ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်မှ တိုက်ခိုက်ရာ ရန်သူဘက်မှ အရာရှိ (၁) ဦးအပါအဝင် (၇) ဦးသေဆုံး

ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ်မှ တိုက်ခိုက်ရာ ရန်သူဘက်မှ အရာရှိ (၁) ဦးအပါအဝင် (၇) ဦးသေဆုံးခဲ့ပါတယ်။

ဒီဇင်ဘာ၂၅ရက် စစ်ရေးသတင်းကို ချောင်းဦးပကဖကအတည်ပြုဆိုပါတယ်။

ဒီဇင်ဘာလ ၁၁ရက်မနက် ၁၀နာရီ၂၀မိနစ်ခန့်တွင် ချောင်းဦးထွေအုပ်ရုံးမှ အင်အား ၇၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများသည် ရွှေစေတီအနီးတွင် အမြင့်လမ်းခွဲဘက်သို့ တစ်ကြောင်း ၊ ရွှေစေတီအနောက်ဘက်သို့တစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးလာခဲ့ရာရွှေစေတီဘက်မှထိုးလာသော စစ်ကြောင်းကို ရွှေစေတီအနောက်ဘက် မီတာ ၅၀၀ခန့်တွင် မိုင်း ၂ပွိုင့်ဆွဲကာ တိုက်ခိုက်ခဲ့ပါတယ်”လို့ဆိုပါတယ်။

ဒီဇင်ဘာလ ၁၃ရက် ညနေ ၅နာရီခွဲတွင် သမန္တဇာရှိ ၎င်းစစ်ကြောင်းကို ၈၁မမ ဗုံးသီး ၂လုံးသုံး၍ Drone ဖြင့်ပစ်ချ တိုက်ခိုက်ခဲ့သေးတယ်လို့ဆိုပါတယ်။

ဒီဇင်ဘာလ ၁၄ရက်မနက် ၇နာရီကလည်းသမန္တဇာမှ ညောင်ပင်တဲရွာဆီသို့ ဦးတည်စစ်ကြောင်းထိုးလာစဉ် ညောင်ပင်တဲကျေးရွာအဝင်တွင် မိုင်းပွိုင့် ၂ပွိုင့်ဖြစ့်တိုက်ခိုက်ခဲ့ရာ ၎င်းတိုက်ခိုက်မှု့ကြောင့်ဒဏ်ရာရသော စစ်သား ၃ဦးကို စစ်ကြောင်းနှင့်အတူ ထမ်းပိုးသယ်ဆောင်သွားပါတယ်။

မနက် ၁၀နာရီခွဲတွင် ချောင်းဦးထွေအုပ်ရုံးနှင့် ရဲစခန်းအတွင်းသို့ Drone တပ်ဖွဲ့မှ ၆၀မမ ၂လုံးနှင့် ၈၀မမ ၂လုံးသုံး၍ Drone ဖြင့် ပစ်ချတိုက်ခိုက်ခဲ့ပြီးဒီဇင်ဘာလ ၁၅ရက် မနက် 10:30 ခန့်တွင် ဓါးစာခံများနှင့် စစ်ကောင်စီတပ်များ အင်အား ၁၀၀ခန့်ဖြင့် ရှမ်းထူးဘုန်းကြီးကျောင်း သို့ ဆက်လက်စစ်ကြောင်းထိုးလာစဉ် တိုက်မိုင်း ထိ၍ ညနေချိန်ညောင်ပင်တဲရွာသို့ ထက်ဝက်ခွဲပြန်လည် ဆုတ်ခွာသွားခဲ့တယ်လို့ဆိုပါတယ်။

အထက်ပါမိုင်းဆွဲ တိုက်ခိုက်မှု့များကို မုံရွာခရိုင်တပ်ရင်း(၆) တပ်ခွဲ(၁) ၊ ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF ၊ KG 2တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။

Drone Mission များကို ချောင်းဦးမြို့နယ် ပကဖ Drone လက်ရုံးတပ် နှင့်အတူ စစ်ကိုင်းခရိုင် တပ်ရင်း (၄) ၊MS PDF ၊ မြင်ခြံ တပ်ရင်း (၃) ၊ မန္တလေးတပ်ရင်း (၅) ၊ မြင်းခြံ ခရိုင် ဒုန်းအဖွဲ့ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုအားလုံးအတွင်း ရန်သူဘက်မှ အရာရှိ (၁) ဦးအပါအဝင် (၇) ဦးသေဆုံး၊ (၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲသတင်းထုတ်ပြန်ကြေငြာခြင်း

၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁၁ရက်မနက် ၁၀နာရီ၂၀မိနစ်ခန့်တွင် ချောင်းဦးထွေအုပ်ရုံးမှ အင်အား ၇၀ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများသည် ရွှေစေတီအနီးတွင် အမြင့်လမ်းခွဲဘက်သို့ တစ်ကြောင်း ၊ ရွှေစေတီအနောက်ဘက်သို့တစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးလာပါသည်။

ရွှေစေတီဘက်မှထိုးလာသော စစ်ကြောင်းကို ကျွန်ုပ်တို့မှ ရွှေစေတီအနောက်ဘက် မီတာ ၅၀၀ခန့်တွင် မိုင်း ၂ပွိုင့်ဆွဲကာ တိုက်ခိုက်ခဲ့ပါသည်။ ည ၇နာရီခန့်တွင် ၎င်းစစ်ကြောင်း၂ကြောင်း သမန္တဇာဘုန်းကြီးကျောင်းတွင် ပေါင်းဆုံကာ ယာယီအထိုင်ချတပ်ဆွဲခဲ့ကြသည်။

ဒီဇင်ဘာလ ၁၃ ရက်

ညနေ ၅နာရီခွဲတွင် သမန္တဇာရှိ ၎င်းစစ်ကြောင်းကို ၈၁မမ ဗုံးသီး ၂လုံးသုံး၍ Drone ဖြင့်ပစ်ချ တိုက်ခိုက်ခဲ့ပါသည်။

ဒီဇင်ဘာလ ၁၄ ရက်

မနက် ၇နာရီခန့်တွင် သမန္တဇာမှ ညောင်ပင်တဲရွာဆီသို့ ဦးတည်စစ်ကြောင်းထိုးလာစဉ် ညောင်ပင်တဲကျေးရွာအဝင်တွင် ကျွန်ုပ်တို့က မိုင်းပွိုင့် ၂ပွိုင့်ဖြစ့်တိုက်ခိုက်ခဲ့သည်။၎င်းတိုက်ခိုက်မှု့ကြောင့်ဒဏ်ရာရသော စစ်သား ၃ဦးကို စစ်ကြောင်းနှင့်အတူ ထမ်းပိုးသယ်ဆောင်သွားသည်။ မနက် ၁၀နာရီခွဲတွင် ချောင်းဦးထွေအုပ်ရုံးနှင့် ရဲစခန်းအတွင်းသို့ ကျွန်ုပ်တို့ Drone တပ်ဖွဲ့မှ ၆၀မမ ၂လုံးနှင့် ၈၀မမ ၂လုံးသုံး၍ Drone ဖြင့် ပစ်ချတိုက်ခိုက်ခဲ့ပါသည်။

ဒီဇင်ဘာလ ၁၅ ရက်

မနက် 10:30 ခန့်တွင် ဓါးစာခံများနှင့် စစ်ကောင်စီတပ်များ အင်အား ၁၀၀ခန့်ဖြင့် ရှမ်းထူးဘုန်းကြီးကျောင်း သို့ ဆက်လက်စစ်ကြောင်းထိုးလာစဉ် တိုက်မိုင်း ထိ၍ ညနေ 15:00PM ခန့်တွင် ညောင်ပင်တဲရွာသို့ ထက်ဝက်ခွဲပြန်လည် ဆုတ်ခွာသည်။

ဒီဇင်ဘာလ ၁၆ ရက်

၉နာရီ ၃၅မိနစ်ခန့်တွင် စစ်သား ၄၅ ဦးပါကား ၁ စီး ထွေအုပ်မှ ဆုတောင်းပြည့်ဘုရားအနီးရောက်ရှိကာ ခြေလျှင်စစ်ကြောင်းထိုးလာသည်။ ၎င်းစစ်ကြောင်းကို အမြင့်လမ်းခွဲအနောက် မီတာ၅၀၀ခန့်တွင် ကျွန်ုပ်တို့က မိုင်ဆွဲတိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ခိုက်မှုကြောင့်ထိခိုက်သူများကို ထွေအုပ်ရုံးသို့ပြန်ပို့၍ ကျန်အင်အားမှာ ချောင်းဦးမြို့နှင့်ညောင်ပင်တဲကျေးရွာကြား ကင်းပုန်းဝပ်နေကြသည်။

ဒီဇင်ဘာလ ၁၇ ရက်

၆နာရီ ၁၀မိနစ်ခန့်တွင် မုံရွာမှ သံပြားကာ ၁စီး ချောင်းဦးသို့ရောက်ရှိ။ မနက် ၉နာရီခန့်တွင် ထွေအုပ်ရုံးမှ တောင်ဘက်သို့ ခန့်မှန်းအင်အား ၅၀ခန့်ထွက်ခွာ၍ ချောင်းဦးမြို့အစပ်အထိ ကင်းပုန်းဝပ်နေကြသည်။

