စွပုသားတွေ..💥 အတန်းလိုက်လာတော့ အတန်းလိုက်.. ဂိန်တာပြောတာ🤗

အရာတော်မြို့နယ် ကျွန်းဖိုပင်ကျေးရွာသို့ ဝင်ရောက်လာသော ခန့်မှန်းအင်အား ၆၀ဦးခန့် စကစ စစ်ကြောင်းအား ဒရုန်းဖြင့် ဗုံးကြဲနိုင်ခဲ့။

အရာတော်မြို့နယ် ကျွန်းဖိုပင်ကျေးရွာသို့ ဝင်ရောက်လာသော ခန့်မှန်းအင်အား ၆၀ ဦးခန့် စကစ စစ်ကြောင်းသည် ယာယီအခြေပြုတပ်စွဲနေသော ‌အဆောက်အဦး ဧရိယာအတွင်းသို့ ဝင်ရောက်လာသည်ကို ကင်းထောက်ဒရုန်းဖြင့် မြင်တွေ့နေရသဖြင့် လက်လုပ် ၁၂၀မမဗုံးသီး ၃ လုံး နှင့် မိုင်းမင်းသား ပြောက်ကြားတပ်ဖွဲ့၏ fixed wing လေယာဉ်ဖြင့် လက်လုပ် ၆၀မမ ဗုံးသီး ၂ လုံး တို့ဖြင့် ကောင်းကင်ယံမှ ဒရုန်းဗုံးသီးဖြုတ်ချ တိုက်ခိုက်ခဲ့ပါသည်။

တပ်ရင်းစခန်းမှ လက်နက်အငယ်များဖြင့် ပြန်လည်ပစ်ခတ်သော်လည်း မိမိတို့ ပြည်သူ့ ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။

၎င်းတိုက်ခိုက်မှုအတွင်း BGS Ayadaw Drone Force နှင့် Ayadaw Rocket ၊ မိုင်းမင်းသား ပြောက်ကျားအဖွဲ့ ၊မုံရွာခရိုင် တပ်ရင်း (၁၉) တို့ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း မိဘပြည်သူများသို့ အသိပေးတင်ပြအပ်ပါသည်။

 


Comments

Leave a Reply

Your email address will not be published. Required fields are marked *