တမူးမြို့နယ်မှာ စစ်သားတစ်ယောက် ၎င်းတို့ထောင်ထားတဲ့ မိုင်း နင်းမိပြီး အူထွက်သေဆုံး

စစ်ကိုင်းတိုင်း၊တမူးမြို့နယ် မှာ ဖေဖော်ဝါရီ ၂၇ရက်နေ့က စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးအပြန် တောလမ်း တစ်နေရာတွင် ၎င်းတို့ထောင်ထားတဲ့ မိုင်းကို စစ်သားတစ်ယောက် နင်းမိကာ ပေါက်ကွဲခဲ့လို့ သေဆုံးတယ်လို့ သိရတယ်။

အဆိုပါ စစ်သားကို တမူးမြို့ ပြည်သူ့ဆေးရုံကို ကားနဲ့အရေးပေါ်ပို့ဆောင်ခဲ့ကြပေမယ့် ဒဏ်ရာ ပြင်းထန် နေတာကြောင့် ညတွင်းခြင်း စခန်းကို ခေါ်ဆောင် သွားခဲ့ကြပြီး ယနေ့ ၂၈ရက်နေ့ မနက်မှာပဲ သေဆုံးတယ်လို့ အမည်မဖော်လိုသူ ဒေသခံ တစ်ဦးကပြောပါတယ်။

တမူးမြို့ ကနေ စစ်ကောင်စီ တပ်များဟာ ဖေဖော်ဝါရီ ၂၇ရက်နေ့က ပျူစောထီး၊ ရဲတပ်ဖွဲဝင်များနဲ့ တမူးအထက်ပိုင်း ကွန်းတောင်းကျေးရွာဘက်ကို စစ်ကြောင်းထိုး သွားကြတာဖြစ်ပြီး တောလမ်း တစ်နေရာမှာ ဒေသကာကွယ်ရေး (PDF) အဖွဲ့ကနေ ပိတ်ဆို့ တိုက်ခိုက်မှာကို စိုးရိမ်ကာ မိုင်း ထောင်ထားခဲ့ပြီး အပြန်မှာ ၎င်းတို့အဖွဲ့ကပဲ နင်းမိခဲ့ တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်များက တမူးမြို့နယ် တမူးအထက်ပိုင်း ကွန်းတောင်အုပ်စု ဘက်ကို စစ်ကြောင်းထိုး သွားတဲ့အခါ တမူး-အောင်ဇေယျလမ်းပိုင်းကိုဒေသကာကွယ်ရေး(PDF)တပ်တွေက ထိမ်းချူပ်ထား တာကြောင့် မြို့မ ၁၃ရပ်ကွပ် အရှေ့ဘက် ပြည်တော်သာ ကိုဖြတ်ကာ သုံးထပ်စက်ဝိုင်း ကုမ္မဏီ စိုက်ခင်းကနေ သွားကြတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။

ဒါ့အပြင် ကွန်းတောင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်များတွက် စားနပ်ရိက္ခာများကို ၎င်းစိုက်ခင်း လမ်းဘက်ကို အသုံးပြုပြီး ပို့ဆောင်ပေးနေကြတာဖြစ်ပြီး ဒီရက်ပိုင်း စစ်ကြောင်းကို ခပ်စိပ်စိပ် ထိုးနေကြတယ်လို့လည်းသိရတယ်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *