သင်္ဃန်းကျွန်းမြို့နယ်၊ မြောက်ဒဂုံမြို့နယ်၊ မရမ်းကုန်းမြို့နယ် ၊ အင်းစိန်မြို့နယ် ၊ တောင်ဥက္ကလာပ၊လှိုင်နှင့် လှိုင်သာယာမြို့နယ်တို့တွင် ပေါက်ကွဲမှုများ ဖြစ်ပွား

ရန်ကုန်တိုင်း ၊ သင်္ဃန်းကျွန်းမြို့နယ်၊ မြောက်ဒဂုံမြို့နယ်၊ မရမ်းကုန်းမြို့နယ် ၊ အင်းစိန်မြို့နယ်၊ တောင်ဥက္ကလာပ ၊ လှိုင်မြို့နယ် နှင့် လှိုင်သာယာမြို့နယ်တို့တွင် ယနေ့ည ၇ နာရီခွဲကျော်အချိန်မှစ၍ ပေါက်ကွဲမှုများ ဖြစ်ပွားကြောင်း သိရှိပါသည်။

လှိုင်မြို့နယ်၊ ၁၆ ရပ် ၊ မာလာမြိုင် ၇ လမ်းအပေါ် ပေ ၅၀ ထိပ်တွင် အကြမ်းဖက် ရဲခွေး နှင့် အရပ်ဝတ်များရောက်ရှိနေကြောင်း သိရပါသည်။

မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံရှိ ဘန်ကာပေါက်ကွဲမှုတွင် အကြမ်းဖက် စစ်ခွေး ၃ ကောင် သေဆုံးနိုင်ကြောင်း

မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံရှိ ဘန်ကာတွင် ယနေ့ည ၈ နာရီဝန်းကျင်အချိန်၌ ပေါက်ကွဲမှုဖြစ်ပွားပြီး အကြမ်းဖက် စစ်ခွေး ၃ ကောင် သေဆုံးနိုင်ကြောင်း Eagles News မှ သိရပါသည်။

မြေပြင် အခြေအနေ ကွင်းဆင်း အတည်ပြုနိုင်ရန် အခက်အခဲများစွာ ရှိနေသည့်အတွက် ပြည်သူများအနေဖြင့်မိမိ ပတ်ဝန်းကျင်ရှိ သတင်းအချက်အလက်များကို တိုက်ရိုက် ပေးပို့ခြင်းဖြင့် ပါဝင်အားဖြည့်ပါရန် တိုက်တွန်းအပ်ပါသည်။

လှိုင်မြို့နယ် တစ်နေရာတွင် ပေါက်ကွဲမှုဖြစ်ပွား

လှိုင်မြို့နယ် တစ်နေရာတွင် ယနေ့ ည (၇ ) နာရီ ( ၅၈ )မိနစ်ဝန်းကျင်အချိန် ၌ 🧨 ပေါက်ကွဲသံအကျယ်ကြီး 💣 ကြားရသည်ဟု ပြည်သူတစ်ဦးမှ Hlaing Info သို့ သတင်းပေးပို့လာပါသည်။

တောင်ဥက္ကလာပမြို့နယ် တစ်နေရာတွင် ပေါက်ကွဲမှုဖြစ်ပွား

တောင်ဥက္ကလာပမြို့နယ် တစ်နေရာတွင် ယနေ့ ည (၇ ) နာရီ ( ၄၆ )မိနစ်ဝန်းကျင်အချိန် ၌ 🧨 ပေါက်ကွဲသံအကျယ်ကြီး 💣 ကြားရသည်ဟု Eagles News မှ သိရပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *