KNU တပ်မဟာ(၅)နယ်မြေရှိ စခန်း ၃ ခုကို စစ်ကောင်စီတပ် စွန့်ခွာ

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၅) နယ်မြေ၊ ကရင်ပြည်နယ် ဖာပွန်ခရိုင် (မူတြော်) အတွင်းရှိ တပ်စခန်းသုံးခုကို စစ်ကောင်စီတပ်သားများက စွန့်ခွာသွားကြကြောင်း KNU တပ်မဟာ (၅) ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒို့ထံက သိရသည်။ မေလအတွင်း KNU တပ်မဟာ (၅) နယ်မြေ၊ ဒါးဂွင်နှင့် ဖာပွန်ကားလမ်းအဟောင်းဘေးရှိ လယ်တိုးနှင့် မော်ဖိုးကျိုးစခန်း၊ သံလွင်မြစ်ကမ်းနှင့် တမိုင်သာကွာဝေးသည့် ကျောက်ညှပ်(ဝလူ)စခန်း စသည့်စခန်းများကို စစ်ကောင်စီတပ်သားများက စွန့်ခွာသွားခြင်းဖြစ်သည်ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ” ကျောက်ညှပ်စခန်းတော့စွန့်ခွာသွားတယ်နော်။ တပါတ်လောက်နီးနီးရှိပြီလို့ပြောတယ်။ ဒီစခန်းက သံလွင်မြစ်ကမ်းနဲ့တမိုင်လောက်ပဲ ဝေးမယ်၊ ဝဲကြီးအပေါ်ဘက်မှာ တည်ရှိတယ်။ ပြီးတော့ လယ်တိုးနဲ့မော်ဖိုးကျိုးစခန်းစွန့်ခွာပြီလို့ အပြင်မှာတော့ ကြားရတယ်။ ဒါပေမယ့် တရားဝင် အဖိုးကိုမပြောသေးဘူးနော်။ ဒီစခန်းတွေက ဗြိတိသျှခေတ်က ဖောက်ထားတဲ့ ထိုင်းနယ်စပ် … Read more

ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၁၀ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်တပ်စခန်း ၅ ခုကို သိမ်းပိုက်ရရှိ

စစ်ကောင်စီတပ်သားများ၏ အလောင်းများ အစုလိုက်အပြုံလိုက် ပြန့်ကျဲနေ ကချင်ပြည်နယ်၊ ၀ိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၁၀ ခုကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်တပ်စခန်း ၅ ခုကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်ကပြောဆိုသည်။ မေလ ၁၈ ရက်နေ့ နံနက် ၅ နာရီမှစတင်၍ ၀ိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများ အခြေစိုက်ထားသော ကဇူး၊ ဒဘတ်၊ ဂါးရာယန်၊ ရွှေညောင်ပင်၊ ခလရ ၃၂၁ တပ်စခန်း ၊ ဒိန်ဂါ၊ လိုင်ဖောင်၊ ဘင့်ပူကောင်၊ အောင်မြေ- ၁ အပါအဝင် စစ်ကောင်စီတပ်စခန်း ၁၀ ခုကို KIA နှင့် PDF ပူးပေါင်းတပ်များက တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ “ရွှေညောင်ပင်မှာရှိတဲ့ ရွှေမင်းပြည်သူ့စခန်းကိုလည်းသိ မ်းလိုက်ပြီ။ … Read more

ရွှေလှေ တံတားအနီး လင်းသီကျေးရွာတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်ထိတွေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် ဆုတ်ခွာနေရ

ရခိုင်ပြည် သံတွဲမြို့နယ်၊ ရွှေလှေ တံတားအနီး၊ လင်းသီကျေးရွာတွင် မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်နှင့် အာရက္ခာတပ်တော်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက ဆုတ်ခွာနေရကာ နေအိမ်တစ်ချို့မီးလောင်နေကြောင်း ဒေသခံများထံမှ သိရသည်။ စစ်ကောင်စီက ကြည်း၊ ရေ၊ လေ တပ်အင်အား သုံးခုစလုံးဖြင့် ရွှေလှေတိုက်နယ်ကျေးရွာများအား တိုက်ခိုက်နေခြင်းဖြစ်ပြီး လင်းသီရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို အာရက္ခတပ်တော် AA က မေလ၁၇ရက်နေ့ မွန်းလွဲပိုင်းမှ စတင်ကာတိုက်ခိုက်နေကြောင်း သိရသည်။ “ လင်းသီမှာရှိတဲ့ တပ်က အပြီးအပိုင် ဆုတ်တာလားတော့မသိဘူး၊ ဒီနေ့မနက် ရွှေလှေဖက်ကို ဆုတ်သွားတယ်။ လင်းသီကျေးရွာမှာ စစ်ကောင်စီပစ်လို့ နေအိမ်တွေမီးလောင်နေတယ်။ ပစ္စည်း တွေအခိုးခံရတာ ရှိတယ်။ အနီးအနားရွာတွေလည်း လက်နက်ကြီးကျလို့ မီးလောင်တာ တွေရှိတယ်။ လင်းသီက … Read more

ဘူးသီးတောင်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို AA သိမ်းပိုက်လိုက်ပြီ

ဘူးသီးတောင်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို AA သိမ်းပိုက်လိုက်ပြီ (ထွက်ပြေးနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မြေပြင်တိုက်ပွဲပြင်းထန်နေဆဲ) ရခိုင်ပြည်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို အာရက္ခတပ်တော်(AA)က မေလ ၁၇ ရက် ညအချိန်တွင် အပြီးသတ်သိမ်းပိုက်လိုက်ပြီဟု ခိုင်လုံသည့် သတင်းရင်းမြစ်များထံမှ သိရသည်။ လက်ရှိတွင် ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများကို AA က လိုက်လံရှင်းလင်းနေ၍ မြေပြင်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံပစ်ခတ်နေကြောင်း သိရသည်။ “ကျန်နေသေးတဲ့ တပ်ရင်းနှစ်ခုနဲ့ ဘူးသီးတောင်ဗျူဟာကို အပြင်းအထန်ထိုးစစ်ဆင်ပြီး အေအေက သိမ်းလိုက်ပြီ။ ဘာစခန်းမှ မကျန်တော့ဘူး။ ဒါပေမယ့် စစ်ကောင်စီတပ်သားတချို့ ပြန့်ကြဲထွက်ပြေးနေတာရှိတယ်။ ဒါတွေကို အေအေက လိုက်ရှင်းပြီးတိုက်ပွဲဖြစ်နေတာ။ အခု စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲနေတယ်” ဟု ခိုင်လုံသည့် သတင်းရင်းမြစ်တစ်ဦးက … Read more

ဂန့်ဂေါမှာ စစ်အုပ်စုက အဖိုးအိုတစ်ဦးကို ငယ်ပါဖြတ်သတ်၊ အိမ်ခြေ(၂၈၀) မီးရှို့ဖျက်ဆီး

ဂန့်ဂေါမှာ စစ်အုပ်စုက အဖိုးအိုတစ်ဦးကို ငယ်ပါဖြတ်သတ်၊ အိမ်ခြေ(၂၈၀) မီးရှို့ဖျက်ဆီး YDF ရဲဘော်နှစ်ဦးကို မီးမြှိုက်သတ်တဲ့ မြောက်ခင်းရန်ရွာ ပျူတွေက ကျူးလွန်တာ ဖြစ်၊ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း၊ ရွှေဘိုရွာကို စစ်အုပ်စုနဲ့ပျူတွေက စီးနင်းပြီး ထွက်မပြေးနိုင်တဲ့ အဖိုးအို တစ်ဦးကို ပါးစပ် အဝတ်စည်းကာ ငယ်ပါကို ဖြတ်ပြီး ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သလို ရွာထဲက အိမ်ခြေ (၂၈၀)ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ သတင်ရင်းမြစ်ကပြောပါတယ်။ မေ(၁၆)ရက် မနေ့က မနက်ပိုင်း ဂန့်ဂေါနယ်၊ မြောက်ခင်ရန်းရွာ ပျူစောထီး စခန်းကနေ ရိက္ခာရှာ ထွက်တဲ့ စစ်အုပ်စုနဲ့ ပျူ အင်အား(၃၀၀)လောက်ဟာ ‌မြောက်ခင်ရန်းရွာနဲ့ နှစ်မိုင်ခန့်သာ ဝေးတဲ့ ရွှေဘိုရွာနဲ့ ရေသာရွာကို နှစ်ဖွဲ့ခွဲ စီးနင်းတာလို့ ဆိုပါတယ်။ အဲ့ဒီ … Read more

မြင်းခြံမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ဗျူဟာမှူး အပါအဝင် ၆ ဦးသေဆုံး

မြင်းခြံမြို့နယ်တွင် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု ဗျူဟာမှူး အပါအဝင် ၆ ဦးသေဆုံး မုံရွာမြို့နယ်ရှိ တောပုရွာ ပျူစောထီး စခန်းကို လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာရှည်ရွာကို မီးရှို့ပြီး ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပေပါ မိုင်းဆွဲဖြင့် ဖောက်ခွဲ တိုက်ခိုက်ရာ ဗျူဟာမှူး အပါအဝင် စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ပုဂံပြည် ဘီလူးတပ်မှ ကိုဇီးကပြောကြားသည်။ မေလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီ မိနစ် ၄၀ အချိန်ခန့်တွင် မြင်းခြံမြို့နယ်၊ ရွာရှည်ရွာကို မီးရှို့ပြီး ကိုင်းရွာဘက် သို့ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပဒေသာမိုင်း ၃ … Read more

ဒေါန​တောင်​ပေါ်တွင် နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်

အောင်​ဇေယျစစ်​ကြောင်း ​ဒေါန​တောင်တွင် ​သေဆုံး ဒဏ်ရာရသူ စုစု​ပေါင်း ၄၀၀ ခန့်ရှိ​နေပြီဟု စစ်​ရေးရင်းမြစ်​ပြော “မကြာတော့ဘူးသူတို့ တုံးလုံးပတ်လက်ဖြစ်တော့မယ်။ သူတို့ကလည်း နိုင်ငံတော်အဆင့်၊ ဒီဘက်ကလည်း ကလေးတွေက သိတဲ့အတိုင်းပဲ” -ကရင်စစ်​ရေးရင်းမြစ် စစ်​ကြောင်းထိုးလာသည်မှာ ရက် ၄၀ ကျော်လာ​သော်လည်းဒေါနတောင်ပေါ်၌ ရှေ့ဆက်မတိုးနိုင်ဘဲ ရပ်တန့်နေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကရင်စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ မေလ ၁၆ရက်နှင့် မေလ ၁၇ရက်တွင် ဒေါနတောင်ပေါ်၌ စစ်ကောင်စီ​၏ အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ဂျက်ဖိုက်တာ နှစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ၎င်းတို့က ပြောသည်။ ​ “နှစ်ရက်ဆက် တိုက်ပွဲကပြင်းတယ်။ ၁၆ရက်နေ့က ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ်၊ ဒီနေ့ က တစ်ကြိမ်လာကြဲတယ်။ ရဲဘော်တွေ ဘေးကင်းပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက … Read more

ရွှေဘို မြို့ပေါ်တွင် တပ်စွဲထား‌သော စစ်တပ်ကို PDF ဝင်တိုက်၊ သုံးဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို PDF တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ သုံးဦး ပွဲချင်းပြီး သေဆုံးကြောင်းသိရသည်။ မေလ ၁၇ရက်၊ နံနက် ငါးနာရီခွဲခန့်တွင် ရွှေဘိုမြို့ပေါ် အမှတ်ငါးရပ်ကွက်ရှိ ဘုန်းကြီးကျောင်းထဲ၌ တပ်စွဲထားသော အင်အား ၃၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ကို ရှေ့ထွက်မိုင်း တစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ပြီးနောက် လက်နယ်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ထိတွေ့တိုက်ပွဲ ၁၅မိနစ်ခန့်ဖြစ်ပွားကာ စစ်သားအများအပြားလည်း ဒဏ်ရာရရှိခဲ့ကြောင်း Buffalo Soldiers Freedom Force က သတင်းထုတ်ပြန်သည်။ “ မိုင်းက တစ်ချက်ပဲဆွဲပေးပြီး ဘုန်းကြီးကျောင်းထဲ လက်နက်ငယ်နဲ့ဝင်ပစ်တာ။ ကိုယ့်ဘက်က နေရာ အရန်သင့်ယူပြီး ပစ်ရတာဆိုတော့ ကိုယ့်ဘက်ကတော့ အန္တရာယ်ကင်းတာပေါ့” ဟု Buffalo Soldiers Freedom Force တပ်ခွဲမှူး ရဲဘော်မျိုးမင်းက … Read more

ပခုက္ကူ၊ တင်းဂါတ်ရွာအနီး စစ်ဆေးရေးဂိတ်ကို အီနာဂါဗုံးသီးအလုံး ၂၀ ကျဲချ

ပခုက္ကူမြို့နယ်၊ တင်းဂါတ်ရွာအနီး စစ်ဆေးရေးဂိတ်ကို အီနာဂါဗုံးသီးအလုံး ၂၀ ကျဲချတိုက်ခိုက်မှု စစ်သား၊ ပျူစောထီး ၈ ဦး ဒဏ်ရာရ (ရုပ်/သံ) မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပခုက္ကူ-ပေါက် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ် စစ်ဆေးရေး ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း မြိုင် ပကဖ အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ မေလ ၁၆ ရက်နေ့တွင် မွန်းလွဲ ၃ နာရီ ၅ မိနစ်ခန့်တွင် ပခုက္ကူမြို့နယ် တင်းဂါတ်ရွာအနီး ပခုက္ကူ-ပေါက် လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး တပ်ဖွဲ့များက အီနာဂါ ဗုံးသီး ၂၀ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ … Read more

ရွှေညောင်ပင်တိုက်ပွဲတွင် စစ်ကောင်စီ‌တိုက်လေယာဉ်တစ်စီးကို KIA ပစ်ချ

ကချင်ပြည်နယ် ဝိုင်းမော်မြို့အနီး ရွှေညောင်ပင်ကျေးရွာမှ စစ်ကောင်စီတပ်၏ ခလရ (၃၂၁)တပ်စခန်းတိုက်ပွဲတွင် တိုက်လေယာဉ်တစ်စီးကို KIA က ပစ်ချလိုက်ကြောင်း သိရသည်။ အဆိုပါတပ်စခန်းကို ကချင်လွတ်လပ်ရေတပ်မတော်(KIA)နှင့် KPDFက ယနေ့ ၂၀၂၄ခုနှစ် မေလ(၁၈)ရက်နေ့ နံနက်ပိုင်းမှစတင် ထိုးစစ်ဆင် တိုက်ခိုက်နေရာ ဗုံးလာကြဲသည့် စစ်ကောင်စီတိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ “ရွှေညောင်ပင် ခလရ(၃၂၁)တပ်တိုက်ပွဲမှာ တိုက်လေယာဉ်တစ်စီး ပစ်ချနိုင်တာ အတည်ပြုပါတယ်။ မနက်(၁၀)နာရီလောက်မှာပါ။”ဟု KIA ရဲဘော်တစ်ဦးက ပြောသည်။ KIA သည် ယနေ့နံနက်ပိုင်းတွင် ရွှေညောင်ပင် ဂါးရာယန်၊ မြစ်ကြီးနား-လိုင်ဇာလမ်း၊ ကဇူး၊ ဒဘတ်တပ်စခန်းများကို တပြိုင်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သိရသည်။ ထို့အပြင် မိုးမောက်နှင့် မံစီမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက်နေရာ တိုက်ပွဲပြင်းထန်ပြီး နေအိမ်အများအပြား ပျက်စီးကာ ဒေသခံများ … Read more