Author name: Admin

အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ဒေသတချို့မှာ မိုးကြီး၊ မြေပြိုမှု ဖြစ်ပေါ်နိုင်

အားကောင်းတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ဒေသတချို့မှာ မိုးကြီး၊ မြေပြိုမှု ဖြစ်ပေါ်နိုင် Read More »

မင်းသမီးခိုင်နှင်းဝေပြန်လည်လှူဒါန်းမှုမှာ အမှန်တကယ်ငလျင်ဘေးသင့်သူတွေမရရှိ

ပျဉ်းမနားငလျင်ဘေး မင်းသမီးခိုင်နှင်းဝေပြန်လည်လှူဒါန်းမှုမှာ အမှန်တကယ်ငလျင်ဘေးသင့်သူတွေမရရှိတာကြောင့် ဝေဖန်ထောက်ပြသူများနေ

မင်းသမီးခိုင်နှင်းဝေပြန်လည်လှူဒါန်းမှုမှာ အမှန်တကယ်ငလျင်ဘေးသင့်သူတွေမရရှိ Read More »

လေးနှစ်ကျော်ရပ်နားထားတဲ့ လမ်းမတော်ပွဲဈေး ပြန်ကျင်းပ

ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်မှာ တန်ဆောင်မုန်းလရောက်တိုင်း နှစ်စဉ်ကျင်းပလေ့ရှိတဲ့ လမ်းမတော်ပွဲစျေးကို ရန်ကုန်တိုင်း စစ်ကောင်စီက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုစျေးရောင်းပွဲတော်အဖြစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ကျင်းပနေပါတယ်။ လမ်းမတော်ပွဲစျေးကို လေးနှစ်ကျော်ကြာ ရပ်နားခဲ့ပြီးနောက် အခု တစ်ကျော့ပြန် ကျင်းပတာလည်းဖြစ်ပါတယ်။ ပုစွန်တောင်မြို့နယ်က ရေကျော်ပွဲစျေးကိုလည်း ရန်ကုန်တိုင်း စစ်ကောင်စီက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်လည်ကျင်းပခဲ့ပါတယ်။ Photo: ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်ရှိ လမ်းမတော်ပွဲစျေးအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်

လေးနှစ်ကျော်ရပ်နားထားတဲ့ လမ်းမတော်ပွဲဈေး ပြန်ကျင်းပ Read More »

နောင်ချိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံး

နောင်ချိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံးပြီး စစ်သုံ့ပန်း ၁၉ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းစခန်းအနီး ကျောက်ဂူ -ကျောက်ဆုံနှင့် တောင်ခမ်း အမြောက်တပ်စခန်းတွင် တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၅ ဦးသေဆုံးကာ ၁၉ ဦး အရှင်ဖမ်းမိခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ယမန်နေ့ညပိုင်း ထုတ်ပြန်သည်။ ယမန်နေ့ ဒီဇင်ဘာလ ၉ ရက်နေ့ နောင်ချိုမြို့နယ်၊ တောင်ခမ်းတပ်စခန်းအနီး ကျောက်ဂူ-ကျောက်ဆုံတွင် တအာင်းတပ်မတော် TNLA၊ DPLA တို့ ပူးပေါင်း တပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင် စီတို့ကြား တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်သား အလောင်း ၁၅ လောင်း၊ စစ်သုံ့ပန်း ၁၇ ဦးနှင့်အတူ လက်နက်ခဲမျိုးစုံ ၂၈ လက်၊ ခဲယမ်းများစွာ

နောင်ချိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံး Read More »

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ၆ ရက်​မြောက်​​နေ့ စစ်ကောင်စီတပ်စွဲရာ နေရာအချို့ KIA ထပ်မံသိမ်းပိုက်

လေကြောင်းတိုက်ခိုက်မှု၊ ဝေဟင်ထောက်ပံ့မှု စစ်ကောင်စီ အားပြုခုခံ​​နေ ကချင်ပြည်နယ် ဗန်းမော်မြို့ သိမ်းပိုက်နိုင်ရေး ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်တပ်များက ထိုးစစ်ဆင်လျက်ရှိရာတိုက်ပွဲ ၆ရက်မြောက်နေ့ဖြစ်သည့် ယနေ့ (ဒီဇင်ဘာ ၉ရက်)တွင် စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို KIAက ထပ်မံ သိမ်းပိုက်နိုင်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။ ဒီဇင်ဘာ ၄ရက်မှ စတင်ခဲ့သည့် ဗန်းမော်မြို့နှင့် မံစီမြို့နယ်မှလက်ကျန်စစ်စခန်းများသိမ်းပိုက်နိုင်ရေး KIA၏ ထိုးစစ်တွင် စစ်ကောင်စီ ကာကင်းစခန်းများ အပါအဝင် စစ်ကောင်စီ တပ်စွဲရာနေရာများစွာကို သိမ်းပိုက်ထားပြီး ရဲစခန်း၊ လေယာဉ်ကွင်း အနီးနှင့် စကခ-၂၁(အမှတ် ၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်)နေရာအနီးအပါအဝင် ဗန်းမော်မြို့တွင်း တိုက်ပွဲ ဆက်လက်ပြင်းထန်​နေ​ကြောင်းစစ်​ရေးရင်းမြစ်အချို့က​ပြောသည်။ ဒီဇင်ဘာ ၉ ရက်တွင် ဗန်း​မော် တက္ကသိုလ်နယ်မြေ ရန်သူတပ်စွဲနေရာကို သိမ်းပိုက်နိုင်သကဲ့သို့ ဗန်းမော်-မိုးမောက်ကြား ၆မိုင်နေရာတွင် ခဲယမ်းများ ဆက်လက်သိမ်းဆည်းနိုင်ခဲ့ဟု စစ်ရေးသတင်းရင်းမြစ်က

