သရုပ်ဆောင် ဗညားဘုန်းပြည့် အပါအဝင် ၃ ဦးကို စစ်ကောင်စီဖမ်းဆီး
လိင်အသားပေး ရိုက်ကူးထားခြင်းကြောင့်ဟုဆိုကာ “အချစ်ခံကြည့်” သီချင်းဗီဒီယိုတွင် ပါဝင်သရုပ်ဆောင်ထားသူ ဗညားဘုန်းပြည့်နှင့် အခြားနှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီး အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃(က) ဖြင့် အမှုဖွင့်လိုက်သည်။ သရုပ်ဆောင် ဗညားဘုန်းပြည့်ကို မေလ ၇ ရက်နေ့က ရန်ကုန်တွင် ပြုလုပ်သည့် “တခုတ်တရ” ဇာတ်ကား အထူးပြပွဲညတွင် စစ်ကောင်စီလက်အောက်ခံ ရဲများက ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဖြစ်စဉ်သိရှိထားသူ တဦးကပြောသည်။ ယင်းနောက် “အချစ်ခံကြည့်” သီချင်းဗီဒီယိုအတွက် ဇာတ်ညွှန်းရေးသားသူ ရွှေစုနှင့် ရိုက်ကူးသူ ဒါရိုက်တာ Kina တို့ကိုလည်း အဆိုပါသီချင်းဗီဒီယို ရိုက်ကူးမှုနှင့် ဆက်စပ်ပြီး စစ်ကောင်စီက ထပ်မံဖမ်းဆီးကာ အမှုဖွင့်လိုက်ကြောင်း ဆိုသည်။ “အဲ့ဒီ့သီချင်းနဲ့ ပတ်သက်ပြီး ဗညားဘုန်းပြည့်ကို မေလ ၇ ရက်နေ့က လုပ်တဲ့ “တခုတ်တရ” ဇာတ်ကား အထူးပွဲပြတဲ့ … Read more