ကောလင်းမြို့တွင် ခြောက်ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ်ရှိ မင်းတဲကြီးရပ်ကွက်သို့ ထိုးဖောက်ဝင်ရောက်လာသောစစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ထုတ်နိုင်ခဲ့ကြောင်း တော်လှန်ရေးအင်အားစုများကသတင်းထုတ်ပြန်သည်။
“လက်ရှိအချိန်တွင်မင်းတဲကြီးရပ်ကွက်မှစစ်ကြောင်းမှာ တော်လှန်ရေးတပ်များလိုက်လံပစ်ခတ်မှုကြောင့်ကောလင်းတောင်ဘက် ဆိုင်ဒူးရွာသို့ ဆုတ်ခွာထားပြီး ကောလင်းမြောက်ခြမ်းမှတိုးလာသော စစ်ကြောင်းမှာ ကျွန်းလှခုံရွာထိဆုတ်ခွာထားကြောင်းသတင်းရရှိပါတယ်”ဟု ကောလင်းမြို့ တိုက်ပွဲသတင်းများဖော်ပြပေးနေသောKawlin Revolution-KR က ယနေ့ညတွင် ထုတ်ပြန်သည်။
တော်လှန်ရေးတပ်ဖွဲ့များက နိုဝင်ဘာလတွင် သိမ်းပိုက်ထိန်းချုပ်ထားသော ခရိုင်မြို့ ကောလင်းကို စစ်ကောင်စီက ပြန်လည်သိမ်းပိုက်နိုင်ရန် ဇန်နဝါရီ လကတည်းက ပြင်ဆင်ပြီး ဖေဖော်ဝါရီ ၃ ရင်ညတွင် ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်လာခြင်းဖြစ်သည်။
စစ်ကောင်စီတပ်သည် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများဖြင့် ကောလင်းမြို့အတွင်းသို့ ၆ညရက်မြောက်နေ့တွင် မြို့တွင်း ဝင်ရောက်လာနိုင်ပြီး မြို့တွင်းတိုက်ပွဲများကို ယနေ့ညဦးပိုင်းအထိ့အပြင်အထန်ဖြစ်ပွားခဲ့ကြောင်း Kawlin Revolution-KR က အသိပေးထားသည်။
စစ်ကောင်စီတပ်ကလေကြောင်းနှင့် လက်နက်ကြီးပစ်ကူ များစွာပစ်ခတ်ပြီး မြေပြင်စစ်ကြောင်းကမြို့တွင်းဝင်နိုင်ရန် ကြိုးစားခြင်းဖြစ်သည်။
ယနေ့ (ဖေဖော်ဝါရီ ၈ )တိုက်ပွဲသည် မင်းတဲကြီးရပ်ကွက်အတွင်း အပြင်းထန်ဆုံးဖြစ်ပွားခြင်းဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။ ထိုနောက် တော်လှန်ရေး အဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် မင်းတဲကြီးရက်ကွက်မှ မြို့တွင်းဝင်လာသောစစ်ကောင်စီတပ်မှာ ဆိုင်ဒူးရွာဘက်သို့ ဆုတ်ခွာသွားကြောင်းသိရသည်။
ထိုအပြင် ယနေ့ (ဖေဖော်ဝါရီ ၈)တိုက်ပွဲတွင် ကောလင်းနှင့် ကန့်ဘလူမြို့ကြားရှိချက်သင်းဘေးမဲ့တော အတွင်းတိုက်ပွဲမှာလည်းပြင်းထန်ကြောင်း တော်လှန်ရေးတပ်ဖွဲ့များကပြောသည်။ ချက်သင်းဘေးမဲ့တောရှိစစ်ကောင်စီတပ်နှင့်ပျူစောထီယစခန်းကို တော်လှန်ရေးအဖွဲ့များက ဖေဖော်ဝါရီ ၇ ရက်ညမှစတင်တိုက်ခိုက်ရာ စစ်တပ် အထိနာပြီးလေကြောင်းပစ်ကူသုံးခဲ့ရသည်။ ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့် စစ်ကောင်စီ၏ Mi35 ရဟတ်ယာဉ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက
ပွိုင့် ဖိုက်ပစ်ခတ်ရာ ထိမှန်သွားပြီး မီးခိုးတန်းထွက်လျက် ကန်ဘလူမြို့ရှိ တင့်ကားတပ်ရင်း ၆၀၀၆ သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း ဒေသခံများကပြောသည်။
ရဲဘော်တွေပစ်တာ ထိပြီး မိးခိုးထွက်သွားတယ်။ ၆၀၀၆ ဘက် ပြန်ပြီးမောင်းပြေးတယ်။ ဘယ်လောက်အထိပျက်စီးတယ်တော့မသိဘူး” ဟု မြေပြင်မှကာကွယ်ရေးရဲဘော်များနှင့် အဆက်အသွယ်ရှိသည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တဦးကပြောသည်။
