ဝက်လက်မှာ ဆက်ကြေးကောက်နေတဲ့ ဂိတ်ကင်းစခန်းကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်လို့ ၂ ဦးသေ၊ ၅ ဦးဒဏ်ရာရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရွာသာကြီးလမ်းဆုံမှာ အင်အား ၃၀ ကျော်နဲ့ ဆပ်ကြေးကောက်နေတဲ့ဂိတ်ကင်းစခန်းက စစ်သားတွေကို ဒေသကာကွယ်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာရခဲ့တယ်လို့ ဗိုလ်မိကျောင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ဒီဇင်ဘာ ၃၀ ရက် မနေ့က နေ့လယ် ၁ နာရီခွဲမှာ အင်အား ၃၀ ကျော်ရှိတဲ့ ရွာသာကြီးလမ်းဆုံ ဆက်ကြေးကောက်နေတဲ့ဂိတ်ကို ဒရုန်းနဲ့ ဗုံးသီး ၃ လုံးချခဲ့ပြီး ညနေ ၃ နာရီမှာလည်း ဗုံးသီး ၃ လုံးချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *