မင်္ဂလာဒုံရှိ တပ်စခန်းဂိတ်ကို ပြင်းအားမြင့်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် အောင်မင်္ဂလာအဝေး‌ပြေးဝင်းရှေ့ရှိ စစ်ကောင်စီတပ်စခန်း ဂိတ်ကို ပြင်းအားမြင့်မိုင်း နှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၂)မှ တာဝန်ရှိသူက ပြောသည်။ “စရဖ တပ်ပါ။ ကင်းကျတဲ့ စခ ထိတယ်လို့တော့ မြေပြင်သတင်းအရ သိထားပါတယ်”ဟု ၎င်းကပြောသည်။ မေလ ၃ ရက် ည ၇နာရီခွဲခန့်တွင် ယင်းဂိတ်ကို မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၂)နှင့် NOKA-UG တို့ ပူးပေါင်းစစ်ဆင်ရေးအနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ လမ်းများပိတ်၍ စစ်ဆေးမှုများရှိသော်လည်း စစ်ဆင်ရေးလုပ်ဆောင်သည့် အဖွဲ့သားအားလုံးဘေးကင်းသည်ဟု NOKA -UG က အသိပေးထားသည်။ NOKA-UG အနေဖြင့် မဟာမိတ်အဖွဲ့များနှင့်အတူ မြို့ပြစစ်ဆင်ရေးများကို အရှိန်မြှင့်လုပ်ဆောင် မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ” စကစ၏ … Read more

စားပွဲ၀ိုင်းတွင် အဖြေရှာရန် နည်းလမ်းမရှိတော့၍ စစ်ကောင်စီကို တိုက်ခိုက်ရန်ဆုံးဖြတ်ဟု SSPP/SSA က ကြေညာ

စစ်မှန်သော ပြည်ထောင်စု ဒီမိုကရေစီ ရရှိရေး စားပွဲ၀ိုင်းတွင် အဖြေရှာရန် နည်းလမ်းမရှိတော့၍ စစ်ကောင်စီကို တိုက်ခိုက်ရန်ဆုံးဖြတ်ဟု SSPP/SSA က ကြေညာ စစ်အာဏာရှင် တိုက်ဖျက်ရေး ပြည်သူများ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်း စစ်မှန်သော ပြည်ထောင်စု ဒီမိုကရေစီ ရရှိရေး စားပွဲ၀ိုင်းတွင် အဖြေရှာရန် နည်းလမ်းမရှိတော့၍ စစ်ကောင်စီကို တိုက်ခိုက်ရန်ဆုံးဖြတ်လိုက်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA မှ ဒုတိယဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး စဝ်ခွန်ဆိုင်က တရားဝင်ကြေညာလိုက်သည်။ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA၏ တရားဝင် သတင်းထုတ်ပြန်ရေးစာမျက်နှာ SSPP Info မှ တစ်ဆင့် အဆိုပါ ကြေညာမှုကို တရားဝင် သတင်းထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ စစ်မှန်သော ပြည်ထောင်စု ဒီမိုကရေစီ ရရှိရန် နိုင်ငံရေး စားပွဲဝိုင်းတွင် အဖြေရှာသည့် နည်းလမ်း … Read more

ပျူစောထီး လူမိုက် ထွန်းထွန်းဝင်း ပစ်ခတ်ခံရပြီး သေဆုံး

မြင်းခြံတွင် ညအချိန် မီးပြတ်၍ အပြင်ထွက်ထိုင်နေသော ပြည်သူများကို တန်းစီ ပါးရိုက်ခဲ့သူ၊ ပြည်သူ့နေအိမ်များကို ဖောက်ထွင်းလုယက် မီးရှို့ခဲ့သူ ပျူစောထီး လူမိုက် ထွန်းထွန်းဝင်း ပစ်ခတ်ခံရပြီး သေဆုံး မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် ညအချိန် မီးပြတ်၍ အပြင်ထွက်ထိုင်နေသော ပြည်သူများကို တန်းစီခိုင်းပြီး ပါးရိုက်ခဲ့သူ၊ ပြည်သူ့နေအိမ်များကို ဖောက်ထွင်းလုယက် မီးရှို့ခဲ့သူ ပျူစောထီး လူမိုက် ထွန်းထွန်းဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်ကပြောဆိုသည်။ မေလ ၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်အချိန် မြင်းခြံမြို့နယ်၊ နတ်ထားကျေးရွာသို့ သီတာယုမွန်ပျူစောထီးအဖွဲ့မှ အဖွဲ့ဝင်လည်းဖြစ်၊ လူမိုက်တစ်ဦးလည်းဖြစ်သူ ပျူစောထီး ထွန်းထွန်းဝင်း (ခ) ငထွန်းရောက်ရှိလာကြောင်း၊ ထို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးရာ အဖမ်းမခံဘဲ ထွက်ပြေးကြောင်း၊ ထို့ကြောင့် … Read more

သစ်ပုတ်တာဝါတိုင်အထိုင်စစ်စခန်းမှ ထွက်လာသော စစ်သားများကို မိုင်းခွဲမှု စစ်သား ၃ ဦးသေဆုံး

ပေါင်းတည်တွင် သစ်ပုတ်တာဝါတိုင်အထိုင်စစ်စခန်းမှ ထွက်လာသော စစ်သားများကို မိုင်းခွဲမှု စစ်သား ၃ ဦးသေဆုံး ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် သစ်ပုတ်ရွာတာဝါတိုင်အထိုင်စခန်းမှ ထွက်လာသော စစ်သားများကို မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးကြောင်း ၃၆၀၁ PPDF တပ်ရင်းမှ ဆက်သွယ်ရေးနှင့်သတင်းပြန်ကြားတာဝန်ခံက ပြောဆိုသည်။ မေလ ၂ ရက်နေ့ ညနေ ၆ နာရီအချိန် ပဲခူးတိုင်း၊ ၊ပေါင်းတည်မြို့နယ်၊ သစ်ပုတ်အုပ်စု၊ သစ်ပုတ်ရွာတာဝါတိုင်အထိုင်စခန်းမှရေချိုးရန် ထွက်လာသောအကြမ်း ဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပဒေသာမိုင်း ၄ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲမှုကြောင့် စစ်သား ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း၊ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို တာဝါတိုင်စခန်းသို့ ပြန်လည် သယ် းဆောင်သွားကြောင်း သိရှိရသည်။ စစ်သားများ မိုင်းဆွဲခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက် … Read more

အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ဒေါနတောင်‌ပေါ်၌ နေ့စဥ်တိုက်ပွဲဖြစ်နေ

အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ဒေါနတောင်‌ပေါ်၌ နေ့စဥ်တိုက်ပွဲဖြစ်နေ၊ အောင်ဇေယျစစ်ကြောင်း ရှေ့မတိုးနိုင်သေး မြဝတီမြို့သို့လာသည်ဆိုသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းနှင့် တော်လှန်ရေးပူးပေါင်းတပ်များ ဒေါနတောင်‌ပေါ်၌ နေ့စဥ်ထိတွေ့တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။ အောင်ဇေယျစစ်ကြောင်းသည် အာရှလမ်းမ၌ တိုက်ခိုက်ခံရပြီးနောက် ဒေါနတောင်ပေါ် တောအတွင်းဝင်ရောက်သွားပြီး လက်ရှိတွင် တောနောရေတံခွန်အနီးဝန်းကျင်၌ ရှိနေသည်ဟု အဆို ပါ စစ်မျက်နှာပြင်ရှိ အမည်မဖော်လိုသည့် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။ ” ထိတွေ့မှုကနေ့တိုင်းရှိတယ်။ အဖွဲ့ကလည်းများတယ်။ နေရာကလည်းကျယ်တော့”ဟု တော်လှန်ရေးရဲဘော်တစ်ဦးကပြောသည်။ အောင်ဇေယျစစ်ကြောင်း ရှေ့ဆက်တိုးလာမှုရှိ၊မရှိနှင့်ပတ်သက်ပြီး မေးမြန်းရာ” သူတို့က နေ့တိုင်းတိုးဖို့ ကြိုးစားတယ်။ ဒီနေရာမရရင် နောက်နေရာ အဲ့လိုပဲ။ အဲ့နား(တောနောရေတံခွန်) တစ်ကျောပဲ ရှိသေးတယ်”ဟု ပြောသည်။ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ၏ ထိခိုက်မှုများပြီး အောင်ဇေယျစစ်ကြောင်းမှ ရရှိသော ရုပ်အလောင်းများတွင် တပ်မ(၅၅)တံဆိပ်များ အများစုတွေ့ရ၍ တပ်မ(၅၅)တစ်ခုလုံး အင်အားသုံးလာခြင်းဟု … Read more

ပျူစောထီးခေါင်းဆောင် ရာအိမ်မှူး မြင့်အောင် ပစ်ခတ်ခံရပြီး သေဆုံး

အုတ်ဖိုတွင် စစ်မှုထမ်းဥပဒေဖြင့် လူငယ်များကို စစ်သားအဖြစ် စုဆောင်းနေသော ပျူစောထီးခေါင်းဆောင် ရာအိမ်မှူး မြင့်အောင် ပစ်ခတ်ခံရပြီး သေဆုံး ပြည်သူများကို စစ်သားအဖြစ် စုဆောင်းမည်ဆိုပါက ရာအိမ်မှူး မြင့်အောင်ဖြစ်စဉ်ကို နမူနာကြည့်ထားရန် မြေအောက်ပြောက် ကျားတပ်ဖွဲ့-အုတ်ဖိုက သတိပေး ပဲခူးတိုင်း သာယာဝတီခရိုင် အုတ်ဖိုမြို့နယ် ၊ ဖလန်ပင်အုပ်စု ၊ ရွာသစ်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ ပျူစောထီးခေါင်းဆောင် ရာအိမ်မှူး မြင့်အောင်ကို ၎င်း၏ နေအိမ်တွင်ပင် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုမှ တာဝန်ရှိသူကပြောဆိုသည်။ မေလ ၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်အချိန်တွင် ရာအိမ်မှူးမြင့်အောင်ကို ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း မြင့်အောင်သည် ပြည်သူများကို အတင်းအကြပ်ခြိမ်းခြောက်၍ စစ်မှုထမ်းရန် လူစုပေးခြင်း၊ ငွေကြေးကောက်ခံခြင်းအပြင် ပြည်သူများကို အမျိုးမျိုး ဖိနှိပ် … Read more

မော်လမြိုင် အေးသန္တာအထူးကုဆေးရုံကို စစ်ကောင်စီ သုံးလပိတ်

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ထားဝယ်စုရပ်ကွက်ထဲက အေးသန္တာ အထူးကုဆေးရုံကို အကြမ်းမဖက် အာဏာ ဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်ခဲ့တဲ့ ဆရာဝန်တွေကို အလုပ်ခန့်ထားတာကြောင့်ဆိုပြီး စစ်ကောင်စီက သုံးလ ပိတ်ခိုင်းလိုက်တယ်လို့ ဆေးရုံနဲ့ နီးစပ်သူတွေနဲ့ မော်လမြိုင်မြို့ခံတွေက ပြောပါတယ်။ မေလ ၁ ရက်နေ့ကစပြီး ဆေးရုံကို သုံးလပိတ်ထားဖို့ စစ်ကောင်စီလက်အောက်ခံ ပြည်နယ်ကျန်းမာရေး ဝန်ကြီးဌာနက ဝန်ထမ်းတွေအပါဝင် စစ်ကောင်စီတပ်သားတွေက ဧပြီလထဲမှာကတည်းက အကြောင်းကြားစာ ပို့လာတာလို့ ပိတ်သိမ်းခံထားရတဲ့ ဆေးရုံနဲ့ နီးစပ်သူတစ်ဦးက အတည်ပြုပြောပါတယ်။ “အေးသန္တာအထူးကုဆေးရုံ ပိတ်သိမ်းခံရတာ ဟုတ်ပါတယ်။ သုံးလပိတ်ခံလိုက်ရတာပါ။ ရန်ကုန်တို့၊ မန္တလေး တို့က ဆေးရုံတွေလို နှစ်လတောင်မဟုတ်ပါဘူး။ CDM ဝန်ထမ်းတွေအလုပ်ခန့်လို့ဆိုတဲ့ခေါင်းစဉ်နဲ့ ယာယီပိတ်သွားတာလို့ ပြောပါတယ်” မော်လမြိုင်မှာ ပုဂ္ဂလိကအထူးကုဆေးရုံ ပိတ်သိမ်းခံရတာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့လည်း သူက … Read more

မောင်တောမြို့ကို AA က သိမ်းပိုက်ထိန်းချုပ်လိုက်ပြီ

(ကျီးကန်းပြင်ဌာနချုပ်က စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ခန့် လက်နက်ချ အညံ့ဟုဆို) ရခိုင်ပြည် မောင်တောမြို့ကို အာရက္ခတပ်တော် AA က ရာနှုန်းပြည့် သိမ်းပိုက်ထိန်းချုပ်လိုက်ပြီဟု ခိုင်လုံသော သတင်းရင်းမြစ်ထံမှ သိရသည်။ မောင်တောမြို့တွင် နောက်ဆုံးကျန်ရှိနေသော အမှတ် ၁ နယ်ခြားစောင့်စခန်း ကျီးကန်းပြင်ဌာနချုပ်ကို မေလ ၂ ရက်နေ့ နံနက် ၄ နာရီက သိမ်းပိုက်ရရှိပြီးနောက် မောင်တောမြို့ကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ခိုင်လုံသော သတင်းရင်းမြစ်က ” မောင်တောကို AA က သိမ်းလိုက်ပါပြီ။ မနေ့က နံနက် အာရုဏ် ၄ နာရီလောက်မှာ သိမ်းပိုက်လိုက်တာပါ။ စစ်ကောင်စီဖက်က ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် ခုခံခဲ့ပေမယ့် AA က သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ” … Read more

ပခုက္ကူမြို့နယ် ပန်းတိုင်းခြုံဂိတ်မှ ရဲခုနစ်ဦး တိုက်ခိုက်ခံရပြီး သေဆုံး၊ သေနတ် ၆လက် သိမ်းဆည်းရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာ စစ်ဆေးရေးဂိတ်မှ ရဲတပ်ဖွဲ့ဝင် ခုနစ်ဦး တိုက်ခိုက်ခံရ၍ သေဆုံးပြီး သေနတ် ၆လက် သိမ်းဆည်းခံလိုက်ရကြောင်း သတင်းရရှိသည်။ ယနေ့ (မေ ၂ ရက်) ညနေ ၃နာရီခန့်က ပခုက္ကူမြို့၊ပန်းတိုင်းခြုံဂိတ်မှ ရဲတပ်ဖွဲ့ဝင် ခုနစ်ဦးသည် ပန်းတိုင်းခြုံကျေးရွာဘက်သို့ ခြေလျင်သွားရောက်စဥ် ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ ခုနစ်ဦးလုံးသေဆုံးပြီး သေနက် ၆ လက်လည်း သိမ်းဆည်းခံလိုက် ရခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ “ဖြစ်စဥ်ကတော့ မှန်ပါတယ်။ ကျွန်တော်တို့အဖွဲ့လုပ်တာတော့မဟုတ်ဘူး။”ဟု ရေစကြို ပကဖ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။ တိုက်ခိုက်ခံရမှုအတွင်း ရဲ ခုနစ်ဦးလုံးသေဆုံးပြီး လက်နက်များဆုံးရှုံးခဲ့ကြောင်းကို စစ်ကောင်စီ ၏ ဝါဒဖြန့် ချန်နယ်များက ဝန်ခံထားသည်။ အဆိုပါ တိုက်ခိုက်မှုအား မည်သည့်အဖွဲ့က တိုက်ခိုက်ခဲ့သည်ကိုမူ မသိရသေးပေ။ … Read more

ပြည်ပအလုပ်ခေါ်စာများအားလုံး စစ်ကောင်စီက ယာယီပိတ်ပင်လိုက်

အမျိုးသားများနှင့်သက်ဆိုင်သည့် ပြည်ပအလုပ်ခေါ်စာများအားလုံး စစ်ကောင်စီက ယာယီပိတ်ပင်လိုက်ပြီး ပြန်လည်ခွင့်ပြုမည့်အချိန် မသိဟု အလုပ်သမားဝန်ကြီးဌာနက ပြော ပြည်ပအလုပ်ခေါ်စာခွင့်ပြုချက်ရရှိထားပြီးသူ ၁၀၀၀ ကျော်ရှိပြီး ပြည်ပ အလုပ်ထွက်လုပ်ရန်စီစဉ်နေသူ လူငယ်သောင်းချီ ပိတ်မိ မြန်မာနိုင်ငံမှ အမျိုးသားများနှင့်သက်ဆိုင်သည့် ပြည်ပအလုပ်ခေါ်စာများအားလုံး စစ်ကောင်စီက ယာယီပိတ်ပင်လိုက်ပြီး ပြန်လည်ခွင့်ပြုမည့်အချိန် မသိသေးဟု အလုပ်သမားဝန်ကြီးဌာနက အကြောင်းပြန်ကြားလာကြောင်း ရွှေမြန်မာ့ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ “အမျိုးသားတွေနဲ့ပတ်သက်တဲ့ ပြည်ပ အလုပ်ခေါ်စာ Demand တွေ တင်မရတော့ဘူး။ ဘယ်တော့ ပြန်ခွင့်ပြုမလဲဆိုတာလည်း မသိဘူးလို့ အလုပ်သမားဝန်ကြီးဌာနဘက်က​ ပြောတယ်။ ရှေ့မှာ Demand အလုပ်ခေါ်စာ ကျထားပြီးသားကလည်း ၁၀၀၀ ကျော်ရှိတယ်။ ဒါက ကျနော်တို့ သိတာပဲရှိသေးတာ။ ကျနော်တို့မသိတဲ့ အလုပ်ခေါ်စာတွေဆိုရင်လည်း ထောင်ချီရှိနိုင်တယ်။ အခုက မလေးရှား၊ ထိုင်း၊ ကိုရီးယား၊ ဂျပန်၊ … Read more