ဝါသ၀၏ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှု လက်နက်များသိမ်းဆည်း ရရှိ

ကန့်ဘလူမြို့နယ်၊ အင်ကြင်းစုကျေးရွာရှိ ဝါသ၀၏ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်မှု လက်နက်များသိမ်းဆည်း ရရှိ၊ ရေဦးတွင်လည်း စစ်တပ်ကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ အင်ကြင်းစုကျေးရွာရှိ သင်္ကန်းဝတ် ဝါသဝ၏ ပျူစောထီး စခန်း တစ်ခုကိုတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ ကြောင်း သိရသည်။

ယနေ့‌ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၄ နာရီခန့်အချိန် ကန့်ဘလူမြို့နယ်၊ အင်ကြင်းစုကျေးရွာ ပျူစော ထီးတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နံနက် ၅ နာရီခန့်တွင် သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား၊ ပျူစောထီး ထိခိုက်သေဆုံးမှုအရေအတွက် အတိအကျ သိရှိ ရခြင်းမရှိသေးကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိသည်ကို အတည်ပြုနိုင်ကြောင်း ဒေသသတင်းရင်းမြစ်ကပြောကြားသည်။

“ကျွန်းလှနဲ့ ကန့်ဘလူကြား၊ လိပ်ထူရဲ့မြောက်ဘက်နားက အင်ကြင်းစုဗျ၊ မနက် ၅ နာရီလောက်မှာ သိမ်းဆည်းမိတာ၊ လက်နက်ခဲယမ်းတွေတော့ သိမ်းဆည်းရမိတယ်၊အဲဒီမှာက စခန်းသိမ်းနိုင်လိုက် ပေမယ့် စခန်းထဲက ပစ္စည်းဘာညာယူပြီး ပြန်ဆုတ်ရုံပဲ၊ အဲဒီမှာစခန်းထိုင်လို့မရဘူး၊ ခွေးဘယ်နှစ် ကောင်သေလဲတော့ မသိရဘူး၊ လက်နက်ခဲယမ်းပစ္စည်း သိမ်းဆည်းရရှိတယ်ပဲ အတည်ပြုလို့ရ တယ်၊” ၎င်းက ပြောကြားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်က ကောလင်းမြို့ကို စစ်ကြောင်းထိုးရန် ကန့်ဘလူမြို့နယ်၊ ကိုးတောင် ဘို့ အထိုင် စခန်း၌ ခမရ ၃၆၇ ၊ ခမရ ၃၆၁ နှင့်ဝါသဝ ပျူစောထီး အင်အား ၁၀၀ ကျော်ကို Mi 17 ထောက်ပို့ ရဟတ်ယာဉ် ဖြင့် ပို့ဆောင်ကာ စစ်ကြောင်းထိုးနေခြင်းဖြစ်ကြောင်း၊ အင်အားအမြောက် အများဖြင့် စစ်ကြောင်းထိုး နေသော်လည်း အကြမ်းဖက်စစ်သားများ အထိနာပြီး ပြည်လည်ဆုတ်ခွာ နေရကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ရေဦးမြို့၊ ဂါဝီပန်းခြံအနီး၌ စစ်သားများလာကြိုစဉ် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ပြီး ဖရိုဖရဲဖြင့် ထွက်ပြေးသွားကြောင်း ရွှေဘိုခရိုင် တပ်ရင်း ၁၄ ရေဦး PDF ထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၀ ရက် နံနက် ၁၀ နာရီခန့်အချိန် ထန်းတောရွာမှ ရေဦးမြို့သို့ ပြန်ဝင်လာသော အကြမ်းဖက်စစ်တပ်စစ် ကြောင်းကို ရေဦးမြို့တိုင်းရင်းဆေးရုံမှ ဂါဝီပန်းခြံအနီး စစ်ကား ၂ စီးဖြင့် လာ ရောက်ကြိုဆိုစဉ် တော်လှန်ရေးတပ်က Fixed Wing Drone ၂ စီးဖြင့် ဗုံးသီး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ စစ်သားများ ဖရိုဖရဲဖြင့်ထွက်ပြေးသွားပြီး လာကြိုသည့်ကားမှာလည်း မြို့ထဲသို့ ပြန်မောင်းဝင်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုခရိုင် တပ်ရင်း ၁၄ ရေဦး PDF တပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်း ဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *