ကိုမြင့်မိုးအောင် နာမည်ရလာတာဟာ ကိုငှက်ရဲ့ လက်တွဲခေါ်မှု တစ်စိတ်တစ်ပိုင်းကြောင့်လို့ ပြောလို့ရမလား

ကိုမျိုး (I.R) – ကိုမြင့်မိုးအောင်နဲ့ ကိုငှက်တို့က ဘယ်တုန်းတည်းက ရင်းနှီးခဲ့ကြတာလဲ။

ကိုမြင့်မိုးအောင် နာမည်ရလာတာဟာ ကိုငှက်ရဲ့ လက်တွဲခေါ်မှု တစ်စိတ်တစ်ပိုင်းကြောင့်လို့ ပြောလို့ရမလား။

ထူးအိမ်သင် – မြင့်မိုးနဲ့ ကျနော်နဲ့က ၁၉၈၀-၈၁ ကျွန်တော်တို့ ပုသိမ်ဒေသကောလိပ်မှာ ကျောင်းအတူတူ တက်ကြကတည်းက ခင်ခဲ့ကြတာပါ။

မြင့်မိုးအောင် ဆိုပြီး ဖြစ်လာတာကတော့ သူ့အရည်အချင်းနဲ့ သူပါ။

ဘယ်ကျောက်ခဲကိုမှ ဆီကြိတ်လို့ ဆီထွက်မလာပါဘူး။

ထူးအိမ်သင်နှင့် ကိုမျိုး (I.R) အင်တာဗျူးမှ ကောက်နုတ် ဖော်ပြသည်။

မြင့်မိုးအောင်…ဆိုတာ..၁၉၉၅-၉၆ လောက်မှာ ပုသိမ်မှာဗျ..ပုသိမ်စျေးရုံကြီး အဝနားက ဆိုင်ခန်းလေးတစ်ခုမှာ ကတ်ဆက်ခွေဆိုင် ဖွင့်ထားတယ်..

နေတာက..ပုသိမ်တက္ကသိုလ်နားက ရွှေဝတ်မှုံရပ်ကွက်( စစ်တပ်အသိုင်းအဝိုင်းက မြေကွက်တွေယူပြီး အိမ်ဆောက်ထားတဲ့ ရပ်ကွက်) ယောက္ခမက ( အဲ့အချိန်က) ပုသိမ် နတခ ဗိုလ်မှူးတဲ့..။

သူမိန်းမက ပုသိမ်တက္ကသိုလ် သင်္ချာမေဂျာ တက်နေတာ..သူနဲ့က အသက်အတော်ကွာတယ်..ဦးနဲ့ သမီးအဆင့် မကဘူး..။

ထူးအိမ်သင်က အရမ်း ပေါက်နေတဲ့အချိန်..။

မြင့်မိုးအောင် ရေးတဲ့သီချင်းတွေကို ဆိုလို့ နာမည်ကြီးလာတာ မဟုတ်ဘူး…သူကိုယ်တိုင် ရေးထားတဲ့ နာရီပေါ်မှ မျက်ရည်စက်များ တေးစီးရီးနဲ့ နာမည်ကြီးခဲ့တာ..music မှာလည်း ဆရာကျသူ..။

အသေးစိပ် သိပ်မရေးချင်ဘူး..။

စိုင်းခမ်းလိပ် သီချင်းနဲ့ နာမည်ကြီးတဲ့ ဆိုင်ထီးဆိုင်ကို..စစ်တပ်က ဗိုလ်မှူးအဆင့် မြသန်းစံ က ဝင်ပူးပြီး..ပေါ်လစီ သီချင်းတွေ ဆိုဖြစ်အောင် လုပ်ခဲ့သေးတယ်..။

ဘာတဲ့..အလင်းစကား” ဆိုတဲ့ သီချင်း..။ ထူးအိမ်သင်ကိုလည်း ဒီလို မင်ရှင်မျိုး ဝင်လိုက်တာပဲ..။

ထူးအိမ်သင်က ပေါ်လစီသီချင်း တစ်ပုဒ်မှ မဆိုသွားဘူး..ပြတ်သားတယ်..။ အဓိက ပြောချင်တာက မြင့်မိုးအောင်ကြောင့် ထူးအိမ်သင်ဖြစ်လာတာ မဟုတ်ဘူး..။

ထူးအိမ်သင် ဆိုလိုက်လို့ မြင့်မိုးအောင် သီချင်း လူသိလာရတာ..။

ထူးအိမ်သင် မရှိတော့တဲ့နောက်ပိုင်း..မြင့်မိုးအောင် ရေးတဲ့ သီချင်းကို ထူးအိမ်သင်လို ပေါက်သွားအောင် ဆိုနိုင်တဲ့သူ ရှာကြည့်လိုက်လေ…တွေ့ပြီလား..😎😎😎။

ပြောပုံက ဆရာကြီးအထာနဲ့..မရင့်ကျက် တဲ့ တပည့်ဆိုးလေး ထူးအိမ်သင် အကြောင်း ပြောသလိုမျိုး..🤣🤣🤣🤣

ဘဲကြီးရေ…ဇွန်းတပ်ပြီး ရှယ်ရူးလိုက်ကွာ…🙄🤔

ခရစ်ဒစ်📌


Comments

Leave a Reply

Your email address will not be published. Required fields are marked *