တိုင်းမှူးနှင့် ဒုတိယတိုင်းမှူးတို့ ထွက်ပြေးကြပြီ

မင်းအောင်လှိုင်တပ်ထဲမှ ဒုတိယတိုင်းမှူး ၂ ယောက်နှင့်၊ တိုင်းမှူး ၁ ယောက် မင်းအောင်လှိုင်တို့စစ်အုပ်စုရဲ့ အမိန့်ကိုမနာခံတော့ဘဲ တပ်ကိုစွန့်ခွါလာကြပြီဖြစ်ကြေင်း သိရပါတယ်။

သူတို့နဲ့အတူ ဒုတပ်ရင်းမှူးတယောက်လည်းပါလာပြီး သူတို့ရဲ့မိသားစုဝင်စုစုပေါင်း ၃၁ ဦးဟာ အန္တရာယ်ကင်းဘေးရှင်းတဲ့နေရာမှာ ရောက်ရှိနေထိုင်နေပြီဖြစ်ကြောင်း သတင်းပေးပို့လာပါတယ်။

ဒါကြောင့်သူတို့နဲ့ပတ်သက်ပြီး မင်းအောင်လှိုင်တို့အုပ်စု တပ်ထဲမှာအကြီးအကျယ်ကို လိုက်လံစုံစမ်း စစ်ဆေးမေးမြန်းမှုတွေလုပ်နေကြောင်း သိရပါတယ်။

လွန်ခဲ့တဲ့နှစ်ပတ်လောက်က ကျွန်တော့်ရဲ့ပို့စ်တွေ (ပူးတွဲ) တင်ပြီးနောက်ပိုင်းမှာ အထက်အရာရှိကြီးများအားလုံးကို ခံဝန်လက်မှတ်တွေအတင်းခေါ်ထိုးခိုင်းပြီး ခရီးသွားလာခွင့်တွေကိုပါ တင်းကြပ်ထားကြောင်း တဆက်တည်းသတင်းပေးပို့လာပါတယ်။

မအလတပ်မှစစ်အရာရှိကြီးများသိစေရန်…

၁။ တိုင်းမှူး၊ တပ်မမှူးနှင့်အထက် စစ်တပ်အရာရှိကြီးတွေအနေနဲ့ လုံခြုံရေးကြောင့်ဖြစ်စေ ဒါမှမဟုတ် အခြားအကြောင်းကြောင်းကြောင့်ဖြစ်စေ NUG နှင့် မဆက်သွယ်လိုသူများ…

ဒါမှမဟုတ် လက်နက်ကိုင်ကိစ္စများနှင့် မပတ်သက်လိုတော့၍ သက်ဆိုင်ရာတိုင်းရင်းသား တော်လှန်ရေးအင်အားစုများနှင့် မဆက်သွယ်လိုသူများ ကျွန်တော့်ကိုဆက်သွယ်နိုင်ပါတယ်။

မိသားစုနှင့်အတူ ထိုင်းမှာအေးအေးဆေးဆေးနေချင်သလား၊ ဒါမှမဟုတ် အမေရိကန်ကိုလာချင်သလား #ကျွန်တော်တတ်နိုင်သလောက်အကူအညီပေးပါမယ်၊ #ကူညီနိုင်ပါတယ်။ သတင်းလုံခြုံမှုအတွက်ရော ဘဝလုံခြုံမှုအတွက်ပါ အာမခံပါတယ်။

၂။ ဒါ့အပြင် ခင်ဗျားတို့ လက်ရှိရရှိထားတဲ့ ရာထူးတွေ အဆင့်‌တွေအတိုင်း ဆက်ရှိနေရအောင် အခွင့်အရေးတွေဆက်ရအောင် အာမခံဖို့ကတော့ အနည်းဆုံးအဆင့် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ ခေါင်းဆောင်တွေ တာဝန်ရှိသူတွေကို ဆက်သွယ်ရပါမယ်။ ဒီအတွက်လည်း ကျွန်တော် ကြားက‌နေ အကူအညီပေးနိုင်ပါတယ်။

၃။ ဒီလိုမှမဟုတ်ဘဲ…

တိုင်းရင်းသား ပြည်သူတွေကတိုက်လို့ မင်းအောင်လှိုင်တို့စစ်အုပ်စု ပြုတ်ကျသွားပြီဆိုမှ၊ ဒါမှမဟုတ် မင်းအောင်လှိုင်ထွက်ပြေးသွားပြီဆိုတော့မှ… ဆိုရင်တော့ ခင်ဗျားတို့ လက်ရှိရရှိထားတဲ့ ရာထူးအဆင့်အတန်းတွေ စည်းစိမ်ဥစ္စာတွေ ပြန်ရဖို့ ဆက်ရှိနေဖို့ဆိုတာ လုံးဝ မစဉ်းစားကြပါနဲ့။ ခင်ဗျားတို့လည်း မင်းအောင်လှိုင်တို့စစ်အုပ်စုနဲ့အတူ အဆစ် ပါသွားမယ်ဆိုတာ ကျွန်တော်အခုကတည်းက တိတိကျကျပြောရဲပါတယ်။

ဒါကြောင့် ခင်ဗျားတို့ကိုယ်တိုင်နှင့် ခင်ဗျားတို့ရဲ့မိသားစုဝင်တွေရဲ့အနာဂါတ်အတွက် အချိန်မှီထွက်လာကြပါ၊ မင်းအောင်လှိုင်တို့စစ်အုပ်စုရဲ့အာဏာစက်ကွင်းကနေ အမြန်ဆုံးရုန်းထွက်ကြပါ၊ တော်လှန်ရေးအင်အားစုတွေနှင့် အမြန်ဆုံးပူးပေါင်းကြပါ၊ ပြည်သူဘက်က အမြန်ဆုံးရပ်တည်ကြပါ။


Comments

Leave a Reply

Your email address will not be published. Required fields are marked *