မြောက်ခင်ရန်းဖြစ်စဉ်မှာ သတင်းပေးတယ်လို့ သံသယရှိတဲ့ အမျိုးသမီးကို ဖမ်းဆီးထားဟု ကလေး ပကဖ ဆို

မကွေးတိုင်း ဂန့်ဂေါနယ်၊ မြောက်ခင်ရန်းရွာမှာ စစ်အုပ်စုနဲ့ပျူတွေက တိုက်ပွဲအတွင်း ဖမ်းမိတဲ့ တော်လှန်ရေး ရဲဘော် နှစ်ဦးကို မီးမြှိုက် သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သတင်ပေးတယ်လို့ သံသယရှိတဲ့ ကလေးမြို့နယ် ကံပုလဲရွာက မယ်သီ ခေါ် ဒေါ်သီသီအေး ဆိုသူကို ဖမ်းထားတယ်လို့ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ – ပကဖ တာဝန်ခံ တစ်ဦးက အတည်ပြု ပါတယ်။

ဖေဖော်ဝါရီ(၉)ရက် မနေ့ညက ကလေးမြို့နယ် တောင်ပိုင်း၊ ကံပုံလဲရွာ ငါးကန်အနီးမှာ နေထိုင်တဲ့ မယ်သီဆိုသူ အမျိုးသမီးကို ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဒေါ်မယ်သီဟာ ဂန့်ဂေါနယ် မြောက်ခင်ရန်းရွာ ဖြစ်စဉ်မှာ သတင်းပေးတယ်ဆိုတဲ့ သံသယရှိသူတစ်ဦး ဖြစ်သလို သူမရဲ့ အမျိုးသားဟာလည်း မြောက်ခင်ရန်းရွာမှာ ရှိနေတဲ့ စစ်အုပ်စု လက်အောက်ခံ စစ်သားတစ်ဦး ဖြစ်တာကြောင့် အရေးယူနိုင်ဖို့ ဖမ်းဆီးလိုက်တာလို့ ကလေးမြို့နယ် ပကဖ တာ၀န်ခံ တဦးက ပြောပါတယ်။

“သူက ဖွတ်အကြီးစား၊ သူ့ယောင်္ကျားက စခ။ မြောက်ခင်ရန်း ဖြစ်စဉ်မှာ သတင်းပေးတယ်လို့ သံသယရှိလို့ ဖမ်းလိုက်တာ။ သူက သတင်းပေး ဟုတ်၊ မဟုတ် စီစစ်မယ်။ ဒါအတည်ပြုနိုင်ဖို့ အစည်းအဝေး ထိုင်မယ်။ အရေးယူဖို့ လုပ်နေတယ်” လို့ ကလေးမြို့နယ် ပကဖ တာ၀န်ခံက ဆိုပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ(၇)ရက်က ဂန့်ဂေါနယ် မြောက်ခင်ရန်းရွာ ပျူစခန်းကို တော်လှန်ရေးတပ်တွေက သွားရောက် တိုက်ခိုက်ချိန် သတင်းပေါက်ကြားကာ ကြားဖြတ် တိုက်ခိုက်ခံရပြီးနောက် တော်လှန်ရေး ရဲဘော် ငါးဦး ကျဆုံး တယ်လို့ ယောကာကွယ်ရေးတပ် – YDF က ထုတ်ပြန်ထားပါတယ်။ အဲ့ဒီ တိုက်ပွဲဖြစ်စဉ်အတွင်း ကျဆုံးရဲဘော် ငါးဦးအနက် အသက်(၂၀)ဝန်းကျင် YDF ရဲဘော်နှစ်ဦးဖြစ်တဲ့ ရဲဘော် ဖိုးတေနဲ့ ရဲဘော် သားထောင်တို့ဟာ စစ်အုပ်စုနဲ့ ပျူတွေရဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် ညှဉ်းပန်းနှိပ်စက်၊ မီးမြှိုက် သတ်ဖြတ်ခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

မကွေးတိုင်းမြောက်ခြမ်း၊ ဂန့်ဂေါနယ် မြောက်ခင်ရန်းရွာဟာ စစ်ကိုင်းတိုင်း ကလေးမြို့နယ်နဲ့ ထိစပ်နေပြီး မြစ်သာမြစ်ဘေးမှာ တည်ရှိတဲ့‌ ကျေးရွာ ဖြစ်ပါတယ်။ မြောက်ခင်ရန်းရွာဟာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွဲ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေး) အမတ်ဟောင်း ဘူးလက် လှဆွေရဲ့ ဇာတိရွာလည်း ဖြစ်ပြီး စစ်အာဏာသိမ်း ပြီးနောက် ဘူးလက်လှဆွေနဲ့ စစ်အုပ်စုက မြောက်ခင်ရန်းရွာခံတွေကို ပြည်သူ့စစ် အမည်ခံ ပျူအဖြစ် လက်သပ် မွေးကာ၊ လက်နက်ပေးပြီးနောက် ဒေသတွင်း လူသတ်၊ လုယက်၊ မီးရှို့ရာမှာ စစ်အုပ်စုနဲ့အတူ ပူးပေါင်းပါဝင် ကျူးလွန်စေပြီး ခိုးရာပါ ပစ္စည်းတွေ ခွဲဝေ ထောက်ပံ့ ပေးနေတာလို့ ဒေသခံတွေက ဆိုပါတယ်။

အဲ့ဒီ မြောက်ခင်ရန်းရွာ ဖြစ်စဉ်နောက်ပိုင်း အထက်ပါ ဖမ်းဆီးခံရသူ မယ်သီ ဆိုသူက သတင်းပေးကြောင်း လူမှုကွန်ယက်မှာ သတင်းတွေ ထွက်လာပြီးနောက် ကလေးမြို့နယ် ပကဖ က အခုလို ဖမ်းဆီးတာ ဖြစ်ပါတယ်။

မယ်သီ ဆိုသူကတော့ သူမဟာ အာဏာသိမ်း စစ်အုပ်စုကို ထောက်ခံပေမယ့် မြောက်ခင်ရန်းရွာ ဖြစ်စဉ်မှာ ပါဝင်ပတ်သက်မှု မရှိဘူးလို့ ယမန်နေ့ ဖေဖေါ်ဝါရီ(၇)ရက်မှာ တုန့်ပြန် ဖြေရှင်းထားပါတယ်။ မယ်သီဆိုတဲ့ ဖေ့စ်ဘွတ်စ်အကောင့်ကနေ တော်လှန်ရေး အင်အားစုတွေကို ခြိမ်းခြောက်တာ၊ ဆဲဆိုတာတွေကိုတော့ ဆက်တိုက်ဆိုသလို ရေးသား ပြောဆို ခဲ့ပါတယ်။

“မနေ့က တက်လာတဲ့ မြောက်ခရမ်းက သတင်းတပုဒ်ကို အခြေခံပြီး မြောက်ခရမ်းမှာ တော်လှန်ရေး ရဲဘော် နှစ်ယောက်ကို ကျမက မီးရှို့သတ်ဖို့ စီစဥ်ပါတယ်ဆိုပြီး မမှန်မကန် လုပ်ကြံ လီဆယ်ထားတဲ့ သတင်းတပုဒ် တက်လာတာကြောင့် ကျမမိတ်ဆွေဟောင်းတွေ ၊ မိတ်ဆွေသစ်တွေက cb ကနေတမျိုး၊ ဖုန်းဆက်လို့တသွယ်၊ မသိလို့မေးမြန်း၊ စိုးရိမ်ပူပန်ပေးကြသူ အားလုံးကို ဒီနေရာကနေပြီး ပြန်လည်ဖြေရှင်းပေးပါ့မယ်။ ဘယ်သူက ဘာအကြောင်း နဲ့ စပြီး ဖွလိုက်သလဲတော့ ကျမ မသိပါ။ ရည်ရွယ်ချက်နဲ့ဘဲ ဖွသလား၊ စနောက်ပြီး တင်တဲ့ပိုစ့်က၊ မထင်မှတ်ပဲ ပွသွားခဲ့သလားတော့ အဲ့ပိုစ့်ကို စပြီးတင်သူမှသာ သိပါလိမ့်မယ်။ ခုချိန်ထိ မြောက်ခရမ်းကဆိုတဲ့ ကိစ္စကို သိလည်း မသိပါ၊ ကြည့်လည်း မကြည့်ရသေးပါ။ ချက်နည်း ပြုတ်နည်းတွေ ကြည့်လိုက်၊ ချက်စားကြည့်၊ ဇာတ်ကားတွေ ဒေါင်းလုဒ်ဆွဲကြည့်၊ ဘေကုန်ရင် တရက်တန်သည် နှစ်ရက်တန်သည် လိုင်းနားနဲ့ ကိုယ့်ဖာသာ အေးအေး ဆေးဆေးပဲ နေပါတယ်။ ကျမအနေနဲ့ကတော့ နိုင်ငံရေးရှူပ်ထွေးနေတဲ့ အချိန်အတွင်းမှာ အနီ နဲ့ အစိမ်း တယောက်နဲ့တယောက် အမြင်မကြည်တာကလွဲရင် ဘယ်သူတဦးတယောက်မှ ကျမ ပယောဂကြောင့် ဒုက္ခရောက် မျက်ရည်ကျရတာ မရှိခဲ့တာ ကျမရွာသူ ရွာသား အားလုံးအသိပါ ။ ဒီ့အတွက်ကြောင့် ခုချိန် သူတို့လက်ချက်နဲ့ ကျမ သေသွားခဲ့မယ်ဆိုရင်တောင် ကျမလိပ်ပြာ ကျမလုံပါတယ်။ ဘယ်သူ့ကိုမှ မကောင်းတာ မကြံစည်ခဲ့လို့ အပ္ပာယ်တံခါးပိတ်ပါတယ် ။ လူတွေအရမ်းကြောက်ကြတဲ့ သေခြင်းတရားကို ဂေါတမဘုရားအစ ယေရှူဘုရားအဆုံး ဘယ်သူမှ မလွန်ဆန်နိုင်ကြပါဘူးရှင် ။ သူတို့ လက်ချက်နဲ့ ကျမသေဖို့ကံပါရင် မုချမလွဲ သေရမှာပါ ။ လူရယ်လို့ ဖြစ်လာရင် သေဖို့အချိန်ကို ထမင်းစားပြီး စောင့်နေကြရတာ ဆိုတဲ့ ကျမအမေရဲ့အကို ကျမ ဖဖ ပြောတဲ့စကားကို ငယ်စဥ်ထဲက နှလုံးသွင်းနိုင်ခဲ့လို့ သေခြင်းတရားကို ကျမ ကြောက်လန့်မနေခဲ့ပါဘူး ။ လက်ရှိဘဝမှာ ပျော်ပျော်နေတယ် ငွေရှာတယ် သုံးတယ် စားတယ်။ ဒီလိုနဲ့ပဲ အေးချမ်းစွာ နေထိုင်ခဲ့သူပါ။ ကိုယ်တောင် မသိတဲ့ ကိစ္စတခုအတွက် သေခြင်းတရားကို မကြောက်တတ်သူမို့ ရှောင်လည်း ပြေးမှာ မဟုတ်ပါဘူး ။ ဒီပိုစ့်ရဲ့ ဖြေရှင်းချက်က စိုးရိမ် ပူပန်ပေးနေကြတဲ့ ကျမရဲ့ မိတ်ဆွေများအတွက်ပါနော်။ ကိုယ်နဲ့လည်း မသိ ကိုယ့်အကြောင်းလည်း ဂဃနဏ ဘာမှမသိဘဲ ဝိုင်းအော်နေကြတဲ့ ငစနူတွေအတွက် ဖြေရှင်းတာ မဟုတ်ပါဘူး” ဆိုပြီး မယ်သ ဆိုတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်မှာ ရေးသားထားပါတယ်။

ယမန်နေ့ကတော့ မယ်သီ ဆိုတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်ကနေပဲ “ခွေးမောင်းဖို့ အချိန်မအားလို့ comment ခနပိတ်မယ်ရှင့်၊ ကြောက်လို့ မဟုတ်ဖူး ဆိုတာ နင်တို့ နီပိန်းတွေ သိထားနော်၊ ငါတို့က ကေသရာဇာမျိုး ကြောက်သွေးပါရင် ဖောက်ထုတ်ပစ်မှာ” ၊ “သူတို့တောင် ငတ်တလှည့် ပြတ်တလှည့်နဲ့ ဓားမြတိုက် စားနေရပါတယ်ဆို ငါ့ကိုများ ဘတ် သုံးသိန်းနဲ့ ဆုကြေးထုတ် ဖမ်းခိုင်းအုန်းမတဲ့ ၊ မောက်တက်နေတဲ့ ေ-ာက် -ုတ်ကို လက်တအုပ်နဲ့ တဖုန်းဖုန်း မြည်အောင် ရိုက်ပြလိုက်ရ” စတာတွေ ရေးသားထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကလေးမြို့ပေါ် အပါအဝင် ကလေးနယ်ထဲ စစ်အုပ်စုက လက်နက်အားကိုးနဲ့ ထင်တိုင်းကျဲ လူသတ်၊ လုယက်၊ ဖမ်းဆီးငွေညှစ်၊ နေအိမ် ချိတ်ပိတ်တာတွေ လုပ်နေသလို တော်လှန်ရေး အင်အားစုတွေကလည်း စစ်အုပ်စုကို ပစ်မှတ်ထားကာ ရရာနည်းနဲ့ တုန့်ပြန် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ကလေးမြို့နယ် ပကဖ က ဖမ်းဆီးထားတဲ့ မယ်သီ ခေါ် ဒေါ်သီသီအေး/Photo – မယ်သီ FB

“မြောက်ခင်ရန်းရွာ လူသတ်မှု ကြိုးကိုင်သူ ကြံ့ဖွတ် သီသီအေး ဖမ်းဆီးခံရ”

ယောဒေသ တော်လှန်ရေးတပ်ဖွဲ့ (YDF) က တပ်ဖွဲ့ဝင် PDF နှစ်ဦးကို ဖမ်းဆီးရမိချိန်မှာ အရှင်လတ်လတ် မီးရှို့သတ်ခဲ့တဲ့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာက လူသတ်မှု ဖြစ်စဉ်မှာ အနီးကပ် ကြီးကြပ် ခိုင်းစေခဲ့တဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်က ကြံ့ဖွတ်ပါတီဝင် သီသီအေး ကို ဖေဖော်ဝါရီလ ၉ ရက်နေ့ ညပိုင်းမှာ တော်လှန်ရေး ရဲဘော်တွေက လက်ရ ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ကြံ့ဖွတ် သီသီအေးဟာ Facebook ဆိုရှယ်မီဒီယာပေါ်မှာလဲ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေကို အချိန်တိုင်း ဆဲဆိုပုတ်ခတ်နေပြီး ၎င်းကို ထိုင်းနိုင်ငံ ရောက်ရှိနေထိုင်နေသူ ကိုမိုက်ကယ်က အရှင်ဖမ်းဆီးနိုင်ရင် ဘတ်ငွေ ၃ သိန်း ပေးမည်ဟု ဆုကြေးငွေ ထုတ်ထားကြောင်း သိရပါတယ်။

PDF နှစ်ဦး မီးရှို့သတ်ဖြတ်ခံရတဲ့ ရုပ်သံဖိုင် ထွက်ပေါ်လာပြီး ၃ ရက်ခန့်အကြာမှာပဲ အနီးကပ် စီစဉ်ခိုင်းစေသူ ကြံ့ဖွတ် သီသီအေးကို တော်လှန်ရေး ရဲဘော်တွေက လက်ရ ဖမ်းဆီးနိုင်ခဲ့တာပါ။ အဆိုပါ အမှုရဲ့ နောက်ကွယ်မှာ ဘူးလက်လှဆွေလဲ ပါဝင်ပတ်သက်နေတယ်လို့လည်း သိရပါတယ်။

သီသီအေး ဖမ်းဆီးခဲရတဲ့ ဖြစ်စဉ်ဟာ ပြည်သူတွေ အလိုရှိလာရင် နာရီပိုင်း ရက်ပိုင်းအတွင်းမှာပင် ဘယ်နေရာကို ပုန်းအောင်းနေပါစေ ကြက်ကလေး ငှက်ကလေး ဖမ်းသလို ဖမ်းလို့ ရနေပြီ ဆိုတာ ထင်ရှားတဲ့ သက်သေ သာဓက တစ်ခုပါပဲ။
အပြစ်မဲ့ ပြည်သူတွေကို Facebook ပေါ်ကနေ ရှာဖွေပြီး မတရား ဖမ်းဆီးခိုင်းနေတဲ့ ငစနူ စရဖတွေ အတွက်ကတော့ နမူနာ သင်ခန်းစာ ဖြစ်ပါလိမ့်မယ်။

သွေးကြွေးမှာ ဆွေးနွေးစရာ မရှိ..။


Comments

Leave a Reply

Your email address will not be published. Required fields are marked *