စစ်ကောင်စီနှင့် တွေ့ဆုံ ဆွေးနွေးပွဲပျက်ပြယ်ပြီးနောက် “စစ်ရာဇဝတ်မှုအကျူးလွန်ဆုံး စစ်တပ်” ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ကောင်စီကို သတ်မှတ် အမည်ပေး

စစ်ကောင်စီနှင့် တွေ့ဆုံ ဆွေးနွေးပွဲပျက်ပြယ်ပြီးနောက် “စစ်ရာဇဝတ်မှုအကျူးလွန်ဆုံး စစ်တပ်” ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က မြန်မာစစ်တပ်ကို သတ်မှတ် အမည်ပေး ခေါ်ဝေါ် သုံးစွဲလိုက်ကြကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၂၆ ရက်နေ့ ညပိုင်း ထုတ်ပြန်သော မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် အကြမ်းဖက် စစ်ကောင်စီကို “၂၀၂၃ ခုနှစ်အတွင်း စစ်ရာဇဝတ်မှုအကျူးလွန်ဆုံး အစိုးရစစ်တပ်”အဖြစ် ညီနောင်မဟာမိတ် ၃ ဖွဲ့က သတ်မှတ် အမည်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဖက်ဆစ်စစ်အာဏာရှင်တို၏ အကျင့်ဝသီအတိုင်း မြိုရွာများအတွင်းသို လေကြောင်းမှ နေ့တိုင်းဗုံးကြဲတိုက်ခိုက် မှုများကိုသာမက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ရေးအဆိုပြုထားသော မြောက်ဦးယဉ်ကျေးမှုဒေသ၊ မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်ကို လက်နက်ကြီးများဖြင့် တမင်တကာပစ်ခတ်တိုက်ခိုက်ခြင်းတိုကိုပြုလုပ်ပြီး စစ်ရာဇဝတ်မှုများကို ပုံစံမျိုးစုံဖြင့် နေ့တိုင်းကျူးလွန်လျက်ရှိသောကြောင့် စစ်ကောင်စီသည် “၂၀၂၃ ခုနှစ်အတွင်း စစ်ရာဇဝတ်မှုအကျူးလွန်ဆုံး အစိုးရစစ်တပ်”အဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့ပြီဖြစ်သည်” ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့် မြန်မာနိုင်ငံအတွင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ ၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို တစ်ခုပြီးတစ်ခု ရယူသိမ်းပိုက်နိုင်ရေးအတွက် ကြိုးပမ်းနေသကဲ့သို အကြမ်းဖက်စစ်ကောင်စီ အနေဖြင့်လည်း တစ် နိုင်ငံလုံးအနှံ့မှ ၎င်းတို့၏ စစ်စခန်းတစ်ခုပြီးတစ်ခု မကျဆုံးစေရေးအတွက် လေကြောင်း၊ လက်နက်ကြီးပစ်ကူ၊ လူသားဒိုင်းကာများကို သုံးကာ အသည်းအသန် ကာကွယ်နေရသည်ဟု ညီနောင်မဟာမိတ် ၃ ဖွဲ့က ဆိုသည်။

ထိုသို့ စစ်ကောင်စီကို စစ်ရာဇဝတ်မှုအကျူးလွန်ဆုံး စစ်တပ်ဟု ခေါ်ဝေါ်သုံးစွဲမှုသည် တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်ပေးမှုဖြင့် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် စစ်ကောင် စီနှင့် ညီနောင် ၃ ဖွဲ့အကြား ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲ ပျက်ပြယ်သွားပြီးနောက် ညီနောင် ၃ ဖွဲ့က သတ်မှတ်ခေါ်ဝေါ် သုံးစွဲခြင်းဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *