ရေဦးနှင့် ဒီပဲယင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသော စစ်ကောင်စီ တပ်သားများကို ဒရုန်း၊ ရော့ကတ်များဖြင့် တိုက်ခိုက်၊ ပခုက္ကူမြို့ရှိ တပ်မ ၁၀၁ ကို ဒရုန်းဖြင့် တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်အတွင်း လှည့်လည်ကာ ပြည်သူများကို သတ်ဖြတ် နေသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို ဒရုန်း၊ ရော့ကတ်ကြီးများ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယနေ့ ဇန်နဝါရီလ ၂၀ ရက် မွန်းလွဲ ၁ နာရီ ၄၅ မိနစ်ခန့်က ရေဦးမြို့မှ အင်အား ၁၀၀ ဝန်းကျင်ဖြင့် ထွက်လာပြီး ရေဦးမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်အတွင်းရှိ ပြည်သူများကို လိုက်လံသတ်ဖြတ်နေ‌ သော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို မုတ်စီကျေးရွာအရောက်တပ်စွဲနေစဉ် ဒရုန်းဖြင့် ဗုံးသီး ၄ လုံး၊ ရော့ကတ်လက်နက်ကြီး ၄ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“စစ်ကြောင်းက ရေဦးကနေ ဒီပဲယင်းသွားတယ်၊ ဒီပဲယင်းကနေပြီးတော့ ပြန်ထွက်လာတဲ့အချိန်မှာ ဒီပဲယင်းမြို့နယ်ထဲက မဲအိုးရွာတို့ အဲနားမှာ ပတ်ပြီးတော့ လူတွေကို အစိတ်အပိုင်းလိုက် ပိုင်းဖြတ်ပြီး တော့ သတ်ထားတာပေါ့၊ အဲဒီစစ်ကြောင်းက တပတ်ပြန်ဝေ့ပြီးတော့ ရေဦးထဲကို မဝင်ပဲနဲ့ ရေဦးနဲ့ ဒီပဲယင်းကြားမှာရှိတဲ့ မုတ်စီဆိုတဲ့ရွာကို မနေ့ညက ၂ နာရီလောက်က စရောက်ပြီးတော့ အခုချိန် အ ထိ အဲဒီရွာမှာ တပ်စွဲထားတုန်းပဲရှိသေးတယ်။ ခွေးသေထိခိုက်ကတော့ ကပ်မရတဲ့အတွက် သတင်း ကတော့အတိအကျမရဘူး၊ ရော့ကတ် ၄ လုံးပစ်ပြီးတော့ ဒရုန်းနဲ့ ဗုံးသီး ၄ လုံးချခဲ့တယ်။” ဟု ရွှေဘို ခရိုင်တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် အမှတ် ၁၄ တပ်ရင်း ရေဦး PDF မှ SBB14B Rocket များ၊ Fixed Wings Drones များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူကာကွယ်ရေး တပ်ဖွဲ့ဝင် ရဲဘော်များ အထိ အခိုက် မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့က စစ်ကြောင်းကြားထဲမှာရောက်နေတာ ဆိုတော့ သတင်းကတော့ အတိအကျတော့ မ ဖြစ်သေးဘူး၊ ဒါပေမယ့် ကျနော်သိတာကတော့ ဒီပဲယင်းထဲက မဲအိုးရွာက ၅ ဦးရယ်၊ နောက်ပြီးတော့ မဲအိုးရွာက ဖမ်းသွားတဲ့ ပြည်သူတစ်ဦးရယ်ကို ရေဦးမြို့နယ်၊ စိန်ကုန်းရွာမှာ သတ်ထားခဲ့တာ ဟုတ် တယ်။ ဒီကနေ့လည်း ဒီမုတ်စီရွာထဲမှာ ပြည်သူနောက်တစ်ဦးကို ထပ်သတ်တယ်လို့ ထပ်ကြားရ တယ်၊ ဒါပေမယ့် ရှင်းလင်းရေး မဝင်ရသေးတဲ့အတွက် သေသေချာချာ တိတိကျကျ မသိရသေးဘူး။ ဒီလိုမသတ်တာတော့ကြာပြီပေါ့၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာကတော့ မီးရှို့သွားတယ်၊ ဘယ် နှစ်လုံးလဲတော့ အတိအကျတော့ မသိသေးဘူး၊ အဲဒီမီးရှို့တဲ့အထဲမှာ အမျိုးသမီးတစ်ယောက်ကို သတ်ပြီး တော့ ထည့်သွားတယ်လို့လဲ ပြောတယ်။ သတင်းကြားရတာပေါ့၊ အတိအကျ တော့မသိ သေး ဘူးပေါ့၊” ဟု ရွှေဘိုခရိုင်တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

ထို့ပြင် မကွေးတိုင်း၊ ပခုက္ကူမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ် ပကဖ ထံမှ သိရသည်။

ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ပခုက္ကူမြို့ရှိ အကြမ်းဖက် စစ်တပ်၏ အမှတ် ၁၀၁ ခြေမြန်တပ်မဌာနချုပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Middle Revolution Task Force(MRTF)၊ မြိုင် ပကဖ ၊ သူရိန် ၊ Burma Revolution Rangers မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *