“ဆယ့်ကိုးဖာပွန် တမလွန် ဖာပွန်ဆယ့်ကိုး အဖြစ်ဆိုး ” ဆိုပြီး ငိုကြတဲ့ ခေတ်တစ်ခေတ်ရှိခဲ့ဖူးပါတယ်

တာမခန် ငှက်ကင်ကိစ္စ ဖြစ်နိုင်ချေ နည်းပါတယ်။”မီးခိုးတွေ မည်းသွားတယ်” ဆိုတာ ကြီးကလည်း ဒုတိယကမ္ဘာစစ် ရုပ် ရှင်ဆန်နေပါတယ်။မည်သို့ပင်ဆိုစေကာမူ တာမခန် ကိုလှရွှေစခန်း နဲ့ ပုသိမ်ကြီးတပ် ၁၁၉ ထိုင်ထားတဲ့ နမ့်ရေစခန်းကိုလည်း မွန်းမတည့်ခင်တည်းက ကီယာတို့ အိတ်ကပ်ထဲ ထည့်လိုက်ပါပြီ။မနေ့တည်းက မှန်းထားတယ် ရလောက်ပြီလို့။

ဖားကန့်ဂွင်ထဲမှာ ဒီနှစ်အတွင်း ဝှေခါ နဲ့ နမ့်တိန်း စခန်းနှစ်ခု ရထားပြီးဖြစ်လို့ ဒီလ စခန်းနှစ်ခု သိမ်းနိုင်တာဖြစ်ပါတယ်။ညဘက်ကြီး ဆိုင်းတောင်မှာလည်း ပစ်ခတ်သံတွေကြားရပါတယ်။စကစရဲ့ ကြောက်လန့်တကြား ပုလဲရထား(ပစ်ရှင်း) တာလား။နှစ်ဘက်‌ထိတွေ့မှုလား ဆိုတာတော့ အခုမနက်မှသိရပါလိမ့်မယ်။ကာမိုင်း ၈မိုင် လမ်းခွဲကနေ မန်ရွက်ဘက်ကို စစ်ကြောင်းချီလာတဲ့ စကစ တပ်ကိုလည်း ကီယာတို့ Inbush အောင်မြင်ထားပါတယ်။အဲဒီစစ်ကြောင်းဟာ မိုးကောင်းကနေ လာတာဆိုတော့ စကခ ၃ စုပေါင်းစစ် ကြောင်း ဖြစ်ပါ့မယ်။

ဖြစ်စဉ်ကြောင့် ကာမိုင်းဗျူဟာကနေ ၁၀၅ မမ နဲ့ ထင်ရာပစ်ခတ်မှုကြောင့် လဝါးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။လဝါးရွာဟာ နမ္မတီး ၊တနိုင်း ကားလမ်းပေါ်မှာရှိပြီး ကာမိုင်းနဲ့လည်း ဆက်သွယ်ထားပါတယ်။လဝါးနဲ့ နမ္မတီးကြား မရန်ကထောင် ရွာမှာတော့ စကခ၃ ရဲ့ စစ်စခန်းတစ်ခုတည်ရှိပါတယ် ။လဝါး ရွာအကြောင်းကို ကျနော်ထုတ်ခဲ့ဖူးတဲ့ Ebook စာအုပ်ထဲမှာ “ကားခိုးစီးသူများ” ဆိုပြီး ရေးခဲ့ဖူးပါတယ် ။

ဆင်ဘိုဘက် အသံတိတ်နေဆဲဖြစ်ပြီး ရွှေဘို၊ မြစ်ကြီးနား ကားလမ်းတော့ ပြန်ပွင့်သွားပြီဖြစ်ပါတယ် ။အင်းတော်ကြီး လုံးတုံ တစ်ဝိုက်မှာလည်း စကစ ရဲ့ ဂျက်ဖိုက်တာ ညနက်သည်အထိ ဝဲနေပါတယ်။

အာရကန်မှာတော့ ရမ်းဗြဲကို စစ်ဗျူဟာ အနေအထားအရ ပိတ်ဆို့ဖြတ်တောက်ပြီးဖြစ်ပါပြီ။စကစ ဘက်က ၁၀၀ ပတ် ချာလည်လောက် မွင်းနား ဖြစ်ပုံရပါတယ်။ ရမ်းဗြဲ ရဲ့ AA တိုက်စစ်မှာ အဓိက အားသာတာက ဒရုန်းစစ်ဆင်ရေး တိုက်ကွက်ဖော်နိုင် တာကြောင့်ဘဲ ဖြစ်ပါတယ်။စကစတော့ ကမ်းနီကို လက်လွှတ်ရပြီး နောက်ပိုင်း အမ်းကို ပြုံပြီး ခံစစ်ဆင်ပါပြီ။ဒီနေရာမှာ မအလ အနေနဲ့ စစ်တွေမှာ တိုင်းမှူး နဲ့ ဒကစမှူး နှစ်ကောင်ထပ် ရန်သတ်နေမယ့်အစား နောက်ထပ် ဒကစမှူးတစ်ယောက် စစ်တွေပို့၊ စစ်တွေက တိုင်းမှူးကို အမ်းပြန်ပြီး ခံစစ်ဆင်ခိုင်း အဲလိုလုပ်ခိုင်းသင့်တယ်။နို့မို့ဆို ထပ်သတ်နေလိမ့် အုံးမယ်။

စစ်တွေ ပုဏ္ဏားကျွန်းလမ်းပိုင်းကိုတော့ အမြင့်ကျွန်းတံတား ချိုးရုံနဲ့ မလုံလောက်လို့ ရထားသံလမ်းတွေနဲ့ ပိတ်ဆို့ထားပါသေးတယ် ။တစ်လောက ကျနော့ပို့စ်မှာ “ကျောက်တန်းတံတား ချိုးထားတာကြာပြီ”ဆိုပြီး လာပြောပါတယ်။မဟုတ်သေးပါ ။ပါဒလိတ်တပ်တွေ ဆုတ်လမ်း မဲ့သွားပါလိမ့်မယ်။
ဘူးသီးတောင် စကခ မှူး မှူးချုပ် ကောင်းမြတ်ဟာ ပြည်ဒုဒကစမှူးကနေ ပဲခူအနောက်ခြမ်းမှာ မွှေခဲ့တဲ့ ဘဲနာကြီး ဖြစ်တယ်ဆိုခြင်းကြောင့် အရှင်များ မိခဲ့ပါရင် ……

AA ဒုခေါင်းပေါင်း ဒဏ်ရာရတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။နောက်လ ၄ ရက်နေ့ ပြူးပြူးကြီးမြင်ရကိန်းရှိပါတယ်။
ကမ်းရိုးတန်း ထား၀ယ်မေတ္တာတိုက်ပွဲ နွှဲနေဆဲဖြစ်ပါတယ်။KNLA တပ်မဟာ ၄ နဲ့ ပူးပေါင်းအဖွဲ့တွေ စီးနင်းထားဆဲဖြစ်ပြီး ထီးခီးကို ရတာနဲ့ Command Center တည်နိုင်ပါ့မယ် ။ရေး ထား၀ယ် လမ်းကြောင်းကို ရာနှုန်းပြည့် ထိန်းချုပ်ထားပါပြီ။ထား၀ယ် စစ်မျက်နှာမှာတော့ တကယ့် ငှက်ကင်အစစ်တွေ မြင်လာဖို့ရှိနိုင်ပါတယ်။

မုဒုံမှာတော့ ဒရုန်းတစ်ချို့ စကစ လက်ထဲရောက်တယ်လို့ သိရပါတယ်။အစွန်းထွက်မရှိတဲ့ အရေအတွက်ပါ။အဲဒီဘက်က ဒရုန်းတွေ အရမ်းမိုက်လို့ ကြွေတယ်ဗျာ။ရှေ့ရက်က ပြောခဲ့ပါတယ်။ဒရုန်းသင်တန်း နှစ်ပါတ်စဉ် သင်တန်းဆင်းထားတာ လက်သွေး ကြလိမ့်မယ်လို့။

ဧရာ၀တီ ငပုတောဘက်မှာတော့ သဲ့သဲ့လေးကြားနေရတယ် ။အရမ်းကြီး ၀မ်းမသာနဲ့အူး။အခုမှ သင်တန်းစ နေဆဲသာဖြစ်ပါတယ်။နေပူတော်ကိုဦးတည်နေတဲ့ စစ်မြားဦးတွေထဲမှာ ရေတာရှည်ဘက်ကလည်း တက်လာရင် မြိုင်ပါလိမ့်မယ် ခင်ဗျာ။

ရှမ်းတောင်မှာ ဟိုပုံးက စကစတပ်တွေ တောင်ကြီးကို စဆုတ်နေပါပြီ။နှစ်ဘက်တပ် တိုက်ပွဲတွေကြောင့် တောင်ကြီး ၊လွိုင်လင် ကားလမ်းပေါ်က မိုင်းပွန်တံတား ပိတ်ထားတာ တစ်ပါတ်ရှိနေပြီဖြစ်ပါတယ်။စကစဟာ အရင်ရက်က PNLA ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်ထားတဲ့ လွယ်ဝိုးတုတ် ဘုရားကုန်းကို ပြန်လည်တိုက်စစ်ဆင်ပေမယ့် လန်ကျခဲ့ပါတယ်။ဖြစ်စဉ်မှာ မွင်းနား ၅ ပွဲ အနည်း ဆုံးမှန်းထားပြီး စကစရဲ့ တင်ပြစာထဲမှာ “အာရားရားတစ်ပွေ ခြေချော်ကျ ခြေသပွတ်လည်သွားတယ်”လို့ ဖော်ပြထားတော့ အရာရှိဖြစ်ပြီး ချော်လဲရမလား ဆူခံထိရှာပါလိမ့်မယ်။

အနောက်မြောက်စစ်မျက်နှာ ကလေးမှာတော့ တိုက်ပွဲပြင်း ထန်နေဆဲပါ။ကလေး တစ်မြို့လုံး ဒကစအပါ ဖြတ်တောက်ပိတ်ဆို့ထားပါပြီ။ဂန့်ဂေါ မုံရွာလမ်းကိုလည်း စိုးမိုးထားတဲ့ သဘောပါ ။ပုံတောင် ပုံညာပေါ်က သင်တန်းဆင်းအဖွဲ့တွေပါ အားဖြည့်ထားတာမို့ CNDF အတွက် ‌အရေးသာဖို့ အလားအလာကောင်း‌နေပါတယ် ။ကလေးတိုက်ပွဲမှာ CNDF ကို ကန့်ဘလူက အင်အားစုတွေလည်း ပါ၀င်တိုက် စစ်ဆင်ပေးနေပါတယ်။ကောလင်း မြောက်ဘက်ကို စကစ စစ်ကြောင်းဆက်တိုးနေတာ ကီယာ တို့ ကြည့်နေဆဲဆိုတော့ သတ်ကွင်းထဲ ရောက်သည်အထိ စောင့်နေတာ ဖြစ်ပါလိမ့်မယ်။

“မြ၀တီ အာရှလမ်းဘက် ကားတွေ တက်မလာဖို့” ကေနု ကြေငြာပါပြီ။စကစ ယာဉ်တန်းကတော့ ချိုးတိုးချောက်တောက် ဖြတ်နေဆဲပါ။”ကော့ကရိတ်ကို အပြတ်သိမ်းတော့မယ်” လို့လည်း ဆိုပါတယ်။သိပ်လဲမကျန်တော့ပါဘူး ။စကစလည်း သံသယနေရာတွေကို ဒရုန်းနဲ့ ကင်းထောက်နေပါတယ်။အရင်က စကစဟာ Air 2S လောက်သုံးနေပေမယ့် မနေ့ကတော့ Fixed Wings တွေပါ ထုတ်သုံးလာပါတယ်။

ကော့ကရိတ်မှာ စကခ ၁၂ ဌာနချုပ်ရယ် ‌ခြေလျင်တပ် ၃ တပ်ရယ် အမြောက်တပ်တစ်တပ်ရှိနေပါတယ်။မြ၀တီကတော့ ‌ခြေလျင်တစ်တပ်တည်းရှိနေတာတောင် “ကြိုဆိုပါ ၏”ဆိုင်းဘုတ်နားကနေ ခုထိ မခွာနိုင်သေးပါဘူး။စစ်တပ်ဟာ ကရင်ဆို တစ်ချိန်က ဘယ်လောက်ကြောက်ခဲ့ရလဲဆိုရင် ဖာပွန်ဘက်များ တပ်ပြောင်းစာရတာနဲ့

“ဆယ့်ကိုးဖာပွန် တမလွန် ဖာပွန်ဆယ့်ကိုး အဖြစ်ဆိုး ” ဆိုပြီး ငိုကြတဲ့ ခေတ်တစ်ခေတ်ရှိခဲ့ဖူးပါတယ်။ဖထီးတို့ စစ် တိုက်တော်ကြောင်း စစ်သားတိုင်းပါးစပ်ဖျားမှာ ပြောစမှတ်တွင်ခဲ့ဖူးပါတယ် ။အဲလို လက်ရည်မျိုး ပြန်မြင်ချင်နေကြောင်းပါ ခင်ဗျာ ။

၂၀၂၄ ဖေ ၂၈ ၀၇၁၅

ဇင်ယော်


Comments

Leave a Reply

Your email address will not be published. Required fields are marked *