ငိုနဲ့ ညလေး ကွီးစိတ်ထဲ မကောင်းလွန်းလို့

မတင်ချင်ပေမယ့်ဗျာတင်တော့မယ်😭😭😭😭

နောက်တောင်ကျနေပြီ ကျနော်သိရက်နဲ့မတင်ရင်ကျနော့်လိပ်ပြာမလုံလို့ပါ ဖုံးမထားချင်ဘူးအမှန်တရားသာဖြစ်ရမယ်

😭😭😭😭

ကျောက်တော်မှထွက်လာသောစစ်ရေယာဉ်နစ်မြုပ်မှု၊

ရဲမေမှီခို ကမ်းထိုးယာဉ်တွင် ၆၀၀ ကျော် ပါသည်ဟုသိရ၊

ရေကူးလာသူများအားရခိုင်ရွာများမှကမ်းကပ်လာချိန်ဓါးနဲ့ခုတ်သတ်ကြောင်း သတင်းသိရရှိပါသည်၊

သတင်း အတည်ပြုပြီး ကယ်ဆယ်နိုင်ပါစေ

အဆင်တွေမပြေခဲ့ပါဘူးဗျာ 😭😭😭😭

မြို့ခြောက်မြို့ သိမ်းပိုက်ထားပြီး ရေတပ်ဇက်ရေယာဉ်တွေပါ ဖျက်ဆီးခဲ့ကြောင်း AA ပြော

ရခိုင်ပြည်နယ်ထဲက မြို့ငါးမြို့နဲ့ စစ်ကောင်စီတပ်ရင်း (၁၁) ရင်းကို ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ခဲ့ပြီး ရေတပ်ရဲ့ ကမ်းထိုးဇက်ရေယာဉ်သုံးစင်းကိုပါ နစ်မြုပ်အောင်ဖျက်ဆီးနိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဖေဖော်ဝါရီ ၈ ရက် မနေ့ကထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်ထဲက ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်နဲ့ တောင်ပြိုလက်ဝဲအပြင် ချင်းပြည်နယ်က ပလက်ဝမြို့ကိုပါ (AA) သိမ်းပိုက်ခဲ့တာပါ။

ရက္ခိုင့်တပ်တော် (AA) သိမ်းပိုက်ထားတာ ချင်းပြည်နယ်၊ ပလက်ဝမြို့နဲ့ ရခိုင်ပြည်မှာ မြို့ငါးမြို့ စုစုပေါင်း ခြောက်မြို့ရှိသွားပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရခိုင်ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“အခုကတော့ မြို့သိမ်းတိုက်ပွဲ တော်တော်များများကတော့ ပြီးသွားပြီဖြစ်ပါတယ်။ အခုက ကုလားတန်မြစ်ဝကနေပြီးတော့ ကုလားတန်မြစ်ဖျား ပလက်ဝမြို့အထိ AA က သိမ်းပိုက်နိုင်ခဲ့ပြီပေါ့။ ပထမဆုံးသိမ်းတာက ပလက်ဝပေါ့။ ပြီးရင် ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တောပေါ့။ နောက်ပြီး မြို့ဆိုရင် တောင်ပြိုမြို့ပေါ့။ ခြောက်မြို့လောက် သိမ်းပြီးပြီပေ့ါ။

မြောက်ဦးမြို့က အမှတ် (၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ – ၉) လက်အောက်ခံ ခမရ (၃၇၇)၊ (၃၇၈)၊ (၅၄၀) စတဲ့ တပ်ရင်းသုံးခုအပြင် မင်းပြားနဲ့ ကျောက်တော်က စကခ (၉) လက်အောက်ခံ ခြေမြန်တပ်ရင်းအားလုံးနဲ့ အမှတ် (၃၇၇) အမြောက်တပ်ရင်းကိုပါ (AA) သိမ်းပိုက်ထားပါတယ်။

ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးကိုတော့ ဖေဖော်ဝါရီ ၈ ရက်မနေ့က အပြီးသတ်သိမ်းပိုက်ခဲ့ပြီး ဒေသခံတွေကိုတော့ မြို့ထဲ ဝင်ခွင့်မပေးသေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောက်ဦးဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“မြောက်ဦးမြို့မှာတော့ တိုက်ပွဲတွေပြီးသွားပါပြီ။ လောလောဆယ်တော့ ဒေသခံတွေကိုတော့ မဝင်ခိုင်းသေဘူး။ အမှတ် (၃၁) ရဲတပ်ရင်းကိုလည်း (AA) သိမ်းလိုက်ပြီ။ သူတို့က လက်နက်ချတာလို့ကြားတယ်။ စစ်ကောင်စီတပ်ရင်းတွေကိုတော့ ဝင်တိုက်တာ တပ်ရင်းမှူးကျသွားမှ လက်နက်ချတာလို့ ကြားတယ်”

ဖေဖော်ဝါရီ ၇ ရက်နဲ့ ၈ ရက်နေ့မှာ စစ်ကောင်စီ ရေတပ်ရဲ့ ကမ်းထိုးဇက်ရေယာဉ်သုံးစင်းကို နစ်မြုပ်အောင် ဖျက်ဆီးနိုင်ခဲ့သလို နောက်ထပ် စစ်သင်္ဘောတစ်စင်းကိုပျက်စီးအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ မနေ့ကထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီရေတပ်ရဲ့ စစ်သင်္ဘော ခုနစ်စင်းခန့်ကိုလည်း မြစ်အတွင်း သွားလာလို့မရအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတွေတော့ ကျောက်တော် တပ်ရင်းတွေက စစ်ကောင်စီတပ်သားတွေဟာ စစ်တွေဘက်ကို ကမ်းထိုးဇက်ရေယာဉ်နဲ့ဆုတ်ခွာပြေးချိန် ကုလားတန်မြစ်ကြောင်းထဲမှာ (AA) က ကြားဖြတ်တိုက်ခိုက်တာကြောင့် နစ်မြုပ်သွားတာလို့ RFA ကိုပြောပါတယ်။

ရခိုင်စစ်ရေးအခြေအနေ လေ့လာစောင့်ကြည့်နေသူ အမေရိကန်တက္ကသိုလ်မှာ နိုင်ငံတကာရေးရာ ဘာသာရပ်နဲ့ မဟာတန်းတက်နေတဲ့ ကိုအောင်ဆန်းဝင်းက ရေကြောင်းနဲ့ လေကြောင်းကိုပဲ အဓိက အားကိုးနေရတဲ့စစ်ကောင်စီအတွက် အတော်ခက်ခဲစေမယ့်အခြေအနေပဲလို့ RFA ကိုပြောပါတယ်။

“လက်နက်ကြီး ပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးတော့ AA မှာ ဘယ်လောက်အထိ ပိုင်ဆိုင်ထားတယ်ဆိုတာမျိုး အတိအကျပြောရဖို့ ခက်တယ်ဆိုပေမယ့် (Navy) တွေကို ဖြိုချနိုင်တဲ့ အနေအထားရှိတယ်ဆိုတော့ စစ်ကောင်စီအနေနဲ့ ကြီးကြီးမားမား အကျပ်ရိုက်သွားတဲ့အနေအထားလို့ ကျွန်တော် မြင်တယ်ပေါ့လေ။ ဘာလို့လဲဆိုတော့ သူတို့မှာ အားကိုးစရာ ဒါပဲရှိတယ်။ လူ့အရင်းအမြစ်အားဖြင့်ရော မြေပြင်တိုက်ခိုက်မှုတွေရော ဘယ်လိုမှ အဆင်မပြေတဲ့အနေအထားမှာ သူတို့ အဓိက အားကိုးတာက ရေကြောင်းနဲ့လေကြောင်းပဲ။ အခုရေကြောင်းကို ဗျူဟာကျကျ တိုက်ခိုက်ဖျက်ဆီးခြင်း ခံရတဲ့အခါမှာ သူတို့အတွက် ဘေးကျပ်နံကျပ် အနေအထားဖြစ်စေတယ်လို့ ကျွန်တော်မြင်တယ်”

(AA) အနေနဲ့ စစ်ရေးအသာရနေတဲ့ အခုလိုအချိန်မှာ ကျန်နေတဲ့ ဘူးသီးတောင်၊ မောင်တော၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ အနောက်ပိုင်း တိုင်းစစ်ဌာနချုပ်ရှိတဲ့ အမ်းအပြင် ရခိုင်ပြည်နယ်တောင်ပိုင်းက တောင်ကုတ်နဲ့ ကျောက်ဖြူအထိ ထိုးစစ်ဆင်လာနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီကဟာ တစ်နိုင်ငံလုံး စစ်ရေးအရ ဘေးကျပ်နံကျပ်ဖြစ်နေချိန်မှာ ရခိုင်ပြည်နယ်တောင်ပိုင်းကိုပါ လက်လွှတ်ရမယ့်အခြေအနေ မြင်တွေ့ရတယ်လို့လည်း ကိုအောင်ဆန်းဝင်းက သုံးသပ်ပါတယ်။

တပ်ရင်းတွေသိမ်းပိုက်ခံရတာနဲ့ ဇက်ရေယာဉ်သုံးစင်း ဖျက်ဆီးခံရတဲ့အပေါ် စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို ဒီအပေါ်တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမယ့် စက်ပိတ်ထားပါတယ်။

ရခိုင်တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေနဲ့ လက်နက်ချတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ အခြေအနေကို တိတိကျကျသိရဖို့ (AA) ထံ RFA က မေးမြန်းထားဆဲဖြစ်ပြီး ပြန်လည်မဖြေဆိုသေးပါဘူး။

ရခိုင်ပြည်နယ်မှာရှိတဲ့ ကျောက်တော်အခြေစိုက် စကခ (၉)၊ တောင်ကုတ်အခြေစိုက် စကခ (၅) နဲ့ ဘူးသီးတောင်အခြေစိုက် စကခ (၁၅) တို့အနက် ခြေမြန်တပ်ရင်း ဆယ်ရင်းနဲ့ ဖွဲ့ထားတဲ့ စကခ (၉) ကိုတော့ စစ်ကောင်စီဘက်က လက်လွှတ်လိုက်ရပြီဖြစ်ပါတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *