ဟိုပုံးတွင် စစ်တပ်၊ လက်အောက်ခံ PNO ပူးပေါင်း အဖွဲ့နှင့် PNLA တို့ တိုက်ပွဲ ဖြစ်ပြီး စစ်တပ်ဘက်မှ အရာရှိ ၃ ဦးသေဆုံး

ဟိုပုံးတွင် စစ်တပ်၊ လက်အောက်ခံ PNO ပူးပေါင်း အဖွဲ့နှင့် PNLA တို့ တိုက်ပွဲ ဖြစ်ပြီး စစ်တပ်ဘက်မှ အရာရှိ ၃ ဦးသေဆုံး၊ စစ်တပ်က လက်နက်ကြီးဖြင့် ပစ် ခတ်ခြင်းကြောင့် ပအိုဝ်းကျေးရွာ မီးလောင်နေ

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဟိုပုံးမြို့နယ်၊ စံဖူးရွာတွင် အကြမ်းဖက် စစ်တပ်၊ PNO ပူးပေါင်းအဖွဲ့နှင့် PNLA တို့ တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်တပ် ဘက်မှ အရာရှိ ၃ ဦး သေဆုံးခဲ့ကြောင်း PNLA သတင်းရင်းမြစ်ကပြောဆိုသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့ ညပိုင်းတွင် အကြမ်းဖက် စစ်တပ်၊ PNO ပူးပေါင်း အဖွဲ့နှင့် PNLA/PNLO တို့ စံဖူးကျေးရွာသို့ ရောက်ရှိလာပြီး စတင်ပစ်ခတ်မှု ဖြစ်ပွားခဲ့ ကြောင်း၊ ဇန်နဝါရီ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် နှစ်ဖက် ညှိနှိုင်းမှုများ လုပ်ဆောင် ခဲ့သော်လည်း အဆင်မပြေဘဲ ပြန်လည် ပစ်ခတ်မှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။

“PNLA နဲ့ စစ်ကောင်စီက ည ၁၂ လောက်ကစပြီး စံဖူးရွာထဲရောက်လာပြီး ပစ်ခတ်မှု စဖြစ်တယ်။ မနက်ရောက်တော့ ညှိနှိုင်းတာ အဆင်မပြေလို့ ပြန်ပစ်ကြတယ်။ အခုထိ ပစ်နေတုန်း။ အကြမ်းဖက် စစ်တပ်၊ သူ့ လက် အောက်ခံ PNO ပြည်သူစစ်နဲ့ ပအိုဝ်းအမျိုးသား လွတ်လပ်ရေးအဖွဲ့ချုပ် PNLA တို့ တိုက်ပွဲဖြစ်တာ စစ်ခွေးတွေဘက်က ၃ ဦးသေတယ်။ အခု စစ်ခွေး တွေက ပအိုဝ်းရွာတွေကို မီးတင်ရှို့နေတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ ထိတွေ့တိုက်ပွဲသည် စံဖူးရွာ၌ အဓိက ဖြစ်ပွားနေပြီး အနီးအနား ကျေးရွာများမှ ပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်ရန် ပြင်ဆင်နေ ကြ ကြောင်း၊ လက်ရှိအချိန်တွင် အကြမ်းဖက် စစ်တပ်က စံဖူးရွာကို လက်နက် ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များ မီးလောင်နေ ကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *