PNO ဗိုလ်မှူး ခွန်အောင်ဆန်းအပါအဝင် စစ်တပ်ဘက်မှ သေဆုံးမှုများပြား

ဆီဆိုင်မြို့နယ်ဘက်သို့ ဆင်းလာသည့် စစ်တပ်နှင့်PNO စစ်ကြောင်းကို တိုက် ခိုက်မှု PNO ဗိုလ်မှူး ခွန်အောင်ဆန်းအပါအဝင် စစ်တပ်ဘက်မှ သေဆုံးမှုများပြား၊ ကားတစ်စီးနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရှမ်းပြည်နယ်တောာင်ပိုင်း၊ ဆီဆိုင်မြို့နယ်ဘက်သို့ ဆင်းလာသည့် စစ်တပ်နှင့်PNO စစ်ကြောင်းကို တိုက်ခိုက်ရာ PNO ပြည်သူ့စစ် ဗိုလ်မှူး ခွန်အောင်ဆန်းအပါအဝင် စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး ကားတစ်စီးနှင့်လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း PNLA သတင်းရင်းမြစ်က ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဆီဆိုင်မြို့နယ်နှင့် ဆိုက်ခေါင်အကြား ကျေးရွာတစ်ခုတွင် စစ်ကြောင်းထိုးလာသော စစ်တပ်နှင့် လက်အောက်ခံ PNO စစ် ကြောင်းကို PNLA နှင့် မဟာမိတ်တပ်များက ၀ိုင်းဝန်းတိုက်ခိုက်ရာ စစ်တပ်ဘက်မှ သေဆုံးမှုများပြား ကြောင်း၊ စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ် ၏ ဗိုလ်မှူး ခွန်အောင်ဆန်း တိုက်ပွဲတွင် သေဆုံးသွားကြောင်း ၊ လက်ရှိတွင် PNLA နှင့် မဟာမိတ်တပ်များက ဆီဆိုင်မြို့နယ်တစ်ခုလုံးကို အလုံးစုံထိန်းချုပ်ထားနိုင်ကြောင်း သိရှိရသည်။

“ဆီဆိုင်ကိုတော့ အပြည့်အဝထိန်းချုပ်လိုက်ပြီ ။ အခုမနက် တောင်ကြီးက စစ်ကားအစီး ၂၀ ဟိုပုံးတပ်ထဲဝင်တယ်။ စစ်တပ်က ခံစစ်ကို ဟိုပုံးမှာပြင်မယ့်သဘောလို့ ယူဆရတယ်။ ဆုဲင်ခေါဝ်ထဲလည်း ဘုန်းကြီးကျောင်းထဲ လက်နက် ကြီးတွေနဲ့ တပ်ဝင်စွဲထားတယ်။ မနေ့က ဆီဆိုင်နဲ့ ဆိုက်ခေါင်အကြားတိုက်ပွဲမှာ PNO ဗိုလ်မှူး သေတယ်။ ကားတစ်စီးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိတယ်။ အခုက စစ်ရေးနယ်မြေက ကျယ်ပြန့်လာတယ်” ဟု PNLA သတင်းရင်းမြစ်ကပြောဆိုသည်။

လက်ရှိတွင် အကြမ်းဖက်စစ်တပ်က ဆီဆိုင်နှင့် ဆိုက်ခေါင်မြို့အပါအဝင် ပအိုဝ်းတိုင်းရင်း သားများနေထိုင်သော မြို့၊ ကျေးရွာများကို လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ဘာသာရေးအဆောက်အအုံများအပါအဝင် ပြည်သူတို့၏ မြို့ရွာအိုးအိမ်များ ပျက်စီးမှုများဖြစ်ပေါ်နေကြောင်း သိရှိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *