စစ်ကောင်စီ MI 35 တိုက်ခိုက်ရေး ရဟက်ယာဉ် ချပ်သင်းမှာ ပွိုင့် 5 စက်လက်ကျည်ထိမှန်

ကန့်ဘလူမြို့နယ် ချပ်သင်းရွာဘက်ကို လေကြောင်းနဲ့ လာရောက်တိုက်ခိုက်တဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး ရဟက်ယာဉ် MI 35 ကို တော်လှန်ရေးတပ်ဖွဲ့တွေက ပွိုင့် ၅ စက်လက်နဲ့ ပြန်လည်ပစ်ခတ်ရာ ထိမှန်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်က မဲခေါင်ကို ပြောပါတယ်။

ဒီနေ့နေ့လည် ၂ နာရီကျော်က ပြန်လည်ပစ်ခတ်ရာ ထိမှန်ပြီး မီးခိုးတန်းလန်းဖြစ်နေတယ်လို့ သိရပြီး ပျက်ကျတာ ရှိ မရှိတော့ မသိရသေးပါဘူး။

ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကို စစ်တပ်က ရဟတ်ယာဥ်၊ တိုက်လေယာဉ်များဖြင့် ၂ ရက်ဆက် ပစ်ခတ် တိုက်ခိုက်ပြီး မြေပြင်မှ စစ်ကြောင်း အကြီးအကျယ်ထိုးနေ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်၊ ဂျက်ဖိုက်တာများဖြင့် ၂ ရက်ဆက် ပစ်ခတ် တိုက်ခိုက်ပြီး မြေပြင်မှ စစ်ကြောင်း ထိုးနေသောကြောင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့နှင့် ဒေသတွင်း သတင်ရင်းမြစ်များကပြောဆိုသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်နှင့် ည ၈ နာရီခန့်အချိန်တို့တွင် ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဥ် ၁ စီး၊ ဂျက်ဖိုက်တာ ၂ စီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့ နံနက် ၈ နာရီ ၁၈ မိနစ်နှင့် မွန်းလွဲ ၁ နာရီ ၅၅ မိနစ်ခန့်အချိန်တို့တွင်လည်း ကန့်ဘလူမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က ရဟတ်ယာဥ်၊ ဂျက်ဖိုက်တာတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“စစ်ရေး အခြေအနေကတော့ ဘာမှမသိရသေးပါဘူး။ ကန့်ဘလူ မြောက်ခြမ်းက ရွာတွေကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှု လုပ်နေတာ ဂျက်ဖိုက်တာ ၂ စီးနဲ့ MI-35 နဲ့ ပစ်နေတာပါ။ အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး” ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ကန့်ဘလူမြို့နယ် ​မြောက်ခြမ်း ချပ်သင်းစံပြရွာအနီး​ရှိ ကျေးရွာများကို ၂ ရက်ဆက်တိုက် လေကြောင်းဖြင့် တိုက်ခိုက်နေပြီး မြေပြင်မှလည်း အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသောကြောင့် ပြည်သူ အများအပြား ထွက်ပြေး တိမ်းရှောင်နေရကြောင်း၊ ဒေသကာကွယ်ရေး တပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။

ငှက်စုတ်

8.2.2024 kawlin at 1:40 pm

ကန့်ဘလူ 6006 တပ်ရင်းမှ Mi35 မှာ

စက်နိုးနေပြီဖြစ်ကြောင်းသတင်းရရှိ

edit 🚨🚨

ကန့်ဘလူမြောက်ဘက်သို့စတင်ထွက်ခွာလာ

1:44 pm

edit 🚨🚨

ချပ်သင်းနယ်အားလေကြောင်းတိုက်ခိုက်နေ

2:10 pm

KR-Teams

8-2-2024

ကန့်ဘလူနယ်

2pmလောက် က 6006ကလာတဲ့ mi35 အမြီးပိုင်းမှန်ပြီး ယမ်းချာရမ်းချာ မီးခိုးအူပြီးပြန်ပြေး

ဘုန်းဘုန်း ဖရား နောက်တန်းပွင့်နေပြီ🤭


Comments

Leave a Reply

Your email address will not be published. Required fields are marked *