ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်က တပ်ပြေး အလွန်များပြားမှု သတင်း ဖုံးဖိထား

ဟိုပုံး၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ အရာရှိနှင့်စစ်သည်များ ရှေ့တန်းထွက်ခိုင်း၍ တပ်မှ စွန့်ခွာ ထွက်ပြေး ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်က တပ်ပြေး အလွန်များပြားမှု သတင်း ဖုံးဖိထား ရှမ်းပြည်နယ်(‌တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ တပ်မတော် ကွန်ပျူတာနှင့် နည်းပညာ သိပ္ပံကျောင်း(တကန)မှ အရာရှိနှင့် စစ်သည်များသည် ရှေ့ထွက်ခိုင်းနေ၍ တပ်မှ စွန့်ခွာ ထွက်ပြေးမှု များပြားနေကာ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်သိန်းနိုင်က တပ်ပြေး များပြားမှု သတင်းများကို စစ်ကောင်စီထံ မတင်ပြဘဲ ဖုံးဖိထားကြောင်း တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအတွင်း မိုင်းပွန်၊ ဟိုပုံး၊ ဆီဆိုင်မြို့နယ်များတွင် တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီ တပ်များအကြား တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ယင်းတိုက်ပွဲများတွင် ဟိုပုံးတပ်မတော် ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ အရာရှိနှင့် … Read more

မြန်မာစစ်အာဏာရှင် တိုက်ထုတ်ရေး စစ်ပွဲများတွင် တော်လှန်ရေးတပ်များဘက်မှ စေတနာ့ ဝန် ထမ်း နိုင်ငံခြား သားစစ်သည်တချို့ ပါဝင် တိုက်ခိုက်

မြန်မာစစ်အာဏာရှင် တိုက်ထုတ်ရေး စစ်ပွဲများတွင် တော်လှန်ရေးတပ်များဘက်မှ စေတနာ့ ဝန် ထမ်း နိုင်ငံခြား သားစစ်သည်တချို့ ပါဝင် တိုက်ခိုက် ယခုနှစ်ကုန်ပိုင်း ဗြိတိန်၊ အမေရိကန်၊ ကနေဒါနှင့် သြစတြေးလျတို့မှ စစ်သည်ဟောင်း ၆ ဦးမှ ၁၀ ဦးပါ အဖွဲ့က မြန်မာတော်လှန်ရေးတပ်ဖွဲ့များကို လာရောက် ကူညီမည် မြန်မာစစ်အာဏာရှင် တိုက်ထုတ်ရေး စစ်ပွဲများတွင် တော်လှန်ရေးတပ်များဘက်မှ စေတနာ့ဝန် ထမ်း နိုင်ငံ ခြားသား စစ်သားဟောင်းတချို့ ပါဝင်တိုက်ခိုက်နေကြောင်း Aljazera သတင်းဌာနက ယမန်နေ့ သတင်းဖော်ပြသည်။ မြန်မာစစ်တပ်ကို ဆန့်ကျင်သည့်စစ်ပွဲများတွင် တော်လှန်ရေးတပ်များနှင့်အတူ လေ့ကျင့် တိုက်ပွဲဝင်နေသော နိုင်ငံခြား သား အရေအတွက် နည်းပါးသော်လည်း ဗြိတိန်စစ်သားဟောင်း ၁ ဦးနှင့် အမေရိကန် တိုက်ခိုက်ရေးသမား ၁ ဦးတို့ … Read more

ရွှေမှော်၊ ပယင်းမှော်များရှိရာ တနိုင်းမြို့နယ်မှ အရေးကြီး စစ်စခန်းကို KIA ပြန်သိမ်း

၆ နှစ်ကြာ လက်လွှတ်ထားခဲ့ရသည့်၊ ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင် တည်ရှိသည့် နမ်ဗျူစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်လိုက်သည်။ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်း နမ်ဗျူစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက ယမန်နေ့ (မေလ ၁၆ ရက်) နံနက်တွင် သိမ်းပိုက်လိုက်သည်ဟု သိရသည်။ ထိုစခန်းသည် KIA ၏ လှုပ်ရှားနယ်မြေကိုသာမက ဒေသတွင်း ရွှေမှော်၊ ပယင်းမှော်များကိုပါ ထိန်းချုပ်ထားနိုင်သည့် နေရာတွင် တည်ရှိသည်ဟု KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ “နမ်ဗျူ၊ နမ်ခမ်းဘက်မှာ ရွှေမှော်တွေရှိတယ်၊ နောက် ပယင်းမှော်တွေရှိတယ်၊ ဆိုတော့ စီးပွားရေးအရလည်း အရေးကြီးတဲ့ စခန်းတစ်ခုဖြစ်ပါတယ်။ နောက်ပြီး တပ်ရင်း ၁၄ နယ်မြေကို ထိန်းချုပ်ထားနိုင်တဲ့ စခန်းဖြစ်တဲ့အတွက် … Read more

စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံး

မတ္တရာမြို့နယ်ရှိ တံငါရွာ၌ တပ်စွဲထားသော စစ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာရှိ ရဲစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်သား၊ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း ယူနီကွန်းပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။ ယမန်နေ့ မေလ ၁၆ ရက် ည ၁ နာရီခန့်က စစ်ကိုင်းမြို့နယ်၊ မင်းကွန်းရဲစခန်း၌ အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော အကြမ်းဖက်စစ်သား၊ ရဲများကို အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် နန်းတော်ကျွန်းဘက်မှ လက်နက်ကြီးပစ်ကူပေးခဲ့သည့် အပြင် စစ်ကိုင်းမြို့မှ သံပြားကာ ကား ၂ စီး ဖြင့် အင်အားဖြည့်တင်းခဲ့ကြောင်း သိရသည်။ … Read more

စစ်သားများကို ခုခံတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၀ ကျော် သေဆုံးပြီး သေနတ် ၉ လက် သိမ်းဆည်းရရှိ

ရေစကြိုမြို့နယ်ရှိ PDF စခန်းတစ်ခုကို ဝင်ရောက် စီးနင်းသည့် စစ်သားများကို ခုခံတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၀ ကျော် သေဆုံးပြီး သေနတ် ၉ လက် သိမ်းဆည်းရရှိ စစ်တပ်က ကျောက်ထပ်ကျေးရွာမှ ပြည်သူ ၁ ဦး ပစ်သတ်ပြီး ကျေးရွာ ၂ ရွာမှ ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားကာ ဇီးတောရွာကို မီးရှို့ဖျက်ဆီးခဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်းရှိ‌ PDF စခန်းတစ်ခုကို ဝင်ရောက် စီးနင်းသည့် စစ်သားများကို ခုခံတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃၀ ကျော် သေဆုံးပြီး သေနတ် ၉ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောကြားသည်။ ယနေ့ မေလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ပခုက္ကူမြို့၊ တပ်မ ၁၀၁ လက်အောက်ခံ … Read more

စစ်ကိုင်းမှာ လက်နက်ကိုင်ပျူစောထီးနေအိမ် ဝင်ပစ်ခံရ

စစ်ကိုင်းမှာ လက်နက်ကိုင်ပျူစောထီးနေအိမ် ဝင်ပစ်ခံရ ပျူစောထီးဒဏ်ရာပြင်းထန်ရပြီး ဇနီးဖြစ်သူသေဆုံး စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်က စစ်တပ်လက်အောက်ခံပြည်သူ့စစ် (ပျူစောထီး) အမျိုးသားတဦးရဲ့နေအိမ်ကိုဝင်ရောက်ပစ်ခတ်ချိန်မှာ ဇနီးဖြစ်သူကျည်ထိသေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မေ ၁၆ ရက် ည ၁၁ နာရီခန့်မှာ ဧမြဝတီရပ်ကွက်အနောက်ပိုင်းနေ ပျူစောထီး ဦးလှသန်းဌေးရဲ့နေအိမ်ကို လက်နက်ကိုင်လူတစုက ဝင်ရောက်ပစ်ခတ်ရာမှာ ဇနီးဖြစ်သူသေဆုံးခဲ့ပြီး ဦးလှသန်းဌေးကတော့ ဒဏ်ရာပြင်းထန်ရရှိသွားတယ်လို့ ဆိုပါတယ်။ “လက်နက်ကိုင်အဖွဲ့က သေနတ်အရှည်တွေလည်းပါတယ်။ သူတို့နာမည်ခေါ်ပြီး အိမ်ထဲထိ ဝင်ပစ်သွားတာလို့တော့ သိရတယ်။ မယားဖြစ်သူကတော့ နေရာမှာပဲသေသွားတယ်”လို့ ဒေသခံအမျိုးသမီးတဦးက ပြောပါတယ်။ သေနတ်နဲ့ပစ်ခတ်ခံရလို့ ဦးသန်းဌေးမှာ ဘယ်ဘက်ပေါင်နဲ့လက်ဖျံ ကျည်ဖောက်ဝင် စိုးရိမ်ရ ဒဏ်ရာရရှိပြီး အသက် ၄၀ အရွယ် ဇနီးဖြစ်သူ ဒေါ်လှလှဝင်း ကတော့ ဘယ်ဘက်ရင်အုံနဲ့ ဦးခေါင်းတို့မှာ ကျည်ဖောက်ဝင် ဒဏ်ရာတွေရရှိပြီး … Read more

ရဟတ်ယာဉ် ထားရှိရာ နေရာနှင့် အရာရှိများ စုဝေးရာ အဆောက်အဦးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ထားဝယ်အခြေစိုက် စကခ-၈ ထဲက ရဟတ်ယာဥ်နှစ်စီးနဲ့ အရာရှိအဆောက်အအုံတို့ ဒရုန်းနဲ့ဗုံးကြဲခံရ ထားဝယ်အခြေစိုက် အမှတ် (၈) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် ထဲမှာရှိနေထဲမှာ စစ်ကောင်စီ ရဟတ်ယာဥ်နှစ်စီးနဲ့ အရာရှိအဆောက်အအုံတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ထားဝယ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ – TPLF ဆီကသိရပါတယ်။ မနေ့က မနက် ၁၀ နာရီ ၄၀ မိနစ်လောက်မှာ စကခ-၈ ထဲမှာ ရပ်နားထားသော MI-2 ရဟတ်ယာဉ် နှစ်စီးနဲ့ စစ်ကောင်စီအရာရှိပိုင်းတွေစုဝေးရောက်ရှိနေတဲ့ အဆောက်အအုံတို့ကို TPLF နဲ့ဒရုန်းပူးပေါင်းတပ်ဖွဲ့တွေက ဗုံးသီး ၈ လုံးကြဲချခဲ့တာပါ။ “ကျနော်တို့ အရှေ့တောဖက်ကနေပြန်လာတဲ့ ရဟတ်ယာဉ်ဆင်းတဲ့ အချိန်ကို ချိန်သားကိုက်ကြဲချတာပါ” လို့ TPLF ရဲ့ သတင်းပြန်ကြားရေးနဲ့ စစ်မှတ်တမ်းထိန်းသိမ်းရေးဌာန တာဝန်ခံကပြောပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေ အတိအကျကိုတော့ မသိရသေးဘူးလို့ … Read more

ကူမင်းဆွေးနွေးပွဲပျက်

ကူမင်းဆွေးနွေးပွဲမှာ ရခိုင်၌ AA တပ်တစ်ခုတည်းရှိရမယ့် မူအပါအဝင် အရပ်သား ပြည်သူတွေကိုပစ်မှတ်ထားတိုက်ခိုက်တာတွေကိုရပ်တန့်ရေးနဲ့ စစ်တပ်ကို ရခိုင်ကထွက်ခွာသွားဖို့ တောင်းဆိုရာမှ ဆွေးနွေးပွဲပျက် (စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံနဲ့ တို့တာဝန်အရေးသုံးပါးကိုပြောဆိုရာမှ ဆက်ဆွေးနွေး၍ မရခဲ့ဟုဆို) တရုတ်နိုင်ငံ၊ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် AAနှင့် စစ်ကောင်စီတို့ တွေ့ဆုံခဲ့သည့် ဆွေးနွေးပွဲတွင် ရခိုင်၌ အာရက္ခတပ်တော် (AA) တပ်တစ်ခုတည်းရှိရမည့် မူအပါအဝင် စစ်တပ်က အရပ်သား ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်မှုကိုရပ်တန့်ရန်နှင့် စစ်တပ်ကို ရခိုင်က ထွက်ခွာသွားရန် တောင်းဆိုရာမှ ဆွေးနွေးပွဲပျက်သွားခဲ့သည်ဟု သိရသည်။ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကလည်း ၂၀၀၈ ဖွဲ့စည်းပုံနှင့် တို့တာဝန်အရေးသုံးပါးကိုပြောရာမှ ဆက်ဆွေးနွေးပွဲမှာ ရှေ့ဆက်မရဘဲပျက်သွားခဲ့ကြောင်း ဆွေးနွေးပွဲအကြောင်း အသေးစိတ်သိရှိသူ တစ်ဦးက နိရဉ္စရာသတင်းဌာကို ပြောသည်။ “ရခိုင်အရေး ဆွေးနွေးမှုကတော့ ဘာမှ မထူးခြားဘူး။ နှစ်ဘက်သဘောတူညီမှု မရကြဘူးပေါ့။ … Read more

😳 လျှပ်စစ်မီး ပျက်တာမဟုတ်ပဲ မလာတာသာဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြားပြန်

“လူတိုင်းကဗျာ၊ ကျတော်တို့ နစက လက်ထက်ရောက်မှ ပျက်စီးကုန်တာတွေကိုပဲ ထောက်ပြကြတယ်။ ဒါပေမယ့် တကယ်ဖွံဖြိုးတိုးတက်လာတဲ့ဟာတွေ အများကြီးရှိတာလာကြ ဘာတခုမှ မပြောကြဘူး” ဟု့ အရင်ဆုံး ပြောပါတယ်။ “ဥပမာ လျှပ်စစ်မီး၊ အရင် ဒေါ်အောင်ဆန်းစုကြည်လက်လက် ၂၄နာရီ မီးလာတယ်ဆိုတာက နိူင်ငံတော်ကနေ အရူံးခံ လုပ်ပေးနေခဲ့ရလို့ လာတာ။ အခု နစကလက်ထက် မလာတော့ဘူးဆိုတာက နိုင်ငံတော်က အရူံး ဆက်မခံနိုင်တော့လို့။ နောက်ပြီးတော့ကျ PDF တွေ ဖျက်စီးလို့။ ဒါပေမယ် မီးမပျက်အောင်တော့ နစက ဥက္ကဌကြီးကိုယ်တိုင် ဦးဆောင်ပြီး စီမံပေးခဲ့တယ်။ ဒါကြောင့် ဒီကနေ့ ကြည့်လိုက်၊ မြန်မာနိုင်ငံမှာ မီး လုံးဝကို မပျက်တော့ဘူး၊ မီး မလာတာပဲ ရှိတော့တယ်” “အဲဒါကြောင့် ပြည်သူတွေအနေနဲ့ “မီးပျက်တယ်” ဆိုတဲ့ စကားကို … Read more

ရွှေဘိုမြို့ပေါ်ရှိ မြို့မ ရဲစခန်းနှင့် မြို့နယ် တရားရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၈ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်ရှိ မြို့မ ရဲစခန်းနှင့် မြို့နယ် တရားရုံးကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိများ အပါအဝင် ၈ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း – ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ မေလ ၁၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၂၈ မိနစ်ခန့်တွင် ရွှေဘိုမြို့၊ မြို့မရဲစခန်းနှင့် မြို့နယ် တရားရုံးကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးသီး ၅ လုံးကျဲချ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ရှိရာနေရာကို ဗုံးသီးများ ကျရောက် ပေါက်ကွဲခဲ့ပြီး ရွှေဘို ဆေးရုံကြီးမှ လူနာ တင်ကား ၉ စီးဖြင့် ထိခိုက်သေဆုံးသူများကို တင်ဆောင်သွားကြောင်း သိရသည်။ … Read more