ရန်ကုန်မြို့တွင်‌ တော်လှန်လူငယ်များက “မဆလခေတ် မပြီးရင် မအလခေတ် ပြီးရမယ်” ဘန်နာချိတ်ဆွဲ

ရန်ကုန်မြို့တွင် Owl Community အဖွဲ့မှ တော်လှန် လူငယ်များ ဦးဆောင်ကာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် “မဆလခေတ် မပြီးရင် မအလခေတ် ပြီးရမယ်” ဘန်နာချိတ်ဆွဲခဲ့ကြောင်း သိရသည်။

အဆိုပါ ဘန်နာ စာသားသည် တော်လှန်ရေး ရဲဘော်များနှင့် ပြည်သူပြည်သားများက တစ်စုတစည်းတည်းစည်းလုံးစွာ ​ခေတ်စနစ်ပါမကျန် တွန်းလှန်တိုက်ထုတ်ပစ်ရမည် ဖြစ်ကြောင်း၊ စနစ်ဆိုး ၊ ခေတ်ဆိုးထဲ ခေါင်းငုံ့ ရှင်သန်လာခဲ့ရသည်ကို နှစ်ပေါင်းများစွာရှိနေပြီဖြစ်သော်လည်း ယခုထက်ပို၍ ခေါင်းငုံ့ရန်မသင့်ကြောင်း၊ ခိုင်မာသော စိတ်ဓာတ်ဖြင့်ဖြစ်စေ ၊ မှန်ကန်သောခံယူချက်ဖြင့်ဖြစ်စေ ၊ ပြတ်သားသောလုပ်ရပ်ဖြင့်ဖြစ်စေ ရရာလက်နက်ဖြင့် တော်လှန်မြဲတော်လှန်နေရမည် စသည့် ရည်ရွယ်ချက်ဖြင့် ချိတ်ဆွဲခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ရန်ကုန်မြို့အတွင်း တစ်နေရာ၌ Owl Communityအဖွဲ့သားများမှ ဘန်နာချိတ်ဆွဲ”

ခရစ်နှစ်၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ၂၅ရက်နေ့တွင် Owl Community၏ အဖွဲ့သားများမှ ရန်ကုန်မြို့အတွင်း တစ်နေရာ၌ “မဆလခေတ်မပြီးရင် မအလခေတ်ပြီးရမယ်”ဟူသော စာသားပါဘန်နာကို ချိတ်ဆွဲခဲ့ကြသည်။

၎င်းဘန်နာ၏စာသားအတိုင်း ကျွန်တော်တို့ရဲဘော်များနှင့် ပြည်သူပြည်သားများသည် တစ်စုတစည်းတည်းစည်းလုံးစွာ ​ခေတ်ရောစနစ်ပါမကျန်တွန်းလှန်တိုက်ထုတ်ပစ်ရမည်။ကျွန်တော်တို့သည် ထိုစနစ်ဆိုး ၊ ခေတ်ဆိုးထဲ ခေါင်းငုံ့ရှင်သန်လာခဲ့ရသည်မှာ နှစ်ပေါင်းများစွာရှိနေပြီဖြစ်သော်လည်း ယခုထက်ပို၍ ခေါင်းငုံ့ရန်မသင့်တော့ပါ။ခိုင်မာသောစိတ်ဓာတ်ဖြင့်ဖြစ်စေ ၊ မှန်ကန်သောခံယူချက်ဖြင့်ဖြစ်စေ ၊ ပြတ်သားသောလုပ်ရပ်ဖြင့်ဖြစ်စေ ရရာလက်နက်ဖြင့် တော်လှန်မြဲတော်လှန်နေရမည်။

မိဘပြည်သူများထံသို့ အတွေးစတစ်ခုခုဝင်ရောက်စေလိုသောရည်ရွယ်ချက်ဖြင့် လုံခြုံရေးအန္တရာယ်များကြားမှ ဘန်နာချိတ်ဆွဲခဲ့ခြင်းဖြစ်ပါသည်။

ဆက်လက်တော်လှန်လျက်

Owl Community


Comments

Leave a Reply

Your email address will not be published. Required fields are marked *