ချောင်းဆုံတွင် စိတ်ချရသူများကို ဦးစားပေးရွေးကာ စစ်တပ်ထဲပို့မည်ဟု သတင်းထွက်ပေါ်

ပြည်ခိုင်ဖြိုးနှင့် အရန်မီးသတ် လူငယ်များပင် ထွက်ပြေးကြပြီဟုဆို

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ယုံကြည်စိတ်ချရသူများကို ဦးစားပေး ရွေးချယ်ကာ စစ်မှု ထမ်းခိုင်းမည်ဟု သတင်းထွက်ပေါ်နေသဖြင့် စစ်အုပ်စုအသိုင်းအဝိုင်းမှလူငယ်များပင် ထွက်ပြေး တိမ်းရှောင်နေကြပြီဖြစ်ကြောင်းသိရသည်။

ဖေဖေါ်ဝါရီ၁၇ရက်တွင် စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်းက ချောင်းဆုံ မြို့နယ်အတွင်းရှိ လူငယ်၄၇ဦး လာမည့် မေလတွင် စစ်မှုထမ်းရမည်ဟု ပြောကြားပြီးနောက် ယုံ ကြည်စိတ်ချရသော စစ်အုပ်စုအသိုင်းအဝိုင်းမှ လူငယ်များကို ဦးစားပေး စစ်ထဲထည့်မည်ဟု သတင်း ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

“မေလမှာ ကျေးရွာအုပ်စု၁စုကို ၁ယောက်နှုန်းနဲ့ အုပ်ကြီးတွေက တာဝန်ယူပြီး စစ်ထဲ ထည့်ပေးရ မှာဆိုတော့ သူတို့ထည့်ပေးလိုက်တဲ့သူတွေက ပြေးတာတို့၊ ဖရဲသီးတို့ဖြစ်ရင် အုပ်ကြီးတွေ ကွိုင်တက် မယ်။အဲဒါကြောင့် စစချင်း စစ်ထဲထည့်တဲ့အချိန် စိတ်ချရတဲ့လူတွေ ရွေးထည့်ပြီး အုပ်ကြီးတွေကို အပေါ်ကကောင်တွေက တရားမဝင်နှုတ်နဲ့ ပြောတာရှိတယ်။အဲဒါကြောင့် သူတို့ထဲက ပြည်သူ့စစ်တို့၊ မီးသတ်တို့၊ကြံ့ဖွတ်တို့ဆိုတာ အလုပ်လက်မဲ့တွေများတယ်။စိတ်ချရတယ်ဆိုတော့ အဲကောင်တွေကို ရွေးထည့်မယ်လို့ ပြောကြတယ်”ဟု ချောင်းဆုံမြို့မရဲစခန်းနှင့် နီးစပ်သူတစ်ဦးကပြောသည်။

ချောင်းဆုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီအသိုင်းအဝိုင်းမှ လူငယ်အချို့မှာ ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်း ရှောင်နေပြီဖြစ်ကြောင်း ချောင်းဆုံအရှေ့ပိုင်းရပ်ကွက်နေပြည်သူတစ်ဦးကပြောသည်။

“ ကြံ့ဖွတ်ဆိုတာကို စစ်တပ်က အသုံးချခံအဆင့်ပဲ သဘောထားတာ သူတို့ကိုယ်တိုင်ကို ပြောတယ်။ အခု ချောင်းဆုံ ၄၇ယောက်လို့ အောင်ကြည်သိန်းပြောပြီးကတည်းက ကျနော်တို့နဲ့သိတဲ့ ကြံ့ဖွတ်ထဲ က ကောင်တွေ သူတို့သားတွေ တူတွေကို ထိုင်းဘက် လွှတ်လိုက်ပြီ”လို့ ချောင်းဆုံအရှေ့ပိုင်းရပ်ကွက် နေပြည်သူတစ်ဦးကပြောသည်။

ချောင်းဆုံမြို့နယ်၊ကညှော်ရွာသားတစ်ဦးကလည်း ၎င်းတို့သိသည့် အရန်မီးသတ်လူငယ် အချို့သည် လည်း ရွာထဲတွင် မရှိတော့ကြောင်း ဆိုသည်။

“ပထမတော့ မွန်ပြည်နယ်ဝန်ကြီးချုပ်က ချောင်းဆုံသားဆိုတော့ ဘာပဲဖြစ်ဖြစ် ကိုယ့်ဒေသကလူတွေ ကိုတော့ မတတ်သာမှ စစ်ထဲထည့်မယ်လို့ ထင်ကြတာ။အခုတော့ဘယ်ဟုတ်မလဲ။ဒီကောင်က သူ မျက် နှာရဖို့ပဲ သိတော့ ချောင်းဆုံသားတွေကို ထိပ်ဆုံးကနေ အရင်စစ်ထဲထည့်ဖို့လုပ် တာ။စစ်တပ် ထဲ ကို ချောင်းဆုံသားတွေက ဂုဏ်ယူစွာနဲ့ ဝင်ကြပေါ့။အောင်ကြည်သိန်းက အဲလို ကောင်” ဟု ၎င်းကပြော သည်။

အောင်ကြည်သိန်းသည် ချောင်းဆုံမြို့နယ်၊ကွမ်ရိုက်ရွာသားဖြစ်ကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်အတွင်းရှိ စစ်ထဲအသွင်းခံရသူတို့ကြောင့် စစ်တပ် တွင်း တစ်စုံတစ်ရာပြဿနာတက်မည်ကို အုပ်ချုပ်ရေးမှူးတို့က စိုးရိမ်နေကြကြောင်းလည်း ချောင်းဆုံအုပ်ချုပ် ရေးဝန်ထမ်းတစ်ဦးကပြောသည်။

“အခုက အုပ်ကြီးတွေကို စစ်ထဲထည့်ဖို့ လူရွေးခိုင်းတာဆိုတော့ အုပ်ကြီးတွေလည်း သူတို့ရွေးလိုက်တဲ့ ကောင် စစ်တပ်ထဲ ပြဿနာရှာရင် သူတို့ကို ရန်လာရှာမယ်ဆိုတာ သိတယ်။အဲဒါကြောင့် အပေါ်က ဘာမှမပြောလည်း အုပ်ကြီးတွေက သူတို့အသိုင်းအဝိုင်းထဲက စိတ်ချရမယ့် အလုပ်လက်မဲ့တွေကိုရွေး မှာပဲ။နောက်ဆိုရင် အရင်တုန်းက တစ်ရွာကို ပေါ်တာ ဘယ်နှစ်ယောက်ပေးရမယ်ဆိုတဲ့ မဆလခေတ်တုန်းကလို ရွာကလူတွေ ပိုက်ဆံစုထည့်ပြီး ပေါ်တာဌားသလိုမျိုး စစ်ထဲလိုက်မယ့် ကောင်ကို ရွာကလူတွေ ပိုက်ဆံစိုက် ဌားတာမျိုး ဖြစ်လာနိုင်တယ်”ဟု ၎င်းကပြောသည်။

ဖေဖေါ်ဝါရီ၂၂ရက်ကလည်း ချောင်းဆုံမြို့ပေါ်နှင့် ကျေးရွာများတွင် စစ်မှုထမ်းဥပဒေဆိုင်ရာ ဝါဒဖြန့် လက်ကမ်းစာစောင်များကို ချောင်းဆုံမြို့နယ်အုပ်ချုပ်ရေးမှူးဇော်နိုင်ဝင်းနှင့် ဌာနဆိုင်ရာဝန်ထမ်းတို့ က လိုက်လံဝေဌ ခဲ့သေးသည်။

ဓာတ်ပုံ – ယက္ခဒီပ / ပုံစာ – ချောင်းဆုံမြို့နယ်တွင် စစ်မှုထမ်းဥပဒေဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေနေစဉ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *