စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်ဖွဲ့စည်းရန် အတင်းအဓမ္မ လူစုဆောင်း သည့် သာယာဝတီမြို့နယ်၊ ချမ်းသာကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး လွင်မောင် ပစ်ခတ်ခံရပြီး သေဆုံး

ပဲခူးတိုင်း၊ သာယာဝတီမြို့နယ်၊ ချမ်းသာကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ၁ ဦး ပြည်သူ့စစ် ဖွဲ့စည်းရန် အတင်း အဓမ္မ လူစုဆောင်းမှုကြောင့် ပစ်ခတ် တိုက် ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ ည ၇ နာရီ ၃ဝ မိနစ်ခန့်အချိန် ပဲခူးတိုင်း၊ သာယာဝတီ မြို့နယ်၊ ချမ်းသာကုန်းကျေးရွာအုပ်စု၊ ပျူစော ထီး စစ်သင်တန်းဆင်း အုပ်ချုပ် ရေးမှူး လွင်မောင်ကို ၄င်းနေထိုင်သည့် သရက်ဖြူကန်ရွာ နေအိမ်၌ တော်လှန် ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပဲခူးတိုင်း နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သာယာ ဝတီ ဂဠုန်တပ်ဖွဲ့နှင့် သာယာဝတီခရိုင်တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၃ ရဲဘော်များက ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

သေဆုံးသွားသော ပျူစောထီး စစ်သင်တန်းဆင်း အုပ်ချုပ်ရေးမှူး လွင်မောင် သည် စစ်ကောင်စီ အလိုကျ ရပ်ရွာနေ ပြည်သူများကို အနိုင်ကျင့် အာဏာပြ ခြိမ်းခြောက်ကာ ပြည်သူ့စစ်အဖြစ် အတင်း အဓမ္မ လူစုဆောင်းနေမှု ကြောင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း၊ နောင်တွင်လည်း ပြည်သူ့စစ် အတင်း အဓမ္မစု ဆောင်းနေသည့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများကို ဆက်လက် တိုက်ခိုက် သွားမည်ဖြစ်ကြောင်း သာယာဝတီဂဠုန်တပ်ဖွဲ့က သတိပေးထား သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *