နေရပ်ပြန်နေရန် စစ်ကောင်စီက စည်းရုံးသော်လည်း ဒေသခံအများစု ပြန်လည်နေထိုင်ကြခြင်း မရှိ

နေရပ်ပြန်နေရန် စစ်ကောင်စီက စည်းရုံးသော်လည်း ဒေသခံအများစု ပြန်လည်နေထိုင်ကြခြင်း မရှိ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှ စစ်ဘေးရှောင်ဒေသခံပြည်သူများကို နေရပ်တွင် ပြန်လည်နေထိုင်ရန် စစ်ကောင်စီက စည်းရုံးမှုများ ရှိနေသော်လည်း ဒေသခံအများစု ပြန်လည်နေထိုင်ကြခြင်း မရှိသေးကြောင်း သိရသည်။ ကော့ကရိတ်မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍လည်းကောင်း၊ ဂျိုင်းမြစ်အနီးရှိ ကော့ဘိန်းရွာတွင် မတ်လ ၂၃ ရက်နေ့မှစ၍လည်းကောင်း တိုက်ပွဲများ ပြင်းထန်လာခဲ့ရာမှ စစ်ကောင်စီ​က လေကြောင်း၊ လက်နက်ကြီးနှင့် ရေကြောင်းကိုပါ အသုံးပြုတိုက်ခိုက်လာသဖြင့် ဒေသခံပြည်သူများသည် ဘေးလွတ်ရာ ဒေသများတွင် အချိန်ကာလရှည်ကြာစွာ စစ်ဘေးတိမ်းရှောင်နေခဲ့ကြရသည်။ ဧပြီလနောက်ဆုံးအပတ်မှစ၍ တိုက်ပွဲဖြစ်ပွားမှု မရှိတောသည့် အဆိုပါ ဒေသများကို စစ်ကောင်စီက ပြန်လည်အထိုင်ချ လုံခြုံရေးယူပြီးနောက် ဒေသခံပြည်သူများကို နေရပ်တွင် ပြန်လည်နေထိုင်ရန် … Read more

မြန်မာဘီယာ ဝယ်ယူသောက်သုံးခဲ့ကြသော TNLA ရဲဘော်များကို ကြိမ်ဒဏ်၊ အလုပ်ကြမ်းနှင့် လူမှုရေးပြစ်ဒဏ်များချမှတ် အရေးယူ

စစ်တပ် ထုတ်ကုန် မြန်မာဘီယာ ဝယ်ယူသောက်သုံးခဲ့ကြသော TNLA ရဲဘော်များကို ကြိမ်ဒဏ်၊ အလုပ်ကြမ်းနှင့် လူမှုရေးပြစ်ဒဏ်များချမှတ် အရေးယူဟုဆို စစ်တပ် ထုတ်ကုန် မြန်မာဘီယာကို သောက်သုံးခဲ့ကြသော TNLA ရဲဘော်များကို ကြိမ်ဒဏ်၊ အလုပ်ကြမ်းနှင့် လူမှုရေးပြစ်ဒဏ်များချမှတ် အပြစ်ပေးလိုက်ကြောင်း TNLA က သတင်းထုတ်ပြန်သည်။ မွေးနေ့ပွဲပါတီတစ်ခုတွင် TNLA က တားမြစ်ကန့်သတ်ထားသော မြန်မာဘီယာကို ‌သောက်သုံးခဲ့သည့် တပ်ဖွဲ့ဝင်ရဲဘော်များကို အပြစ်ပေးအရေးယူခဲ့ကြောင်း၊ မေလ ၂ ရက်နေ့တွင် တားမြစ်ထုတ်ကုန် မြန်မာဘီယာ သောက်သုံးနေသော TNLA ရဲဘော်များကို ကြိမ်ဒဏ် ၁၀ ချက်၊ အလုပ်ကြမ်း ၁ လ နှင့် လူမှုရေးပြစ်ဒဏ်အဖြစ် အများပိုင်ဆေးရုံ၊ ဘုန်းကြီးကျောင်း သန့်ရှင်းရေး လုပ်အားပေးစေခဲ့ကြောင်း TNLA ကဆိုသည်။ ၂၀၂၁ခုနှစ် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း … Read more

ကော့ကရိတ်မြို့ တိုက်ပွဲတွင် တိုင်းပြည် နှင့် လူမျိုးအတွက် တိုက်ပွဲ၀င်ရင်း

ကော့ကရိတ်မြို့ တိုက်ပွဲတွင် တိုင်းပြည် နှင့် လူမျိုးအတွက် တိုက်ပွဲ၀င်ရင်း ရဲဝံ့စွာ အသက်ပေးဆပ်သွားခဲ့သော ရဲဘော် ရှိုင်းရဲလွင်…..🥀 ရဲဘော် Chris Melvin (Sniper Man) …🥀 ပုသိမ်ခရိုင်အမှတ် (၁)တပ်ရင်း တပ်ခွဲ (၄) Sniper ဧပြီလ ၃၀ရက်နေ့ တွင် ဒီမိုကရေစီရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးရည်မှန်းချက်တာဝန်များ ထမ်းဆောင်ရင်း ရှေ့တန်းစစ်မျက်နှာ၌ မြင့်မြတ်သော အသက်နဲ့ခန္ဓာကိုယ်အား တိုင်းပြည်အတွက် ပေးလှူသွားခဲ့ပါတယ်။ ရဲဘော် Chris Melvin ကျဆုံးမှုအတွက် သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့၊ မိသားစုများနှင့်အတူ ထပ်တူဂုဏ်ပြုအပ်ပါတယ်။

ကြေးနီသယ် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး

မုံရွာ -ချောင်းဦးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော စစ်တပ်နှင့် ကြေးနီသယ် စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ မုံရွာ -ချောင်းဦးလမ်းမပေါ်တွင် ဆက်ကြေးကောက်နေသော အ ကြမ်းဖက်စစ်ကြောင်းနှင့် ကြေးနီသယ်စစ်ယာဉ်တန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း People’s Defense Force – South Monywa တပ်ဖွဲ့မှ တာဝန်ရှိသူ Daung Karyan ကပြောကြားသည်။ ယမန်နေ့ မေလ ၁ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ချောင်းဦးမြို့နယ်၊ ဂွေးပင်တော ဘုန်းကြီးကျောင်းမှ ထွက်လာပြီး ရေပိုးစားကန်အနီး လမ်းမပေါ်တွင် လမ်းသွား၊ လမ်းလာ ခရီးသည်တင်ကားများကို တားဆီး စစ်ဆေးနေသည့် အကြမ်းဖက်စစ်သားများကို လက်နက်ငယ်များဖြင့် အနီးကပ် ဝင်ရောက် … Read more

ဝယ်သူမရှိ၍ တရုတ်လျှပ်စစ်ကားအများအပြား ဥရောပဆိပ်ကမ်းများတွင် သောင်တင်

တရုတ်ကားထုတ်လုပ်ရေးလုပ်ငန်းသည် အနောက်နိုင်ငံထုတ်ကားများကို တုပထုတ်လုပ်ခဲ့ရာမှ ကမ္ဘာ့အကောင်းဆုံးကားများနှင့်ယှဉ်နိုင်သည့် ကားများကို ထုတ်လုပ်နိုင်သည်အထိ လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ထားသည်။ ကမ္ဘာ့ကုန်ထုတ်လုပ်မှုအများဆုံးနိုင်ငံဖြစ်သော တရုတ်သည် ကားများကိုလည်း အမြောက်အမြား ထုတ်လုပ်လျက်ရှိသည်။ သို့သော် တရုတ်နိုင်ငံထုတ်ကားများသည် ဥရောပ၌ ဖောက်သည်ရှာရာတွင် အခက်အခဲများ ကြုံတွေ့နေရသည်။ တရုတ်လျှပ်စစ်ကား အများစုအပါဝင် တင်သွင်းလာသည့် ကားများသည် ဥရောပဆိပ်ကမ်းများတွင် စုပုံနေသည်။ ကားထုတ်လုပ်ရေးကုမ္ပဏီများသည် ကားရောင်းချရာတွင် ရုန်းကန်နေရသောကြောင့် အချို့ကားများသည် ဆိပ်ကမ်းသို့ ရောက်ရှိနေသည်မှာ ၁၈ လ ရှိပြီဖြစ်သည်။ အများအားဖြင့် တရုတ်လျှပ်စစ်ကားများအပေါ် အကောင်းမြင်ကြသည်။ တရုတ်လျှပ်စစ်ကားများသည် နာမည်ကြီး ဥရောပ အမှတ်တံဆိပ်ကားများနှင့်ယှဉ်နိုင်ပြီး မောင်းနှင်နိုင်သည့်အကွာအဝေး၊ အရည်အသွေးနှင့် နည်းပညာပိုင်းတွင် ၎င်းတို့ထက်ပင် သာလွန်နေတတ်သည်။ သို့သော် ကောင်းစွာအခြေခိုင်ပြီးဖြစ်သော ဈေးကွက်အတွင်းသို့ စိန်ခေါ်သူအနေဖြင့် ဝင်ရောက်ရခြင်းမှာ ရှုပ်ထွေးလှသည့် လုပ်ငန်းစဉ်တခုဖြစ်သည်။ … Read more

ဘာသာရေးလွတ်လပ်ခွင့် အထူးစိုးရိမ်ရတဲ့ နိုင်ငံတွေမှာ မြန်မာပါဝင်

မြန်မာနိုင်ငံအပါအဝင် ၁၇ နိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါး ချိုးဖောက်တဲ့အတွက် အထူးစိုးရိမ်ရတဲ့နိုင်ငံတွေ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF ) က မေ ၁ ရက်က ထုတ်ပြန်တဲ့ ၂၀၂၄ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။ ၂၀၂၃ အတွင်း အဖြစ်အပျက်တွေကို မှတ်တမ်းရယူထုတ်ပြန်လိုက်တာပါ။ IRFA နိုင်ငံတကာဘာသာရေး လွတ်လပ်ခွင့် ဥပဒေ ပြဌာန်းခြင်း ၂၅ နှစ်မြောက် အစီရင်ခံစာလည်း ဖြစ်ပါတယ်။ ဒီ ၂၅ နှစ်အတွင်း ကမ္ဘာတစ်ဝန်းက ပုဂ္ဂိုလ်တစ်ဦးချင်း၊ ဒါမှမဟုတ် အသိုင်းအဝိုင်းတွေဟာ ဘာသာရေး ဒါမှမဟုတ် မိမိယုံကြည်ရာကို လွတ်လွတ်လပ်လပ် မကျင့်သုံးနိုင်သေးဘူးလို့ ဖော်ပြပါတယ်။ နှစ်ပတ်လည်အစီရင်ခံစာထဲ မီးမောင်းထိုးပြထားတဲ့ နိုင်ငံတွေမှာ အခြေအနေပိုဆိုးဝါးလာတာကို USCIRF အနေနဲ့ စိတ်နှလုံးထိခိုက်ရတယ်လို့ … Read more

ရန်ကုန်-မော်လမြိုင်လမ်း မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ်အနီး တိုက်ပွဲဖြစ်ပွား

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ရန်ကုန်- မော်လမြိုင်လမ်း မုပ္ပလင်လမ်းဆုံစစ်ဆေးရေးဂိတ် အနီးတွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သထုံခရိုင် PDF တာဝန်ခံနှင့် စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ယနေ့(မေလ ၁ ရက်) နံနက် ၇ နာရီ ၄၅ မိနစ်မှစ၍တနာရီနီးပါး တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်- မော်လမြိုင်လမ်း တနာရီကျော် ပိတ်ဆို့မှုဖြစ်ပွားခဲ့သည်ဟု ကျိုက်ထိုမြို့ခံများကပြောသည်။ “မုပ္ပလင်လမ်းဆုံနားမှာဖြစ်တာပါ၊ အကြာကြီးပဲဗျ တနာရီလောက် ကြာမယ်ထင်တယ်။ ကျွန်တော်တို့နဲ့ အရမ်းတော့ မဝေးဘူး။ ပစ်ခတ်သံကတော့ အစုံပဲကြားရတယ်ဗျ သေနတ်သံရော အလုံးကြီးသံတွေရော။ (ကားတွေက) မနက် ၉ နာရီလောက်ကျ အကုန်ပြန်သွားလို့ရနေပြီ” ဟု မုပ္ပလင်ရွာခံတစ်ဦးကပြောသည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှထိခိုက်မှုများရှိသည်ဟု ကနဦးသတင်းရထားကြောင်း သထုံ ခရိုင် PDF တာဝန်ခံက ပြောသည်။ “မုပ္ပလင်မှာ(စစ်ကောင်စီတပ်က)ထိခိုက်မှုများတယ်လို့တော့သိရတယ်။ … Read more

ဘန်ကောက်မြို့ မေဒေးချီတက်ပွဲ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ချီတက်သည့် ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)တွင် မြန်မာ‌ရွှေ့ပြောင်းလုပ်သားများက စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။ ဘန်ကောက်မြို့၌ ထိုင်းနိုင်ငံဆိုင်ရာအလုပ်သမား သမဂ္ဂအဖွဲ့များဦးဆောင်ပြုလုပ်သည့် ကမ္ဘာ့အလုပ်သမားနေ့(မေဒေး)ချီတက်တောင်းဆိုပွဲကို မြန်မာရွှေ့ပြောင်းလုပ်သား ၄၀၀ခန့် ပါဝင်ခဲ့ကြောင်း ထိုင်းရောက်မြန်မာလုပ်သားအရေးဆောင်ရွက်နေသူများက ဆိုသည်။ ချီတက်ခဲ့သည့် မြန်မာရွှေ့ပြောင်းလုပ်သားများက “အရေးတော်ပုံ အောင်ကိုအောင်ရမည်”ဟု ရေးသားထားသော ဗီနိုင်းကိုင်ဆောင်ကာ “အရေးတော်ပုံ အောင်ရမည်၊ စစ်အာဏာရှင်ဖြုတ်ကျရေး၊ ပြည်သူတွေကို ပြန်သတ်နေတာ မြန်မာစစ်တပ်” စသည်တို့ အော်ဟစ်ကာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း ဆဲဆိုအော်ဟစ်ခဲ့ကြသည်။ ထို့အပြင် “အရေးကြီးပြီ”သီချင်းကိုလည်း မြန်မာ‌ရွှေ့ပြောင်းလုပ်သားများက သီဆိုခဲ့ကြသည်။ အဆိုပါ ချီတက်ပွဲတွင် ထိုင်း၊မြန်မာ၊လာအို၊ ကမ္ဘောဒီးယားစသည့် လုပ်သားများပါဝင်ချီတက်ခဲ့ပြီး အလုပ်သမားအခွင့်အရေးများလည်း တောင်းဆိုခဲ့သည်ဟု ထိုင်းရောက်မြန်မာလုပ်သားအရေးဆောင်ရွက်နေသူတစ်ဦးက ပြောသည်။ ” အလုပ်သမားအခွင့်အရေးပေါ့။ ရင်ဆိုင်နေရတဲ့ ပြဿနာတွေက အဓိကပါ။ ဥပဒေပုဒ်မ ၈၇၊၉၈ ကိုပေါ့ ထိုင်းအစိုးရအနေနဲ့ … Read more

လွိုင်ကော် – ဒီးမော့ဆို အမှတ် ၂ ဂိတ်နှင့် ပန်ကန်းဂိတ်လမ်းများကို လုံခြုံရေးအရ ရက်အကန့်အသတ်မရှိ ပိတ်

ကရင်နီပြည် လွိုင်ကော် – ဒီးမော့ဆို ကုန်စည် စီးဆင်းနေသည့် အမှတ် ၂ ဂိတ်၊ ပန်ကန်းဂိတ်လမ်းများကို လုံခြုံရေးအရ ရက်အကန့်အသတ်မရှိ ပိတ်ထားမည်ဖြစ်ကြောင်း ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ၊ လွိုင်ကော်မြို့ အရေးပေါ်မြို့စီမံထိန်းသိမ်းရေးကော်မတီက ယနေ့ တရားဝင် ကြေညာသည်။ မေလ ၁ ရက်နေ့မှ စ၍ အဆိုပါ ဂိတ်များနှင့် လမ်းများကို ရက်အကန့်အသတ်မရှိ လုံခြုံရေးအရ ပိတ်ဆို့လိုက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ထို့ကြောင့် လွိုင်ကော်မြို့ခံ ကျေးရွာ/အုပ်စုများမှ ပြည်သူများအနေဖြင့် သက်ဆိုင်ရာက ကြေ ညာချက်အသစ် ထုတ်ပြန်သည့်အချိန်အထိ တားမြစ်ချက်ကို သိရှိလိုက်နာဆောင်ရွက်ပေးရန် ကရင်နီပြည်၊ လွိုင်ကော်မြို့ အရေးပေါ်မြို့စီမံထိန်းသိမ်းရေးကော်မတီက ကြေညာသည်။ “လုံခြုံရေးအရ လမ်းပိတ်တယ်ဆိုတော့ တိုက်ပွဲတွေ ဖြစ်လာမယ့် အခြေအနေကတော့ရှိနေတယ်။ စစ်သင်တန်းတွေကလည်း ဆင်းထားပြီးသားဆိုတော့ ဒီတစ်ခေါက်ကတော့ လွိုင်ကော်မြို့သိမ်းတိုက်ပွဲဖြစ်လာမယ်လို့ … Read more

မလွှကုန်း မီးရထားစက်ရုံမှ Non CDM ဦးဝင်းကိုကို ကို စစ်တပ်က ပုဒ်မ ၅၀၅ ဖြင့် တရားစွဲပြီး ဖမ်းဝရမ်းထုတ်

ကညွတ်ကွင်း-‌ညောင်ပင်သာ ရထားလမ်း မိုင်းခွဲခံရပြီး ကုန်ရထား ၁ စီး လမ်းချော်၊ မလွှကုန်း မီးရထားစက်ရုံမှ Non CDM ဦးဝင်းကိုကို ကို စစ်တပ်က ပုဒ်မ ၅၀၅ ဖြင့် တရားစွဲပြီး ဖမ်းဝရမ်းထုတ်ထား ပဲခူးတိုင်း၊ ကညွတ်ကွင်း-‌ညောင်ပင်သာ ရထားလမ်း မိုင်းခွဲခံရပြီး ကုန်ရထား ၁ စီး လမ်းချော်ခဲ့ကြောင်း မြန်မာ့ မီးရထားနှင့် နီးစပ်သူ တစ်ဦးကပြောဆိုသည်။ မေလ ၁ ရက်နေ့ နံနက် ၅ နာရီ ၁၅ မိနစ်ခန့်တွင် ကညွတ်ကွင်း-‌ညောင်ပင်သာ ရထားလမ်း မိုင်းခွဲခံရပြီး ကုန်ရထား ၁ စီး လမ်းချော်ခဲ့ကြောင်း၊ အဆိုပါ ကုန်ရထား လမ်းချော်မှုကြောင့် အမှတ် ၁၁ အဆန် အမြန်ရထား ကျောက်တန်းမှ နောက်ပြန်လှန့်ခဲ့ရပြီး … Read more