၁၁နာရီခွဲခန့်တွင် ချောင်းဦးမြို့ပေါ်မှ ထော်လာဂျီ(ပုဇဉ်းခေါင်း) ၃စီးနှင့် ၊ Jammer ကား ၃စီးထွက်လာရာ ရွှေစေတီအနီးတွင် ကျွန်ုပ်တို့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ညနေ ၂နာရီခန့်တွင် ညောင်ပင်တဲမှ ရှမ်းထူးဘက်သို့ နောက်တစ်ကြိမ် ထွက်လာသော စစ်ကောင်စီ စစ်သား ၆ဦး တိုက်မိုင်းမိသည်။ ညနေ ၄နာရီခွဲတွင် သမန္တဇာတောင်ဘက် မီတာ ၄၀၀ခန့်ရှိ စစ်ကောင်စီကင်းပုန်းအား ကျွန်ုပ်တို့က Drone ဖြင့် ၆၀ မမ ၂လုံး ၊ ၈၁ မမ ၂လုံး ပြစ်ချတိုက်ခိုက်ခဲ့သည်။

ဒီဇင်ဘာလ ၁၈ ရက်

ညနေ ၄နာရီတွင် ချောင်းဦးရဲစခန်းအား ၈၁ မမ တစ်လုံး ၆၀ မမ ၁လုံးဖြင့် ကျွန်ုပ်တို့ Drone အဖွဲ့မှ ပစ်ချတိုက်ခိုက်ခဲ့သည်။

ဒီဇင်ဘာလ ၂၀ ရက်

နေ့လည် ၁၂နာရီခွဲခန့်တွင်ချောင်းဦးမြို့ ထဲမှ ထွက်ခွာလာသော(စစ်ကြောင်းပြန်လာရန်ကြိုသည်ဟု ယူဆရ)

သံပြားကာ ကား ၅စီး ထွက်ခွာလာသည်။ အမြင့်လမ်းခွဲ အရောက်တွင် မိမိတို့အဖွဲ့မှ မိုင်း၂ပွိုင့်ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကား၃စီး မိုင်းထိခဲ့သည်။

ထို့နောက်ဆက်လက်ထွက် လာရာ အုဋ္ဌ်ကျောင်းရှေ့အရောက်တွင် မိုင်း ၁ပွိုင့်ဖြင့် ဆက်လက်တိုက်ခိုက်ခဲ့သည်။

ညနေ ၅ နာရီ ၁၅ မိနစ်ခန့်မှ ၅ နာရီ ၄၅ မိနစ်ခန့်အထိ ညောင်ပင်တဲ ရှမ်းထူးရှိ ရန်သူတပ်များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ပြီး ရန်သူဘက်မှထိခိုက်မှုများရှိကြောင်း သိရသည်။

ဒီဇင်ဘာလ ၂၁ ရက်

ညနေ ၂နာရီ ၂၀မိနစ်ခန့်တွင် ညောင်ပင်တဲရွာ ပြည်သူ့အုပ်ချုပ်ရေး (ပအဖ) တာဝန်ခံ ဦးဇော်ဝင်းကို သတ်ဖြတ်​ပြီး ရွာကိုမီးရှို့ကာ စစ်ကြောင်းပြန်လည်ထွက်ခွာသွားသည်။

ည ၁၁နာရီ ၄၅မိနစ်တွင် ထွေအုပ်ရုံးထဲသို့ ကျွန်ုပ်တို့ဘက်မှ ပတိန်လေးလုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အထက်ပါမိုင်းဆွဲ တိုက်ခိုက်မှု့များကို မုံရွာခရိုင်တပ်ရင်း(၆) တပ်ခွဲ(၁) ၊ ချောင်းဦးမြို့နယ် ပကဖ တိုက်ခိုက်ရေးတပ် CHU PDF ၊ KG 2တို့ပူးပေါင်းတိုက်ခိုက်သည်။

Drone Mission များကို ချောင်းဦးမြို့နယ် ပကဖ Drone လက်ရုံးတပ် နှင့်အတူ စစ်ကိုင်းခရိုင် တပ်ရင်း (၄) ၊ MS PDF ၊ မြင်ခြံ တပ်ရင်း (၃) ၊ မန္တလေးတပ်ရင်း (၅) ၊ မြင်းခြံ ခရိုင် ဒုန်းအဖွဲ့ တို့မှ ပူးပေါင်းတိုက်ခိုက်သည်။

တိုက်ခိုက်မှုအားလုံးအတွင်း ရန်သူဘက်မှ အရာရှိ (၁) ဦးအပါအဝင် (၇) ဦးသေဆုံး၊ (၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တိုက်ခိုက်မှု့တွင်း ချောင်းဦးမြို့နယ် ပကဖ Drone လက်ရုံးတပ်မှ DJI Mavic 2pro Drone ၃စီး ဆုံးရှုံးခဲ့ပါသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *