စစ်အုပ်စုနဲ့ပျူတွေအတွက် လစာနဲ့ရိက္ခာ သယ်ပေးတဲ့ ဘုန်းကြီးတစ်ပါးကို မင်းကင်း တောင်တွင်း-PDF က ဖမ်းဆီး

စစ်အုပ်စုနဲ့ပျူတွေအတွက် လစာနဲ့ရိက္ခာ သယ်ပေးတဲ့ ဘုန်းကြီးတစ်ပါးကို မင်းကင်း တောင်တွင်း-PDF က ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မအူကျေးရွာမှာ စစ်အုပ်စုနဲ့ ပျူစောထီးတွေအတွက် လစာနဲ့ရိက္ခာ သယ်ယူလာတဲ့ ဘုန်းကြီးတစ်ပါးကို မတ်(၁)ရက်‌ မနေ့က ဖမ်းဆီးရမိတယ်လို့ မင်းကင်းနယ် တောင်တွင်း-PDF တပ်ဖွဲ့၀င်တစ်ဦးကပြောပါတယ်။

“ပျူစောထီးတွေက ဘုန်းကြီးကို ခိုင်းတာပေါ့။ ကားကို သေနတ်နဲ့ ထောက်ပြီး တင်ပေးလိုက်တာ မအူပျူရွာကနေ။ အဲ့ဒါ သတင်းရလို့ ကလေး၀-မင်းကင်း (ယာကြီးလမ်း)မှာ စစ်ဆေးတော့ အထောက်အထားတွေ တွေ့ရတယ်။ ပျုနာမည်တွေ၊ စစ်သားနာမည်တွေ။ ဒါနဲ့ ထိန်းသိမ်းလိုက်တာ”

စစ်အုပ်စုနဲ့ပျူတွေအတွက် လစာနဲ့ရိက္ခာ သယ်ယူပေးသူ‌ကတော့ မအူကျေးရွာမှာ သီတင်းသုံး နေထိုင်တဲ့ ဝါတော် (၅၀)နီးပါးနဲ့ အသက် (၇၀)ဝန်းကျင်အရွယ် ဘုန်ကြီး ဖြစ်တယ်လို့ တောင်တွင်း PDF တပ်ဖွဲ့၀င်တွေက ပြောပါတယ်။

“ရိက္ခာနဲ့စစ်တပ်က လစာတွေကတော့ ထိန်းသိမ်းထားလိုက်တယ်။ ပြီးတော့ နောက်ဒါမျိုး မလုပ်ဖို့ သတိပေးပြီး ပြန်လွတ် ပေးလိုက်တယ်”

မင်းကင်းမြို့နယ် မအူကျေးရွာဟာ စစ်အုပ်စု တပ်စွဲထားတဲ့ နေရာ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် စစ်အုပ်စုက မအူ‌ကျေးရွာ သားတွေကို ပျူသင်တန်းပေး၊ လက်နက် တပ်ဆင်ပေးကာ ပျူအဖြစ် လက်သပ်မွေးပြီး စစ်အုပ်စုနဲ့ ပူးပေါင်းကာ ဒေသတွင်း ရွာမီးရှို့၊ လူသတ်၊ လုယက်နေတာလို့ ဒေသခံ တော်လှန်ရေး အင်အားစုတွေက ပြောပါတယ်။

မင်းကင်းနယ်မှာ စစ်အုပ်စုနဲ့ ပျူတွေအတွက် လစာနဲ့ ရိက္ခာသယ်ယူပေးတဲ့ ဘုန်းကြီးတစ်ပါးကို ဖမ်းမိစဉ်/Photo – တောင်တွင်း-PDF (ပေးပို့)


Comments

Leave a Reply

Your email address will not be published. Required fields are marked *