မြေပြန့်ဒေသ မဟာဗျူဟာ ထိုးစစ်စတင်တော့မယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ပြော
မကြာခင်ကာလမှာ မြေပြန့်ဒေသ မဟာဗျူဟာ ထိုးစစ်စတင်တော့မယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ပြော မကြာခင်ကာလမှာ ထိုးစစ်အင်အားတည်ဆောက်ပြီး မြေပြန့်ဒေသမှာ မဟာဗျူဟာ ထိုးစစ်စတင်တော့မှာ ဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ကပြောပါတယ်။ “နိုင်ငံရေးနဲ့ စစ်ရေး အခြေအနေတွေအရ မကြာခင်ကာလမှာ ထိုးစစ်အင်အားတည်ဆောက်ပြီး မြေပြန့်ဒေသ မဟာဗျူဟာ ထိုးစစ်စတင်တော့မှာဖြစ်တယ်။ ဒီစစ်ရေး လိုအပ်ချက်တွေကို ကြိုတင်ပြင်ဆင်ဖို့ အတွက် ယခုလိုသင်တန်းမျိုးတွေကို နေရာအနှံ့မှာ စီစဉ်ဖွင့်လှစ်နေခြင်း ဖြစ်တယ်” လို့ သူကပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်က အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးကျင်းပတဲ့ NCOအကြပ်သင်တန်း အပါတ်စဉ်(၂) သင်တန်းဆင်းပွဲကိုပေးပို့တဲ့ သဝဏ်လွှာမှာ သူကထည့်သွင်း ပြောဆိုခဲ့တာပါ။ လက်နက်၊ စစ်ပညာ၊ စစ်ရေးအတွေ့အကြုံ လုံးဝမရှိတဲ့ အနေအထားကနေ ပြည်သူတွေရဲ့ ပံ့ပိုးကူညီမှု၊ တပ်မှူး၊ … Read more