ရှမ်းမြောက်နဲ့ မန္တလေးကြား၊ မေမြို့အနီး အရေးပါတဲ့ စခန်းကို သိမ်းနိုင်ခဲ့

ဖမ်းမိတဲ့ စစ်အုပ်စု ဒု-ဗိုလ်မှူးကြီးဟာ စစ်တက္ကသိုလ် ကထိကတစ်ဦး ဖြစ်၊

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ မေမြို့ – မိုးကုတ် လမ်းဘေးက သံဘိုရွာ စစ်အုပ်စု စခန်းကို မနေ့က တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး အဲ့ဒီ စစ်အုပ်စု စခန်းဟာ ရှမ်းမြောက်နဲ့ မန္တလေးတိုင်းကြားက အရေးပါတဲ့ စခန်းနေရာ တစ်ခု ဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF ပြန်ကြားရေး တာဝန်ခံ ရဲဘော်အော်စမွန် က ပြောပါတယ်။

စစ်တက္ကသိုလ်တွေ တည်ရှိရာ မေမြို့နဲ့ (၁၅)မိုင်အကွာက နောင်ချိုမြို့နယ် သံဘိုရွာ စစ်အုပ်စု စခန်းကို MDY-PDF နဲ့ မဟာမိတ် တအာင်း တပ်မတော် – TNLA တို့ ပူးပေါင်းကာ ဇန်နဝါရီ(၂)ရက်မှာ စတင် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ(၃)ရက် မနေ့က မနက် (၇)နာရီခွဲမှာ စခန်းသိမ်း နိုင်ခဲ့တာလို့ ဆိုပါတယ်။

သံဘိုရွာ စခန်းသိမ်း တိုက်ပွဲအတွင်း စစ်အုပ်စု အများအပြား သေသလို လက်နက်ခဲယမ်းတွေ သိမ်းဆည်း ရရှိခဲ့ပြီး စစ်အုပ်စု ဒု-ဗိုလ်မှူးကြီး သက်အောင်ကိုလည်း ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။

အဲ့ဒီ ဒု-ဗိုလ်မှူးကြီး သက်အောင်ကို ဖမ်းမိခဲ့တာဟာ PDF က ပထမဆုံး အကြိမ်အဖြစ် စစ်အုပ်စုရဲ့ ဒု-ဗိူလ်မှူးကြီး အဆင့် အရာရှိတစ်ဦးကို လက်ရ ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့လည်း အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန (MoD) က ထုတ်ပြန်ပါတယ်။

ဖမ်းမိထားတဲ့ ဒု-ဗိုလ်မှူးကြီဟာ တိုက်ခိုက်ရေးဖက်က မဟုတ်ဘဲ လေ့ကျင့်သင်ကြားရေး ဘက်က စစ်တက္ကသိုလ် ကထိက တစ်ဦး ဖြစ်တယ်လို့ MDY-PDF ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။

သံဘိုရွာ စခန်းသိမ်း တိုက်ပွဲအတွင်း စစ်အုပ်စု အများအပြား သေပြး ဖမ်းမိသူတွေရှိသလို လက်နက်ခဲယမ်းတွေလည်း အများအပြား သိမ်းဆည်း ရမိတယ်လို့ MDY-PDF က ဓာတ်ပုံတွေနဲ့တကွ ထုတ်ပြန်ပါတယ်။

အဲ့ဒီ တိုက်ပွဲအတွင်း MDY-PDF တပ်ဖွဲ့ဝင် တော်လှန်ရေး ရဲဘော်တချို့လည်း ထိခိုက် ကျဆုံးမှု၊ ပေးဆပ်မှု ရှိခဲ့တယ်လို့ MDY-PDF က ဆိုပြီး အသေးစိတ် အခြေအနေတွေကိုတော့ မဖော်ပြထားပါဘူး။

တချိန်တည်းမှာပဲ မနေ့က ကျောက်မဲလေးဘက်ကနေ သံဘိုကျေးရွာဘက် ကားသုံးစီးနဲ့ လာတဲ့ စစ်အုပ်စုကို ထပ်မံ ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အများအပြား သေပြီး လက်နက်ခဲယမ်းတွေ ထပ်မံ သိမ်းဆည်း ရမိခဲ့တယ်လို့ MDY-PDF က ဖော်ပြပါတယ်။

“ယခုအခါ ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) အနေဖြင့် ဗျူဟာမြောက် ရန့်သူ့ စစ်စခန်းတစ်ခုကို နှစ်သစ်ကူး လက်ဆောင်အနေဖြင့် ပြည်သူထံ ယူဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်ပြီး မန္တလေးတိုင်း အတွင်း စစ်ဆင်ရေးများ တိုးမြှင့် လုပ်ဆောင်နိုင်ရန် အခြေအနေကောင်းများကို ပိုင်ဆိုင်ခဲ့ပြီဖြစ်သည်” လို့ MDY-PDF စစ်ဦးစီးအဖွဲ့က ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ဟာ NUG၊ MoD ရဲ့ တိုက်ရိုက် ကွပ်ကဲမှုအောက်မှာ တည်ရှိတဲ့ အဖွဲ့အစည်း ဖြစ်ပြီး လက်ရှိမှာ “တောင်သမန် စစ်ဆင်ရေး” ဖော်ဆောင်ကာ စစ်အုပ်စုကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

စစ်အုပ်စု ဒု-ဗိုလ်မှူးကြီး အဆင့်ကို PDF က ပထမဆုံးအကြိမ် လက်ရဖမ်းမိ၊
သံဘိုရွာ စခန်းသိမ်းတိုက်ပွဲ စစ်အုပ်စု အများအပြား သေကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ၊

ရှမ်းပြည်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ မေမြို့ – မိုးကုတ် လမ်းဘေးက သံဘိုရွာ စစ်အုပ်စု စခန်းကို မနေ့က ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF နဲ့ မဟာမိတ် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ ပူးပေါင်းကာ တိုက်ခိုက် သိမ်းပိုက်ခဲ့ရာ စစ်အုပ်စု အများအပြား သေသလို လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရရှိတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာန (MoD) က ထုတ်ပြန်ပါတယ်။

နောင်ချိုနယ် သံဘိုရွာဟာ စစ်တက္ကသိုလ်တွေ တည်ရှိရာ မေမြို့နဲ့ (၁၅)မိုင်သာ ကွာဝေးပြီး စခန်းသိမ်း တိုက်ပွဲအတွင်း စစ်အုပ်စု ဒု-ဗိုလ်မှူးကြီးအဆင့်ကို PDF က ပထမဆုံးအကြိမ် လက်ရ ဖမ်းမိခဲ့တာလို့လည်း MoD က ဆိုပါတယ်။

“သံဘိုကျေးရွာ တိုက်ပွဲအတွင်း ရန်သူ့ စစ်ကြောင်းမှူး ဒု-ဗိုလ်မှူးကြီး သက်အောင်အား အရှင် ဖမ်းဆီး ရမိခဲ့ပြီး ရန်သူ့ဘက်မှ ထိခိုက် သေဆုံးမှု များပြားခဲ့ကာ မိမိတို့ ရဲဘော်တချို့ ပြည်သူ့တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူ သွားခဲ့သည်။ ပြည်သူ့ကာကွယ်ရေး တပ်မတော်အနေဖြင့် ဒု-ဗိုလ်မှူးကြီးအဆင့် အရာရှိ တစ်ဦးကို ပထမဆုံး အကြိမ်အဖြစ် လက်ရ ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း အသိပေး ထုတ်ပြန်အပ်ပါသည်” လို့ MoD က ဖော်ပြပါတယ်။

အဲ့ဒီ သံဘိုရွာ စစ်အုပ်စု စခန်းကို ဇန်နဝါရီ(၂)ရက်မှာ စတင် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ(၃)ရက် မနေ့က မနက် (၇)နာရီခွဲမှာ စခန်းသိမ်း နိုင်ခဲ့တာလို့ ဆိုပါတယ်။

“ဇန်နဝါရီ(၃)ရက် မနက်(၇)နာရီခွဲခန့်တွင် သံဘိုကျေးရွာ စခန်းအား အပြီးသတ် သိမ်းပိုက်ရရှိခဲ့ပြီး ရန်သူ့၏ Drone Jammer စက်အကြီးများ အပါအဝင် လက်နက်ခဲယမ်း များစွာ သိမ်းဆည်းရမိခဲ့သည်” လို့ MDY-PDF က ထုတ်ပြန်ထားပါတယ်။
သံဘိုကျေးရွာ တိုက်ပွဲတွင် MDY-PDF တပ်ဖွဲ့ဝင် တော်လှန်ရေး ရဲဘော်တချို့လည်း ထိခိုက် ကျဆုံးမှု၊ ပေးဆပ်မှု ရှိခဲ့တယ်လို့ ဆိုပြီး အသေးစိတ် အခြေအနေတွေကိုတော့ မဖော်ပြထားပါဘူး။

ဒါ့အပြင် မနေ့က ကျောက်မဲလေးဘက်ကနေ သံဘိုကျေးရွာဘက် ကားသုံးစီးနဲ့ လာတဲ့ စစ်အုပ်စုကို ထပ်မံ ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အများအပြား သေပြီး လက်နက်ခဲယမ်းတွေ ထပ်မံ သိမ်းဆည်း ရမိခဲ့တယ်လို့ MDY-PDF က ဖော်ပြပါတယ်။

“ယခုအခါ ကျွန်ုပ်တို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) အနေဖြင့် ဗျူဟာမြောက် ရန့်သူ့ စစ်စခန်းတစ်ခုကို နှစ်သစ်ကူး လက်ဆောင်အနေဖြင့် ပြည်သူထံ ယူဆောင်ပေးနိုင်ခဲ့ပြီ ဖြစ်ပြီး မန္တလေးတိုင်း အတွင်း စစ်ဆင်ရေးများ တိုးမြှင့် လုပ်ဆောင်နိုင်ရန် အခြေအနေကောင်းများကို ပိုင်ဆိုင်ခဲ့ပြီဖြစ်သည်” လို့ MDY-PDF စစ်ဦးစီးအဖွဲ့က ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ဟာ NUG၊ MoD ရဲ့ တိုက်ရိုက် ကွပ်ကဲမှုအောက်မှာ တည်ရှိတဲ့ အဖွဲ့အစည်း ဖြစ်ပြီး လက်ရှိမှာ “တောင်သမန် စစ်ဆင်ရေး” ဖော်ဆောင်ကာ စစ်အုပ်စုကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

မေမြို့နဲ့ (၁၅)မိုင်အကွာ၊ နောင်ချိုမြို့နယ်၊ မေမြို့ – မိုးကုတ် လမ်းဘေးက သံဘိုရွာ စစ်အုပ်စု စခန်းသိမ်း တိုက်ပွဲက သိမ်းဆည်း ရရှိတဲ့ လက်နက်ခဲယမ်းတွေ/Photo – MDY-PDF၊ NUG


Comments

Leave a Reply

Your email address will not be published. Required fields are marked *