ကန့်ဘလူမြို့နယ်စပ်နေရာများမှနေ၍ ကောလင်းမြို့ဖတ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ချပ်သင်းဘေးမဲ့တောအတွင်း ကြားဖြတ်တိုက်ခိုက်စဉ် အဆိုပါရဟတ်ယာဉ်က လာရောက်တိုက်ခိုက်ခြင်းဟုသိရသည်။ သေနတ်ကျည်မှန်သွားသည့် ရဟတ်ယာဉ် နောက်ဆက်တွဲအခြေအနေကို မသိရှိရသေးပေ။
ယနေ့ည ၁၀ နာရီအထိ ချပ်သင်းရွာအနီးတွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုများ၍ လေကြောင်းဆက်တိုက်ပစ်ကူနေပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်မှလည်း အထိအခိုက်အကျအဆုံးအချို့ရှိကြောင်းသိရသည်။ထို့အပြင် Mi-35 ရဟတ်ယာဉ်အား တော်လှန်ရေးအဖွဲ့များမှ M80 ဖြင့် ပစ်ခတ်၍ ထိမှန်ခဲ့ခြင်းကြောင့် ကန့်ဘလူ ၆၀၀၆ သို့ အရေးပေါ်ဆင်းသက်သွားပြီး ယနေ့ညအထိ မုံရွာမြို့ရှိ နမခသို့ ပြန်လည်ဆင်းသက်နိုင်ခြင်းမရှိသေးကြောင်းကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ကထုတ်ပြန်ထားသည်။စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ချပ်သင်းရွာအနီးရှိ ချပ်သင်း၊ပုဏ္ဏားငယ်၊ပုဏ္ဏားကြီး၊ကံကြီး၊ဦးကင်းကြည်၊တင်မော်၊ပေါက်ဆိန်ကုန်း စသည့်ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာရှောင်တိမ်းနေကြရကာ တချို့ကျေးရွာများမှာ အမြဲစစ်ဘေးရှောင်ကျေးရွားများဖြစ်ပြီး လေကြောင်းအန္တရာယ်ကြောင့် ထပ်မံရှောင်တိမ်းနေရကြောင်း သိရသည်။
ကောလင်းမြို့အနီးဝန်းကျင်ရှိကျေးရွာများမှပြည်သူများလည်းထွက်ပြေးတိမ်းရှောင်နေရပြီ စစ်တပ်က ရွာမှ နေအိမ်များကို မကြာခဏ မီးရှို့ဖျက်ဆီးနေသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသည့် ကောလင်းမြို့ကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၃ ရက် ညမှစ၍ ကန့်ဘလူမြို့နယ်၊ကိုးတောင်ဘို့ကျေးရွာဘက်ခြမ်း၊ ကြခတ်ကုန်းနှင့် ဖလဲရွာတို့ဘက်မှ မြို့ကို ပိတ်ဆို့ရန် အင်အား ရာပေါင်းများစွာဖြင့် စစ်ကြောင်းများခွဲ၍ ထိုးကာဝင်ရောက်လာခြင်းဖြစ်သည်။ ယနေ့(ဖေဖော်ဝါရီ ၈ရက်)မှာတိုက်ပွဲ ခြောက်ရက်မြောက်ဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်များက မြို့ကိုထိန်းချုပ်ထားဆဲသည်။
၆ ရက်တာ တိုက်ပွဲတွင် နှစ်ဖက် ထိခိုက်သေဆုံးမှုများရှိပြီး အရေအတွက်အတည်မပြုနိုင်သေးပါ။ စစ်ကောင်စီတပ်မှာ တိုက်ပွဲစသည့်နေကတည်းက သေဆုံးထိခိုက်မှုများကြောင်းတော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကပြောသည်။
ကောလင်းမြို့ကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၌ ထောင်ထဲမှ ခေါ်လာသည့် စစ်သားဟောင်းများနှင့် ပျူစောထီးအများအပြားပါဝင်လာပြီး စစ်ကောင်စီတပ်မှတိုက်ပွဲအတွင်း သေဆုံးဒဏ်ရာရသူများပြားကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ သိသည်။
ခရိုင်မြို့ ဖြစ်သော ကောလင်းကို ၂၀၂၃ နိုဝင်ဘာလ ၅ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက လေးရက်ကြာ တိုက်ခိုက်ပြီးသိမ်းပိုက်ခဲ့သည်။ ထို့နောက်ဝါသဝ၏ လက်အောက်ခံ ပျူစောထီးအများအပြား ပါဝင်သည့် စစ်ကြောင်းသည် နိုဝင်ဘာလ ၁၀ရက်၌ စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့သေးသည်။ ထိုစစ်ကြောင်းကို PDF များကပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ရာ ဝါသဝ၏ ပျူစောထီးစစ်ကြောင်းမှ ၈၀ဦးထက်မနည်းသေဆုံးခဲ့ပြီးလက်နက်မျိုးစုံ (၅၉) လက်နှင့်ခဲယမ်းမီးကျောက်အမြောက်အများ သိမ်းဆည်းရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန အမှတ်(၁) စစ်ဒေသက ထုတ်ပြန်ခဲ့သည်။
ကောလင်းမြို့သည် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပထမဆုံး သိမ်းပိုက်နိုင်ခဲ့သည့်မြို့ဖြစ်ပြီး ကန့်ဘလူ၊ ပင်လည်ဘူး၊ ဝန်းသို၊ ကျွန်းလှမြို့တို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။
နိုင်ငံတစ်ဝန်းတော်လှန်ရေးတပ်ဖွဲ့များက ရှမ်း၊ကရင်နီ၊ ချင်း၊ကချင် ၊ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းတို့တွင် သိမ်းပိုက်ထိန်းချုပ်ထားသော မြို့ပေါင်း ၃၆ မြို့ရှိနေပြီဖြစ်သည်။ စစ်ကောင်စီတပ်သည်ကျန်ဒေသများမှဆုံးရှုံးထားသောမြို့များကို ထိုးစစ်မဆင်ဘဲ စစ်ကိုင်းတိုင်းရှိမြို့သုံးမြို့ကိုသာပြန်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ခမ်းပါတ် ၊ရွှေပြာ်ျပးမြို့များပြန်သိမ်းရန် ကြိုးစားသောစစ်ကောင်စီစစ်ကြောင်းများမှာတော်လှန်ရေးအဖွဲ့များကတိုက်ခိုက်၍ စစ်ကြောင်းပျက်ကာ ပြန်ဆုတ်ပြေးခဲ့ကြသည်။
ကောလင်းနောက်ဆုံးရသတင်း
8.2.2024 kawlin at 8:00 pm နောက်ဆုံးအခြေအနေ
ကောလင်းမြို့သို့ မြေပြင်သာလွန်အင်အား နှင့်အတူ
လေကြောင်းတိုက်ခိုက်ခြင်းဟောင်ဝှစ်ဇာပစ်ကူခြင်း
နည်းပေါင်းစုံနှင့်စကစမှထိုးစစ်ဆင်ကာတိုးလာပြီး
3.2.2024 ရက်နေ့မှစပြီး ထိတွေ့မှူတွေဆက်တိုက်ဖြစ်ကာ
8.2.2024 ရက်နေ့တွင် စကစတပ်များ ကောလင်းမြို့
အတွင်းသို့ ဝင်ရောက်လာနိုင်ပြီးဖြစ်ပြီး ယခုအချိန်ထိ
တော်လှန်ရေးတပ်များမှ ခုခံတော်လှန်နေဆဲဖစ်ကာ
ညတိုက်ပွဲပါဆင်နွဲနေကြောင်းသတင်းရရှိထားပါတယ်။
သူတစ်ပြန်ကိုယ်တစ်ပြန် အပြန်အလှန်ပစ်ခတ်သံများ
မြို့အတွင်းပိုင်းမှကြားနေရပြီး 7:00အချိန်ထိငြိမ်သက်
နေခြင်းမရှိသေးပါ။
ကောလင်းမြို့အား စစ်ကောင်စီမှ ရယူရန်ကြိုးစားနေဆဲ
ဖြစ်ပြီး ယခုအချိန်ထိ အပြည့်အဝထိန်းချုပ်နိုင်ခြင်းမရှိ
သေးပါ။
လက်ရှိအချိန်တွင်မင်းတဲကြီးရပ်ကွက်မှစစ်ကြောင်းမှာ တော်လှန်ရေးတပ်များလိုက်လံပစ်ခတ်မှုကြောင့်
ကောလင်းတောင်ဘက် ဆိုင်ဒူးရွာသို့ ဆုတ်ခွာထားပြီး
ကောလင်းမြောက်ခြမ်းမှတိုးလာသော စစ်ကြောင်းမှာ
ကျွန်းလှခုံရွာထိဆုတ်ခွာထားကြောင်းသတင်းရရှိပါတယ်။
ငါတို့မြို့ငါတို့ပိုင်တယ်
Source From ရှေ့တန်းသတင်းရင်းမြစ်
Leave a Reply