“ဦးဇော်မဲလုံးကြီး ပြောတာ”

မင်းအောင်လှိုင် အိမ်မှ အိမ်အကူ တစ်ယောက်သည် သူ့အား လစာ တိုးပေးရန် ကြူကြူလှ ထံမှ တောင်းဆိုနေသည်။

ကြူကြူလှ – ဘာလို့ ညည်းက လစာတိုးပြီး ရသင့်တယ်လို့ ထင်နေတာတုန်း။

အိမ်အကူ – ကျွန်မက အစ်မထက် ပိုပြီး ဟင်းချက်ကောင်း တယ်တဲ့။

ကြူကြူလှ – ညည်းကို ဘယ်သူပြောလဲ။

အိမ်အကူ – အစ်မ ယောကျာ်း ပြောတာ။

ကြူကြူလှ – ကောင်းပြီ။ နောက်တစ်ခုပြော။

အိမ်အကူ – ကျွန်မက အစ်မထက် ပိုပြီး အဝတ်တွေကို သပ်သပ်ရပ်ရပ် လျှော်ဖွပ် မီးပူတိုက် တတ်တယ်တဲ့။

ကြူကြူလှ – အဲဒါရော ညည်းကို ဘယ်သူပြောတာလဲ။

အိမ်အကူ – အစ်မ ယောကျာ်းပဲ။

ကြူကြူလှ – ကောင်းပြီ။ နောက်ဆုံးတစ်ခုပြော။

အိမ်အကူ – ကျွန်မက အိပ်ယာထဲ မှာလည်း အစ်မထက် ပိုပြီး အပြုအစု ကောင်းတယ်တဲ့။

ကြူကြူလှ – (ဒေါသသံဖြင့်) ဒါလည်း ငါ့ယောက်ျား ပြောတာပဲလား။ ဟင်။

အိမ်အကူ – မဟုတ်ဘူး။ ဦးဇော်မဲလုံးကြီး ပြောတာ။

ကြူကြုလှ – (အသံတိုးတိုးဖြင့်) တစ်သိန်းလောက် ပိုရရင် ညည်း ကျေနပ်တယ် မဟုတ်လား။

😂😂😂

Zin Thaw Naing


Comments

Leave a Reply

Your email address will not be published. Required fields are marked *