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ၆ ရက်​မြောက်​​နေ့ စစ်ကောင်စီတပ်စွဲရာ နေရာအချို့ KIA ထပ်မံသိမ်းပိုက် Read More »

စစ်ရှုံးနေသော်လည်း မင်းအောင်လှိုင် နိုင်ငံတစ်ဝန်းပွဲနှင့်အခမ်းအနားများ ဆက်တိုက်တက်မည်

မြို့များ၊ တပ်စခန်းများနှင့်တိုင်းစစ်ဌာနချုပ်များကို လက်လွှတ်ဆုံးရှုံးမှုများဖြင့် စစ်ရှုံးနေသော်လည်း မင်းအောင်လှိုင် နိုင်ငံတစ်ဝန်းပွဲနှင့်အခမ်းအနားများ ဆက်တိုက်တက်မည် မြို့များနှင့်တိုင်းစစ်ဌာနချုပ်များ လက်လွှတ်ဆုံးရှုံးမှုများဖြင့် စစ်ရှုံးနေသော်လည်း မင်းအောင်လှိုင် နိုင်ငံတစ်ဝန်း ပွဲနှင့်အခမ်းအနားများ ဆက် တိုက်တက်ရောက်မည်ဖြစ်ကြောင်း နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရန်ကုန်၊ နေပြည်တော်၊ ပြင်ဦးလွင်တို့တွင် ယခုဒီဇင်ဘာလအတွင်း ပွဲများနှင့် အခမ်းအနား ၅ ခုထက်မနည်းကို ဆက်တိုက် တက်ရောက်မည်ဖြစ်ကြောင်း သိရှိရသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာလ ၂၄ ရက်နေ့ ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ် သန်လျက်စွန်းရှိ ဧရာဝတီ ရေတပ်စခန်းဌာနချုပ်တွင် ၇၇ နှစ်မြောက် ရေတပ် နှစ်ပတ်လည်ပွဲ တက်ရောက်မည်ဖြစ်ပြီး ရေတပ်စခန်းဌာနချုပ်ရှိ ဘောလုံးကွင်း၌ ဈေးရောင်းပွဲနှင့် ပျော်ပွဲရွှင်ပွဲအတွက် ပြင်ဆင်နေကြောင်း သိရသည်။ ထို့ပြင် အခမ်းအနားကျင်းပမည့် နံနက်ပိုင်း သန်လျင်ရေတပ်

စစ်ရှုံးနေသော်လည်း မင်းအောင်လှိုင် နိုင်ငံတစ်ဝန်းပွဲနှင့်အခမ်းအနားများ ဆက်တိုက်တက်မည် Read More »

စစ်သားများနှင့် တပ်မိသားစုများ ပိတ်မိနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဝင်းအတွင်းသို့ စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးများဆက်တိုက် ကျဲချနေ

အမ်းရှိ စစ်သားများနှင့် တပ်မိသားစုများ ပိတ်မိနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဝင်းအတွင်းသို့ စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးများဆက်တိုက် ကျဲချနေသဖြင့် လက်အောက်ငယ်သားများ၏ အသက်ကို အလေးမထားတော့ဟုဆို ရခိုင်ပြည်၊အမ်းမြို့နယ်ရှိ စစ်သားများနှင့် တပ်မိသားစုများ ပိတ်မိနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးကျဲချနေကြောင်း AA သတင်းရင်းမြစ်နှင့် တပ်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။ ယနေ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တွင် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်များက စစ်လေယာဉ်များဖြင့် ဗုံးများ အဆက် မပြတ် ကျဲချခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများ ပိတ်မိနေသော နပခဌာန ချုပ်ဝင်းအတွင်းအထိပါ စစ်လေယာဉ်များဖြင့် ဗုံးကျဲခြင်းဖြစ်ကြောင်း AA သတင်းရင်းမြစ်က ပြောသည်။ “နပခတိုင်းစစ်ဌာနချုပ် ဝင်းထဲကိုပါ ဗုံးတွေ လေယာဉ်တွေနဲ့ ကျဲတယ်။ ရော့ကတ်တွေနဲ့ပါ ပစ်တာ။ ပစ်တဲ့နေရာတွေက သူ့လူတွေနဲ့ ဘန်ကာတွေ ရှိတဲ့နေ ရာတွေအထိပါ

စစ်သားများနှင့် တပ်မိသားစုများ ပိတ်မိနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဝင်းအတွင်းသို့ စစ်ကောင်စီက လေယာဉ်များဖြင့် ဗုံးများဆက်တိုက် ကျဲချနေ Read More »

နေပြည်တော်တွင် ဧည့်စာရင်းစစ်ပြီး စစ်သားသစ်စုဆောင်းနေ

ရခိုင်နှင့် ကချင်တွင် စစ်ရှုံးနေသော စစ်ကောင်စီသည် လက်အောက်ခံ MRTV မှ နိုင်ငံသားတိုင်း စစ်မှုထမ်း ကြရန် လှုံ့ဆော်နေသလို စစ်ဗိုလ်ချုပ်ကြီးများ ရုံးစိုက်ရာ နေပြည်တော်ပါမချန် ဧည့်စာရင်းစစ်ကာ အတင်း အကျပ် စစ်သားစုနေသည်။ စစ်ဗိုလ်ချုပ်ကြီးများ ရုံးစိုက်ရာ နေပြည်တော်ရှိ အိမ်များကို လဆန်းပိုင်းတွင် ဧည့်စာရင်းဝင်စစ်သည့်နည်း ဖြင့် အိမ်တိုင်ရာရောက် စစ်သားသစ် စုဆောင်းနေသောကြောင့် လူငယ်အများအပြား တိမ်းရှောင်နေကြရသည်ဟု မြို့ခံများက ပြောကြသည်။ ရခိုင်ပြည်နယ်နှင့် ကချင်ဒေသတွင် စစ်ရှုံးနေသော စစ်ကောင်စီတပ်က အရေးတကြီးလိုအပ်သော စစ်သည်အင်အားအတွက် ပြည်သူ့စစ်မှုထမ်း သင်တန်းများ ဆက်တိုက် ဖွင့်နေရာ စစ်သင်တန်းအပတ်စဉ် (၇) ပင် ရောက်ရှိနေပြီဖြစ်သည်။ ဒီဇင်ဘာ ၃ ရက် ည ၉ နာရီခန့်က ပျဉ်းမနားမြို့၊ ဈေးကုန်းရွာနှင့် သူဌေးကုန်းရွာတို့တွင်

နေပြည်တော်တွင် ဧည့်စာရင်းစစ်ပြီး စစ်သားသစ်စုဆောင်းနေ Read More »

ကျောက်ဂူဒေသ တိုက်ပွဲများအတွင်း DPLAမှ လက်နက်များသိမ်းဆည်းရမိ

ကျောက်ဂူဒေသ တိုက်ပွဲများအတွင်း DPLAမှ လက်နက်များသိမ်းဆည်းရမိ စစ်ကောင်စီတပ်ဘက်မှ (၅၀)ကျော်‌ ‌ကျဆုံးပြီး အများအပြားဒဏ်ရာရရှိ ရက်စွဲ။ ။ဒီဇင်ဘာလ(၉)ရက်၊ ၂၀၂၄ခုနှစ် ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး DPLA သည် စစ်ကောင်စီတပ်ထံမှ လက်နက်များ သိမ်းဆည်းရမိခဲ့သည်။ နိုဝင်ဘာလ(၃၀)ရက်နေ့မှ စတင်၍ တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်ပြီး ၁၀ရက်တာကာလ အတွင်း စစ်ကောင်စီတပ်ဘက်မှ (၅၀)ကျော် ကျဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့သည်။ လက်ရှိတိုက်ပွဲဖြစ်ပွားနေသည့် နေရာဒေသရှိ ပြည်သူလူထုအနေဖြင့် စစ်ကောင်စီတပ်နှင့် ဝေးဝေးမှနေထိုင်ကြရန် နှင့် ဘေးကင်းလုံခြုံသည့်နေရာများတွင်သာ စစ်ဘေးရှောင်ကြရန် မေတ္တာရပ်ခံ သတိပေးအပ်ပါသည်။ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA)သည် ကျောက်ဂူဒေသတွင် စစ်ကောင်စီနယ်မြေခံတပ်များ ဖြစ်သည့် ကျောက်ဂူအမြောက်တပ်( အမတ ၃၄၉)၊ နောင်ဝိုးတပ် (ခလရ ၂၉၂)နှင့် နောင်ချိုမြို့နယ် တောင်ခမ်း သို့ ရပ်စောက်ဘက်မှ

ကျောက်ဂူဒေသ တိုက်ပွဲများအတွင်း DPLAမှ လက်နက်များသိမ်းဆည်းရမိ Read More »

Scroll to Top