ဇရပ်ကြီးတိုက်ပွဲတွင် စစ်ကောင်စီတပ် တပ်ကူပို့မရ၍ လေကြောင်းနှင့် လက်နက်ကြီးပစ်ကူအများအပြားသုံး၍တိုက်ခိုက်

စစ်​ကောင်စီတပ်​လေ​ကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှု​ကြောင့် ​ဒေသခံပြည်သူထိခိုက်​သေဆုံးမှုများရှိ

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ ထောက်ပို့လမ်းကြောင်းများကို KNLA၊ PDF ပူးပေါင်းတပ်များက ဖြတ်တောက်ထားရာ မြေပြင်တပ်ကူပို့မရသောကြောင့် စစ်ကောင်စီတပ်မှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကို အဓိကအသုံးပြုတိုက်ခိုက်နေကြောင်း စစ်ဆင်ရေးတွင်ပါဝင်သည့် ရိုးမစစ်ကြောင်း (၁၊ ၂)အထူးကွန်မန်ဒိုတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဇရပ်ကြီးအခြေစိုက် စစ်ကောင်စီ၏ ခလရ ၇၃ တပ်ရင်းနှင့် ဇရပ်ကြီးရဲစခန်း၊ ချောင်းခြားစခန်း၊ မြို့စိုးစခန်းနှင့် ရှားစေးလိုစခန်းတို့ကို KNLA၊ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမ (၁ )နှင့် (၂) တပ်ရင်း ၊တော်ဝင်ဒေါင်း၊ နွေဦးစစ်သည်တော်များ၊ တောကျီးကန်း၊ အာဠဝက၊ ရန်ကုန်မြောက်ပိုင်းခရိုင်(ပကဖ)နှင့် BPLA စသည့်ပူးပေါင်းတပ်များက ဖေဖော်ဝါရီ ၇ နံနက်ပိုင်းမှစ၍ တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း ဖြစ်သည်။

ထို့ကြောင့် စစ်ကောင်စီက ​ဖေ​ဖော်ဝါရီ ၇ ရက်နေ့လယ် ၁၂ နာရီခန့်တွင် ဖြူးမြို့ဘက်မှနေ၍ ဇရပ်ကြီးသို့ စစ်ကူပေးရန်စေလွှတ်သော တင့်ကားတစ်စီးအပါအဝင် စစ်ကားရှစ်စီးကို တော်လှန် ရေးပူးပေါင်းတပ်များက မြို့စိုးတံတားအားဖောက်ခွဲ၍ ရှေ့မဆက်နိုင်ရန် ဟန့်တားသည့်အပြင် ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း အထူးကွန်မန်ဒိုတပ်ရင်း(ရိုးမ ၁၊ ၂)မှ တာဝန်ရှိသူက ရှင်းပြသည်။

“မနေ့(ဖေဖော်ဝါရီ ၇)က တင့်ကားရယ်၊ စစ်ကား ၈ စီးနဲ့ အင်အားဖြည့်လာတယ်။ အချိန်မီတားဆီးတိုင်တဲ့အပြင် အဲ့ဒီတံတား(မြို့စိုးတံ တား)ကိုလည်း ဖြတ်တောက်နိုင်ခဲ့အတွက် စစ်ကူမရောက်ခဲ့ဘူးဗျ။ အဲ့ဒီ တံတားအထိရောက်တယ်။ တံတားကျိုးမှန်းသိတော့ ပြန်ဆုတ်သွားတယ်”ဟု ၎င်းက ဆက်ပြောသည်။

သို့ဖြစ်ရာ စစ်ကောင်စီက ၎င်းတို့တပ်စခန်းများ မစွန့်လွှတ်ရရေးအတွက် ဇရပ်ကြီးမြို့ပေါ် လူနေရပ်ကွက်များအား ​ဖေ​ဖော်ဝါရီ ၇ ရက်ကတည်းက လေကြောင်းပစ်ခတ်မှု အကြိမ်များစွာပြုလုပ်ခဲ့သည့်အပြင် ခလရ ၇၃ တပ်ဝန်းအတွင်းမှ လက်နက်ကြီးဖြင့် ဆက် တိုက်ပစ်ခတ်နေကြောင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့များနှင့်ဒေသခံပြည်သူများကပြောသည်။

