တိုက်ပွဲများဖြစ်ပွားနေသော ဆီဆိုင်မြို့ကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲ ချမှု ပြည်သူတချို့ ထိခိုက်သေဆုံးမှုရှိ၊ ဆီဆိုင်မြို့ရဲစခန်းကို PNLA က သိမ်း ပိုက်

ရှမ်းပြည်နယ်၊ တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် ယမန်နေ့ တိုက်ပွဲတချို့ ဖြစ်ပွားခဲ့ပြီး ညပိုင်းအချိန် တွင် စစ်ကောင်စီက တိုက်လေယာဉ်ဖြင့် ဗုံးကျဲချမှုကြောင့် ပြည်သူတချို့ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသ ပြည်သူ တချို့က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲပိုင်းမှစတင်၍ ဆီဆိုင်မြို့ပေါ်တွင် အပြန်အလှန် ပစ်ခတ်မှု များဖြစ် ပွား ခဲ့ ကြောင်း၊ ယင်းနောက် စစ်တပ်က ဆီဆိုင်မြို့ရဲစခန်းမှ ရဲတချို့ကို လာရောက် ခေါ်ယူ ကြောင်း ၊ မြို့တွင်းနှင့်မြို့အဝင်ဘက်တွင် ပစ်ခတ်မှုများဖြစ်ပွားကြောင်း၊ ဆီဆိုင်မြို့ အဝင် အထွက်များ ယမန်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်တွင် သွားမရတော့ဘဲ ပစ်ခတ်မှုများကြောင့် ထွက်မရ တော့ကြောင်း၊ ပြည်သူတချို့ ပိတ်မိနေကြောင်း သိရှိရသည်။

ယင်းနောက် ယမန်နေ့ ညပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဆီဆိုင်မြို့ကို စစ်ကောင်စီက ဗုံးကျဲရာ နေအိမ်တချို့ မီးလောင်ပြီး အနည်းဆုံး ပြည်သူ ၂ ဦးခန့် သေဆုံးကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

“မနေ့က ဗုံးလာကျဲတာက နေအိမ် ၃ အိမ်မီးလောင်တယ်။ မြကန်သာက ဦးပိန်တူးသား အီးငွေနဲ့ နောက်တစ်ဦး ဗုံးထိမှန် သေဆုံးတယ်။ ဆိုက်ခေါင်ဘက်မှာ ဆီဆိုင်က ပြေးတဲ့သူတွေ သွားစုနေ ကြတယ်။ မပြေးနိုင်တဲ့သူတွေက နီးစပ်ရာနဲ့ ဘုန်းကြီးကျောင်းတွေမျာ စုနေကြတယ်” ဟု ဒေသ ပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော ဆီဆိုင်မြို့ရှိ ရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့်ရဲများ ဆုတ် ခွာ သွားပြီး PNLA နှင့်မဟာမိတ်တပ်များက စခန်းကို သိမ်းပိုက် ထားကြောင်း သိရှိရသည်။

ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO က တစ်ဖက်၊ PNLA နှင့် မဟာမိတ်များ က တစ်ဖက် နှစ်ဖက် အပြန်အလှန် စစ်ရေးတင်းမာပြီး ပစ် ခတ် မှုများဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း၊ ဇန်နဝါရီလ ၂၀ ရက်နေ့ ဟိုပုံး မြို့နယ်၊ စံဖူး ကျေးရွာတွင် အကြမ်းဖက် စစ်တပ်၊ လက်အောက်ခံ PNO ပူးပေါင်း အဖွဲ့ နှင့် PNLA/ PNLO တို့အကြား စတင် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှ အဆိုပါ စစ် ရေးတင်းမာမှုသည် ဆီဆိုင်မြို့နယ်အထိ ကူးစက် လာခြင်းဖြစ်ကြောင်း သိရှိရ သည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *