ကော့ကရိတ်တိုက်ပွဲတွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့်ဗုံးကြဲမှု စစ်မြေပြင် အတွေ့အကြုံ (ရုပ်သံ)

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့တိုက်ပွဲကို စစ်မြေပြင်သတင်းထောက်က သွားရောက် သတင်းရိုက်ကူးနေစဉ် ဇန်နဝါရီလ ၆ ရက်နေ့က စစ်ကောင်စီ၏ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုကိုကြုံတွေ့ပြီး မှတ်တမ်းတင်နိုင်ခဲ့သည်။

ကော့ကရိတ်မြို့တွင်းရှိ စစ်ကောင်စီတပ်နှင့် BGF စခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့က ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်သည်။ စစ်ကောင်စီတပ်က လက် နက်ကြီး အများအပြားအသုံးပြုကာ ပြန်လည်ခုခံနေသလို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်မှုများ နေ့စဉ်ဆိုသလို ပြုလုပ်နေသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကျားဖြူစစ်ကြောင်းက စစ်ကောင်စီစခန်းများ နှင့် BGF စခန်းကုန်း အများ အပြားကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး ကော့ကရိတ်မြို့မြောက်ပိုင်းကို ၆၀ ရာခိုင်နှုန်းကျော် သိမ်းယူနိုင်ခဲ့ ကြောင်း သိရသည်။

ရက်ပေါင်း ၅၀ နီးပါးကြာ ဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် ကော့ကရိတ်မြို့နှင့် အနီးဝန်းကျင် ကျေးရွာ များမှ ဒေသခံ ၄၀,၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေကြရသည်။

ရိုက်ကူး/တည်းဖြတ်/တင်ဆက် ဟန်ထူးဇော်


Comments

Leave a Reply

Your email address will not be published. Required fields are marked *