“လေကြောင်းက ဆက်တိုက်ကျဲနေတာ။ မနက်ထဲက အကြိမ် ၃၀ မကတော့ဘူး။ မြို့တော့ ပြကျာသွားပြီ။ အသက်ကြီးပိုင်းနဲ့ ခလေးတွေ့ထိခိုက်မှု များပြားတယ်။ ထိခိုက်သေဆုံးမှု အရမ်းများတယ်။ ပိတ်မိတာတွေကျန်နေသေးတယ်။ ဒီနေ့ တစ်ရက်ထဲ အကြိမ် ၃၀ တောင် မကဘူး။ မနက်ထဲက ညနေထိ ပစ်တယ်၊ ကျဲတယ် ရပ်ကွက်ထဲ”ဟု ဇရပ်ကြီးဒေသခံတစ်ဦးကပြောသည်။

အဆိုပါ စစ်ကောင်စီလေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူထိခိုက်သေဆုံးမှု ၁၀ ဦးထက်မနည်းရှိရာ သေဆုံးသူများတွင် အမျိုးသမီးတစ်ဦးနှင့် ကလေးသုံးဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရသူ ၅၀ ဝန်းကျင်ခန့်ရှိသည့်အပြင် ပိတ်မိနေသူများပါရှိနေရာ တော်လှန် ရေးတပ်ဖွဲ့များနှင့် လူမှုကူညီရေးလုပ်ဆောင်သော အဖွဲ့အစည်းအချို့က ကယ်ထုတ်နေရကြောင်း စုံစမ်းသိရသည်။

“ကြိုတင်ပြင်ဆင်ချိန် မရလိုက်ဘူးလေ။ မနေ့ကည ၂ နာရီကစတာတိုက်ပွဲက ဒီနေ့က အ ပြင်းထန်ဆုံးပဲ။ ဇရပ်ကြီး၊ ရေတာရှည်၊ ကျွဲပွဲတစ်ချိန်ထဲ”ဟု ဇရပ်ကြီးမှ ဒေသခံတစ်ဦးက တိုက်ပွဲအခြေအနေကို ပြောသည်။

အခြေအနေမှာ ရှုပ်ထွေးနေဆဲဖြစ်ပြီး ယနေ့တွင် တိုက်ပွဲများပိုမိုပြင်းထန်လျက်ရှိရာ စစ်ကောင်စီဘက်မှ လူနေရပ်ကွက်များအပါ အဝင် ဘုန်းတော်ကြီးကျောင်းများကိုပါ လေ ကြောင်းမှ ပစ်ခတ်ခြင်း၊ လက်နက်ကြီးများအလွန်အကျွံအသုံးပြုခြင်းများရှိနေပြီး နှစ်ဖက်ထိခိုက်မှုများရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အပြင် ယ​နေ့ တွင် စစ်တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်​သော​ကြောင့် ပုန်း​နေရာမှ ကူညီကယ်ဆယ်သူများအကူအညီဖြင့် ထွက်လာ​သောက​လေးငယ်များလက်နက်ကြီးထိမှန်၍ ​သေဆုံးထိခိုက်ဒဏ်ရာရသူများလည်းရှိ​ကြောင်း ​ဒေသခံတစ်ဦးက​ပြောသည်။

” ပရဟိတ အဖွဲ့တွေ့ကလာခေါ်တယ် ။ ပိတ်မိနေရာက သပြေကွင်းရွာဘတ်တွေနဲ့ချိတ်ဆက်လို့ရတော့ကလေးတွေက သွားတာ ။အဲတာကို စစ် ​ေးအုပ်စုကလက်နက်ကြီးပစ်တာ။စစ်​ေးက ပစ်နေကျပဲ ။ကလေးတွေ့က လွတ်မယ်ထင်ပီး သွားတာ။အဲမှာ က​လေး​တွေ ထိကုန်တာ ။ စစ်​​ေးတွေဘက်ကလက်နက်ကြီးနဲ့ပစ်တာ”ဟု​ဒေသခံတစ်ဦးက ​ပြောသည်။ ထိုဖြစ်စဥ်တွင် တစ်​နေရာတည်း၌ ပင် အနည်းဆုံး က​လေးငယ် ၃ ဦး​သေဆုံး​ကြောင်း အဆိုပါ​ဒေသခံပြ​​သော မှတ်တမ်းဓါတ်ပုံအရ​တွေ့ရသည်။

“အသက်ကြီးပိုင်း နဲ့ခလေးတွေ့ ထိခိုက်မူ များပြားတယ်။ပိတ်မိတာတွေ့ကျန်နေသေးတယ်”ဟု ​အထက်ပါ​ဒေသခံကဆက်​ပြောသည်။

အထူးကွန်မန်ဒိုတပ်ရင်းမှ တာဝန်ရှိသူက “အခုလောလောဆယ်တော့ လေကြောင်းပစ်ကူးပေနေတယ်။ ‌မနေ့ကတော့ လေကြောင်းကနေ စစ်ကူတွေလာချသွားတယ်ဗျ။ ကုန်း လမ်းက တံတားကျိုးနေတော့ သူတို့လာလို့မရတော့ဘူး။ တောင်ငူလေတပ်နဲ့က အရမ်းနီးနေတော့ အချိန်တိုလေးအတွင်း မကြာခဏဆိုသလို လေယာဉ်နဲ့ လာပစ်တယ်ဗျ”ဟု ပြောသည်။

လက်ရှိအခြေအနေတွင် KNLA၊ PDF တော် လှန်ရေးပူးပေါင်းတပ်များက ဇရပ်ကြီးရဲ စ ခန်း၊ ချောင်းခြားစခန်း၊ မြို့စိုးစခန်းနှင့် ရှား စေးလိုစခန်းတို့ကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပြီး ခလရ ၇၃ တပ်ရင်း၏ ဗဟိုကင်းတစ်ခုသာ တိုက်ရန်ကျန်ရှိတော့ကြောင်း ၎င်းက ဆက်ပြောသည်။စစ်​ကောင်စီတပ်စခန်းများ သိမ်းပိုက်ရရှိမှုအခြေအနေအား သီးခြားအတည်မပြုနိုင်သေးပေ။

နှစ်ဖက်စစ်ရေးတင်းမာလျှက်ရှိသော ဇရပ်ကြီးမှ ပြည်သူများကို ​ဘေးလွတ်ရာကယ်ထုတ်ပေးနေသည့် လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦး၏ပြောဆိုမှုအရ ဇရပ်ကြီးမြို့ပေါ်တွင် စစ်ကောင်စီလေကြောင်းနှင့် လက် နက်ကြီးပစ်ခတ်မှုများကြောင့် လူနေအိမ်များပျက်စီးခြင်း၊ လမ်းပိုင်းများပျက်စီးခြင်းနှင့် မီးလောင်ကျွမ်းနေသည့်အဆောက်အအုံများလည်းရှိနေသည်။

သို့သော် စစ်ကောင်စီ ခလရ (၇၃) တပ်မှာ ဇရပ်ကြီးမြို့ပေါ်ဧရိယာတွင်ရှိနေခြင်းကြောင့် ၎င်းတို့၏ အုပ်ချုပ်ရေးရန္တယား ဆက်ရှိ၊ မရှိကိုမူ ပြောဆိုရန်ခက်ခဲကြောင်း တော်လှန်ရေးအင် အားစုများက သုံးသပ်ထားသည်။

(ဇရပ်ကြီးတိုက်ပွဲဝင် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့ ၊ တိုက်ပွဲ​ကြောင့် မြို့တွင်းအပျက်အစီးများနှင့် စစ်​ဘေး​ရှောင် ပြည်သူများ။ဓါတ်ပုံ-CJ )


Comments

Leave a Reply

Your email address will not be published. Required fields are marked *