းထုတ်ထားပါတယ်။

မြေကွက်လပ်ထဲကျရောက်ပေါက်ကွဲလို့ လူနဲ့ အဆောက်အဦး ထိခိုက်မှုမရှိဘူးလို့လည်းစစ်ကောင်စီက ဆိုပါတယ်။

ဒါပေမယ့် တိုင်းစစ်ဌာနချုပ် ပစ်မှတ်ထားတိုက်ခိုက်ခံရပြီးနောက်ရက်မှာ မန္တလေးတိုင်းအတွင်းက ပျုစောထီးလို့ လူသိများတဲ့ ပြည်သူ့စစ်တွေကို စစ်ကောင်စီတိုင်းမှူးက နန်းတွင်း တိုင်းစစ်ဌာနချုပ်ထဲ ခေါ်ယူတွေ့ဆုံတာရှိခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလဆန်းပိုင်းကလည်း အလယ်တိုင်းပိုင်းစစ်ဌာနချုပ်အခြေစိုက်ရာ နန်းတွင်းနဲ့အနီးဆုံးမှာရှိတဲ့ ကျုံးတောင်ဘက်ခြမ်းက ချမ်းအေးသာစံမြို့နယ် ၊စိတ္တရမဟီရပ်ကွက် က လူမရှိတဲ့ နေအိမ်ပေါ် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲတာမျိုးရှိထားပါတယ်။

အလယ်တိုင်းစစ်ဌာနချုပ်ဟာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွေဖြစ်တဲ့ မန္တလေးတိုင်း ၊မကွေးတိုင်း တောင်ပိုင်းဒေသတွေနဲ့ဆက်စပ်နေတဲ့ ဒေသတွေမှာ စစ်ရေးလှုပ်ရှားတာဝန်ယူဖို့ ဖွဲ့စည်းထားတာလို့သိရပါတယ်။

မန္တလေးမြို့တွင်း ပြီးခဲ့တဲ့လပိုင်းက ဖမ်းဆီးမှုပြုလုပ်နေပုံကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွေမှာဖော်ပြပုံ


Comments

Leave a Reply

Your email address will not be published. Required fields are marked *