ထူးအိမ်သင်၊ ဝေးသွားတဲ့အခါနဲ့ မြင့်မိုးအောင် သိဖို့

မြင့်မိုးအောင် မြင့်မိုးအောင်

ခင်ဗျားလည်း ငမိုက်သားထဲမှာပါတာပဲ။

ခင်ဗျားနှိပ်ချပြောဆိုလိုက်တဲ့သူက ၁၉၈၀ နောက်ပိုင်းကစပြီး ဒီနေ့အချိန်ထိ သူ့ကို ဘယ်သူမှမမှီသေးဘူးနော်
အရေး အဆို ပိုင်းရော Music Theory ပိုင်း မြန်မာနိုင်ငံကအဆိုတော်တွေထဲမှာ တူရိယာမျိုးစုံ တီးတတ်တဲ့အထဲမှာ No.1 ကထူးအိမ်သင် အကုန်တီးတတ်တယ် No.2 ကဦးညီထွဋ် ခင်ဗျားက ပိုနားလည်ပါတယ်

ဆေးမချတဲ့ အဆိုတော်ရှိရင်ပြပါအုံး မြင်ဖူးချင်လို့ပါ။

လူပဲဗျာ အိမ်နဲ့အဆင်ပြေတာရှိတယ် မပြေတာလည်းရှိမှာပဲလေ။

လေလွင့်ခြင်းလမ်းမများက ခင်ဗျားရေးတာမှန်တယ် ဆရာငှက်ဆိုလို့ အဲ့သီချင်းက နာမည်ကြီးတာ မယုံရင် အဲ့သီချင်းကို ဂျီဖက်တို့ ဘစိုင်းတို့ ထက်ယံ တို့ i Cool တို့ကို ဆိုခိုင်းကြည့်လေ

ခင်ဗျားသိထားဖို့က တေးရေးဆရာက အရေးကြီးတယ်ဆိုတာကိုလက်ခံတယ် ခင်ဗျားက မတောက်တခေါက်ပညာနဲ့ အဲ့သီချင်းကိုရေးခဲ့တာ ခင်ဗျားအဲ့အချိန်က ပချီပါချပ်ပဲရှိသေးတာ။ ခင်ဗျားမှတ်မိသေးလား တကယ်လို့များ သီချင်းကို ခင်ဗျားသူငယ်ချင်းနဲ့ လောင်းပြီးရေးခဲ့တာလေ။

သီချင်းတစ်ပုဒ်ကို အမြန်ဆုံးအရင်ပြီးတဲ့သူအနိုင်ဆိုပြီး လောင်းပြီး Copy သီချင်း IF ဆိုတဲ့ အဂ်လိပ်သီချင်း တိုတိုလေးကို အမြန်ရေးပြီး အနိုင်ယူခဲ့တာ။

ဘယ်သူမှသီချင်းတစ်ပုဒ်ကို နာရီပိုင်းအတွင်း မြန်မြန်မရေးဘူးလေ ခင်ဗျာရေးတဲ့သီချင်းကလည်း ဆရာငှက်ဆိုလို့ ပေါက်တာ ရှင်းလား

ခင်ဗျားသိအောင်နောက်ဆုံးပြောလိုက်မယ်
ခင်ဗျား ​ဂျင်းထဲချင်ရင် တာဇံတွေပဲသွားထဲ့လို့ရတယ်။

ခင်ဗျားက Copy တွေရေး IC က သူတွေကိုဆိုခိုင်း ချစ်စမ်းမောင်က ဂီတာကို လျာနဲ့တီးပြလိုက် နောက်ပြန်တီးပြလိုက်နဲ့ တာဇံတွေကို ဂျင်းထဲ့ခဲ့တာ။

ကိုယ်ပိုင်သံစဥ်လည်းရေးရော G Em C D ကနေမတတ်တော့ဘူး နာမည်ကြီးတီးဝိုင်း IC ကလည်း ခင်ဗျားရေပေးတဲ့ G Em C D နဲ့ ကလေးတောင်တီးတတ်တဲ့ ပုံစံတွေနဲ့ အခွေထွက်လာတာ။

ခင်ဗျားတို့မရှက်ပေမဲ့ သိတဲ့သူတွေက သိတယ် မပြောပဲနေ​နေတာပဲရှိတာ။

ကျွန်တော်တို့က သီချင်းတစ်ပုဒ်ကို နားထောင်ရင် စားသားကိုအရင်နားမထောင်ဘူး သီချင်းရဲ့ ကျောရိုး ဘယ် Key နဲ့ တီးလဲ ဘယ်လက်ကွက်တွေထဲ့ထားလဲ ဆဲဗင်းအသံ ဖလပ်အသံ ရှပ်အသံ အနိပ်အမြင့် အတတ်အကျတွေ စတဲ့ အချက်တွေကြည့်ပြီးမှာ သီချင်းဟာ နှစ်ပေါင်း ၃၀ ၄၀ အထိအောင်မြင်မယ်ဆိုတာ ခန့်မှန်းတာ ဒုတိယ အဆိုတော်ရဲ့ အသံ အနိမ့်အမြင့် အတတ်အကျ တွေနဲ့ အသံကြည်လင်ပျက်သားပြီး နားထောင်ရတာ ချိုနေရမယ် နားထဲမှာ အေးပြီး စိမ့်နေရမယ်။ နောက်ဆုံးမှ စာသားကိုဆုံးဖြတ်တာ။ ဒါက ဂီတာတီးတတ်တဲ့သူတိုင်း နားလည်းတယ်။

ဥပမာ Anonimousသီချင်း နာမည်ကြီးတယ်။ အသံ စာသား ဆွဲဆောင်မှုရှိတယ် ထူးဆန်းနေတာကို

ဒါပေမယ့် Music Frame ကိုကြည့်လိုက် ခင်ဗျားရေးသလိုပဲ Round Chord နဲ့ တီးထားတာ။

ကျွန်တော်အဲ့သီချင်းကိုနားထောင်တယ် Music Frame ကြည့်လိုက်ကတည်းက ရေရှည်မအောင်မြင်နိုင်ဘူးဆိုတာသိတယ်။

ဒါကြောင့် ဆရာငှက် အသက် ၂၀ မကျော်ခင်က ရေးခဲ့တဲ့ ဂီတနုတ် ၄၀ ကျော်တဲ့ မြန်မာနိုင်ငံမှာ တစ်ပုဒ်ထဲသောသီချင်း ကမ္ဘာမှာ အခုဂီတသမားတိုင်းကအကောင်းဆုံးပါလို့ ယူဆထားတဲ့ Hotel Calefonia သီချင်းထက် ဆရာငှက်အသက် ၂၀ မတိုင်ခင်မှာ ရေးထားတဲ့ Juss သီချင်းတစ်ပုဒ်ဖြစ်တဲ့ ဝေးသွားတဲ့အခါ သီချင်းရဲ့ အကြောင်းလေး ပြန်ပြီး ရေးတင်လိုက်ပါတယ်။

ခင်ဗျား အဲ့လိုရေးနိုင်တဲ့တစ်နေ့ အဲ့လို ခင်ဗျားရဲ့ မယားငယ် တုန်းပိတဲ့အသံနဲ့ အဲ့လိုသီချင်းကို ဆိုနိုင်တဲ့တစ်နေ့မှ ဆရာငှက်ကို ဝေဖန်ပါ။

ခင်ဗျားက Copy ရေးမယ် ကိုယ်ပိုင်သံစဥ်ရေးဆို Round Chord တွေနဲရေးမယ် ခင်ဗျားက နိုင်ငံခြားသိချင်းကို Copy ကူးပြီးရေးတယ်။

ပြီးတော့ အဲ့သီချင်းကို တစ်ခြားတစ်ယောက်က ဆိုလို့ ခင်ဗျားက နစ်တာတယ်ပြောတယ် သေချာလည်းစဥ်းစားအုံး။

ဂီတပွဲတွေမှာ ဒိုင်လုပ်တယ် ပိုက်ဆံရှာတယ်

ခင်ဗျားအကွက်တွေက ၃ တန်းကလေးဝတ်တဲ့ အကွက်တွေ။

ခင်ဗျားအရည်အချင်းရှိရင် ရေးလိုက်လေ ဆရာငှက်ရေးခဲ့တဲ့ သီချင်းတွေအတိုင်း။

မရေးနိုင်ပဲနဲ့ သူ့ကိုသူ တေးရေးဆရာတဲ့ ဟုတ်ပါတယ် တာဇံတွေအတွက်တော့ ခင်ဗျားက တေးရေးကောင်တးတဲ့ဆရာကြီးပေါ့ဗျာ။

ဆရာငှက်နဲ့ယှဥ်ရင် ခင်ဗျားရဲ့ တေးရေးပညာက မူကြိုအဆင့်ပဲရှိသေးတယ်ဆိုတာ သတိချပ်စေချင်ပါတယ်။

ဆရာငှက် ​​​​သီဆိုထားတဲ့ ဝေးသွားတဲ့အခါသီချင်းကို ဘာလို့ အထိမခံနိုင်ကြတာလဲ ?

ဝေးသွားတဲ့အခါ သီချင်းနဲ့ပတ်သက်ပြီး
ကျွန်တော်သိသလောက်လေး –

၁. ထူးအိမ်သင် အသက် ၂၀ မကျော်သေးခင်က ရေးထားတာ

၂. ကမ္ဘာ့ သီအိုရီ အရှုပ်ထွေးဆုံး Juzz Music ဖြစ်နေတာ

၃. စုံတွဲအဆိုရှင်လိုက်ရှာတော့ ထူးအိမ်သင်ဆိုတာ အဲ့ဒီအချိန်က အဆိုတော်သစ်ဆိုတော့ နာမည်ကြီး အဆိုတော်မိန်းကလေး မငှါးနိုင်။

၄. နောက်ဆုံး ဝေးသွားတဲ့ အခါ သီချင်းရဲ့ နုတ်စာရွက်လေးကို နာမည်ကြီး အဆိုတော်မ တစ်ယောက်က ထားခဲ့လေ ဖတ်ကြည့်လိုက်မယ်ဆိုပြီး အပေါ်စီးကပြောတာကို အောက်ကျ နောက်ကျ ခံခဲ့ရတဲ့ ဆရာ ထူးအိမ်သင်

၅. အဲ့ဒီအဆိုတော်မက ဖတ်ကြည့်ပြီးမှ စကေးတွေကို ကြည့်ပြီး သူမှားမှန်းသိသွားခဲ့တယ်။

၆. ဒီသီချင်းက ခက်ခဲကြောင်း၊ သူ မဆိုနိုင်ကြောင်း ထူးအိမ်သင်ကို ဝန်ခံခဲ့တယ်။

၇. ထူးအိမ်သင်ဟာ ဝေးသွားတဲ့အခါသီချင်းကို ဘယ်သူမှ စုံတွဲဆိုမပေးတာကြောင့် ပုသိမ်က သူ့သူငယ်ချင်းအရင်း သီချင်းတွဲဆိုနေကြ ပေါက်ပေါက်ကိုခေါ်ပြီး ဆိုခဲ့ရပါတယ်။

၈. ထူးအိမ်သင် က သူ့ကွယ်လွန်တဲ့အခါမှာ သူ့အုတ်ဂူမှာ ဝေးသွားတဲ့အခါ သီချင်းကို နုတ်နဲ့တစ်ကွ ကမ္ဗည်းထိုးဖို့မှာသွားခဲ့တယ်။

၉. ဝေးသွားတဲ့အခါ သီချင်းမှာ ဂစ်တာကော့ဒ် ပေါင်း ၄၀ လောက်ပါပါတယ်။ နိုင်ငံခြား Classical သီချင်းကြီးတောင် အမျိုး ၂၀လောက်ပဲ ပါတာများတယ်။

၁၀. ကိုယ်ပိုင်သံစဉ် သီချင်းဖြစ်ပါတယ်။

၁၁. မြန်မာ့ ဂီတလောက ရဲ့ မှတ်တိုင်ပါ။

၁၂. တေးရေးဆရာ ရွှေဂျော်ဂျော်တို့က ဝေးသွားတဲ့အခါသီချင်းနဲ့ ထူးအိမ်သင်ဟာ သူတို့ရဲ့ သင်ရိုးညွှန်းတမ်း အဖြစ်တင်စားခဲ့တယ်။

၁၃. ဂီတသမားစစ်စစ်တွေနဲ့ ထူးအိမ်သင်ပရိသတ်တွေ အမြတ်နိုးဆုံး ထူးအိမ်သင်သီချင်းတစ်ပုဒ်လည်းဖြစ်ပါတယ်။

Ryan Lim


Comments

Leave a Reply

Your email address will not be published. Required fields are marked *