Author name: Admin

စစ်ကောင်စီ စစ်ကြောင်းများ တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းကို အကာအကွယ်ယူ၍ အမ်းကို ပြန်လည်ထိုးစစ်ဆင်

အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော ရခိုင်ပြည် အမ်းမြို့ကို စစ်ကောင်စီ စစ်ကြောင်းများမှာ တရုတ်ဓာတ်ငွေ့ပိုက်လိုင်းကို အကာအကွယ်ယူ၍ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်များက ပြောသည်။ အင်အားနှင့် လက်နက်ခဲယမ်းအများအပြားပါသော စစ်ကောင်စီ စစ်ကားအစီး ၂၀ မှာ ဒီဇင်ဘာလ ၈ ရက်နေ့က မကွေးတိုင်း ပဒါန်းမြောက်ဘက်မှ ကမြင်းကန်ဂိတ်သို့သွားပြီး ယင်းမှတစ်ဆင့် အမ်းမြို့သို့ ခြေလျှင်စစ်ကြောင်းထိုး၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) သို့ ဦးတည်လာကြောင်း သိရသည်။ သတင်းရင်းမြစ်တစ်ဦးက “သူတို့က တဆင့်ပြီးတဆင့် သွားတာ။ ခြေလျှင်စစ်ကြောင်းက တရုတ်ဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းဘက်က သွားကြတယ်။ လမ်းခရီးမှာ AA က လာတိုက်မှာ ကြောက်လို့ ပိုက်လိုင်းကို အကာအကွယ်ယူထားတယ်။ လက်နက်ခဲယမ်းတွေကတော့ ကားအသေးတွေနဲ့ပါတယ်” ဟု ပြောသည်။ အသည်းအသန် ခုခံနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် […]

စစ်ကောင်စီ စစ်ကြောင်းများ တရုတ်ဓာတ်ငွေ့ ပိုက်လိုင်းကို အကာအကွယ်ယူ၍ အမ်းကို ပြန်လည်ထိုးစစ်ဆင် Read More »

နတ်တလင်းနှင့် သာယာဝတီခရိုင်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များ ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေ

စစ်တပ်က ပြည်သူများကို ဖမ်းဆီးပြီး စစ်ဝတ်စုံ ဝတ်ခိုင်း၍ စစ်ကြောင်းရှေ့မှ သွားလာခိုင်း ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်နှင့် သာယာဝတီခရိုင်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်နှင့် PDF တပ်ဖွဲ့များ ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ပြည်သူများကို ဖမ်းဆီးကာ စစ်ဝတ်စုံ ဝတ်ခိုင်း၍ စစ်ကြောင်းရှေ့မှ သွားလာခိုင်းကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၈ ရက်နေ့မှစ၍ သာယာဝတီခရိုင်အတွင်း စစ်ကြောင်း ၅ ကြောင်းဖြင့် စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများနှင့် တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာ၍ လက်နက်ကြီး၊ ဒရုန်းများဖြင့် ကျေးရွာများကို ဆက်တိုက်ပစ်ခတ်နေခြင်းဖြစ်ကြောင်း သိရသည်။

နတ်တလင်းနှင့် သာယာဝတီခရိုင်ရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်တပ်နှင့် PDF တပ်ဖွဲ့များ ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေ Read More »

တောင်ပိုင်းစစ်ဒေသအတွင်း၌ တပတ်အတွင်း တိုက်ပွဲပေါင်း ၄၂ ကြိမ်ရှိပြီး စစ်သား ၆၁ ဦး သေဆုံး

တောင်ပိုင်းစစ်ဒေသနယ်မြေဖြစ်တဲ့ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ် တွေအတွင်းမှာ တပတ်အတွင်း တိုက်ပွဲပေါင်း ၄၂ ကြိမ်ဖြစ်ကာ စစ်သား ၆၁ ဦးသေဆုံးခဲ့တယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။ နိုဝင်ဘာလ ၃၀ ရက်နေ့ကနေ ဒီဇင်ဘာလ ၆ ရက်နေ့အထိ တပတ်တာအတွင်း တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပူးပေါင်းအဖွဲ့တွေက စစ်ကောင်စီတပ်စခန်းနဲ့ စစ် ကြောင်းတွေကို လက်ဦးမှုရယူပြီး သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုပေါင်း ၄၂ ကြိမ်ရှိခဲ့ပြီးတော့ တိုက်ခိုက်မှုတွေအတွင်း စစ်ကောင်စီတပ်သား ၆၁ ဦး သေဆုံးခဲ့တယ်လို့ အတည်ပြုရရှိခဲ့ပါဆိုပြီး ထုတ်ပြန်ထားတာပါဖြစ်ပါတယ်။ ဒါ့အပြင် ဖာပွန်- ကမမောင်းလမ်းပေါ်ရှိ ဗျူဟာအရအရေးတဲ့ လမ်းပန်းဆက်သွယ်ရေးကို ထိန်းချုပ် ထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ် တောင်သုံးလုံးစခန်းနဲ့ ဆင်စွယ်စခန်းတို့ကိုလည်း ဒီဇင်ဘာ ၃ ရက်နဲ့

တောင်ပိုင်းစစ်ဒေသအတွင်း၌ တပတ်အတွင်း တိုက်ပွဲပေါင်း ၄၂ ကြိမ်ရှိပြီး စစ်သား ၆၁ ဦး သေဆုံး Read More »

ပိတ်မိနေသည့် စစ်ကောင်စီတပ်သားများကို လက်နက်ချရန် AA က အသံချဲ့စက်ဖြင့်အော်နေပြီး စစ်​ကောင်စီ​က လေ​ကြောင်းမှဗုံးကြဲ

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ပိတ်မိနေသည့် စစ်ကောင်စီတပ်သားများကို လက်နက်ချရန် AA က အသံချဲ့စက်ဖြင့်အော်နေပြီး စစ်​ကောင်စီ​က လေ​ကြောင်းမှဗုံးကြဲ အမ်းမြို့အတွင်း တစ်ခုတည်းသာကျန်ရှိတော့သည့် စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်း မြေအောက် ဘန်ကာထဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိတ်မိနေပြီး စစ်ကောင်စီက ပေါင် ၁၀၀၀ ဗုံးများဖြင့် လာရောက်ကြဲချနေကြောင်း သိရသည်။ နပခအတွင်းမြေအောက်ဘန်ကာထဲတွင် စစ်ကောင်စီတပ်သား ၄၀၀ခန့်ပိတ်မိနေပြီး အင်အား ၁၀၀ ခန့်မှာ AA ထံတွင် လက်နက်ချအညံ့ခံခဲ့ရာ ကျန်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လက်နက်ချ အလံဖြူထောင်ရန် AA က နပခ ဝန်းအတွင်းသို့ အသံချဲ့စက်ဖြင့် အော်၍ တိုက်တွန်းနေကြောင်း သိရသည်။ “ဒဏ်ရာရ အရာရှိအပါအဝင် စစ်သား ၁၀၀နီးပါး လက်နက်ချတယ်။ AAက ဘန်ကာထဲကလူတွေကို အကုန်ထွက်လာဖို့ အော်နေတယ်” ဟု ရခိုင်သတင်းရင်းမြစ်က

ပိတ်မိနေသည့် စစ်ကောင်စီတပ်သားများကို လက်နက်ချရန် AA က အသံချဲ့စက်ဖြင့်အော်နေပြီး စစ်​ကောင်စီ​က လေ​ကြောင်းမှဗုံးကြဲ Read More »

တရုတ် ဗဟိုအစိုးရ ဖိတ်ခေါ်၍ KIO ဥက္ကဋ္ဌ ဘေဂျင်းမြို့သို့သွားရောက်

ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်ချိန် တရုတ် ဗဟိုအစိုးရ ဖိတ်ခေါ်၍ KIO ဥက္ကဋ္ဌ ဘေဂျင်းမြို့သို့သွားရောက် တရုတ်ဗဟိုအစိုးရက ဖိတ်ခေါ်၍ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လသည် တရုတ်နိုင်ငံသို့ ယမန်နေ့က ထွက်ခွာသွားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောကြားသည်။ ဒီဇင်ဘာ ၈ရက်တွင် KIO ဥက္ကဋ္ဌ တရုတ်နိုင်ငံသို့ သွားရောက်ကြောင်း သတင်းများနှင့်ပတ်သက်ပြီး ကချင်စစ်ရေး သတင်းရင်းမြစ် နှစ်ဦးကလည်း ခရီးစဉ်အမှန်ဖြစ်​ကြောင်းပြောသည်။ “ပုံမှန်သွားတာပါ။ (တရုတ်ဘက်က ဖိအားပေးတောင်းဆိုမှု)မရှိနိုင်ဘူးလို့ ထင်ပါတယ်”ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “ဟုတ်တယ်။ မနေ့က သွားလိုက်ပြီ။ ဘာတွေ ဖိအားပေးအုံးမလဲ မသိပါ။ ဖိအားပေး ခြိမ်းခြောက်ဖို့ပဲဖြစ်မှာပါ။ အဓိက Key Point က တိုက်ပွဲ ရပ်ပါ ဒါပဲ ဖြစ်လိမ့်မယ်” ဟု

တရုတ် ဗဟိုအစိုးရ ဖိတ်ခေါ်၍ KIO ဥက္ကဋ္ဌ ဘေဂျင်းမြို့သို့သွားရောက် Read More »

အုတ်တွင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုနှင့် မြို့စိုးတံတား စစ်တပ် ဂိတ်တို့ကို တိုက်ခိုက်

အုတ်တွင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုနှင့် မြို့စိုးတံတား စစ်တပ် ဂိတ်တို့ကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံး ပဲခူးတိုင်း၊ အုတ်တွင်းမြို့ပေါ်ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးပြီး ၄ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း အုတ်တွင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူ တစ်ဦး ပြောဆိုသည်။ နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၆ ရက်နေ့ အထိ အုတ်တွင်းမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ စီးပွားရေးဘဏ်နှင့် မြို့‌တောင်ဘက်အထွက်ရှိ စစ်ဆေးရေးဂိတ် တို့ကို

အုတ်တွင်းမြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုနှင့် မြို့စိုးတံတား စစ်တပ် ဂိတ်တို့ကို တိုက်ခိုက် Read More »

အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးရာ၌ ပူးပေါင်း ပါဝင်နေသည့် ရာအိမ်မှူး အေးထွန်း ပစ်ခတ်ခံရပြီး သေဆုံး

သဲကုန်းမြို့နယ်တွင် စစ်တပ်က ပြည်သူများကို အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးရာ၌ ပူးပေါင်း ပါဝင်နေသည့် ရာအိမ်မှူး အေးထွန်း ပစ်ခတ်ခံရပြီး သေဆုံး ပဲခူးတိုင်း၊ သဲကုန်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူများကို အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးရာ၌ ပူးပေါင်း ပါဝင်နေသည့် ရာအိမ်မှူး အေးထွန်းကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သဲကုန်းမြို့နယ် ပကဖအဖွဲ့ တာဝန်ခံက ပြောဆိုသည်။ ဒီဇင်ဘာလ ၈ ရက်နေ့ နံနက် အစောပိုင်း ၁ နာရီ ၄၀ မိနစ်ခန့်တွင် သဲကုန်းမြို့နယ်၊ နွယ်ကောက်ရွာ ရာအိမ်မှူး အေးထွန်းကို သဲကုန်းမြို့နယ် ပကဖ နှင့် ပေါင်းတည်မြို့နယ် ပကဖ မှ တော်လှန်ရေး ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသွားသော

အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးရာ၌ ပူးပေါင်း ပါဝင်နေသည့် ရာအိမ်မှူး အေးထွန်း ပစ်ခတ်ခံရပြီး သေဆုံး Read More »

အမှတ်(၆)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ သင်တန်းသား ၄၀ ထွက်ပြေး၊ ၂၄ ဦး လွတ်မြောက်

ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ရွှေမြင်တင်ကျေးရွာရှိ အမှတ်(၆)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ သင်တန်းသား ၄၀ ဦးထွက်ပြေးခဲ့ရာ ၂၄ ဦး လွတ်မြောက်ခဲ့ပြီး ၁၆ ဦး ပြန်လည်ဖမ်းဆီးခံခဲ့ရကြောင်း စစ် ကောင်စီနှင့်နီးစပ်သူများက ပြောသည်။ ဒီဇင်ဘာလ ၇ ရက် ည ၁၁ နာရီ ၃၀ မိနစ်ခန့်က အမှတ်(၆)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ စစ်မှုထမ်း ဥပဒေဖြင့် စစ်သားစုဆောင်းခံထားရသည့် သင်တန်းသား ၄၀ ဦး ထွက်ပြေးခဲ့ခြင်းဖြစ်သည်။ အဆိုပါ လေ့ကျင့်ရေးတပ်မှထွက်ပြေးလာသူများအနက် ၂၄ ဦး လွတ်မြောက်ခဲ့သော်လည်း ၁၆ ဦးမှာ အနောက်တောင်တိုင်းစစ်ဌာနချုပ်အနီးရှိ ဇင်ပြွန်းကုန်းကျေးရွာအုပ်စု၊ တောင်ယာကုန်းကျေးရွာအတွင်း သို့ထွက်ပြေးခဲ့ရာတွင် စစ်တပ်ထောက်ခံသူတဦး၏တိုင်ကြားမှုကြောင့် ပြန်လည်ဖမ်းဆီးခံခဲ့ရသည်ဟု စစ်ကောင်စီနှင့် နီးစပ်သူက ပြောသည်။ ဖမ်းဆီးခံရသည့် ၁၆ ဦးအနက် တဦးမှာ၏ အမျိုးသမီးဖြစ်သူနှင့် တနှစ်ကျော်ခန့်အရွယ် ကလေးငယ်တဦး

အမှတ်(၆)စစ်အခြေခံလေ့ကျင့်ရေးတပ်မှ သင်တန်းသား ၄၀ ထွက်ပြေး၊ ၂၄ ဦး လွတ်မြောက် Read More »

မင်းတပ်မြို့သိမ်းတိုက်ပွဲ ရက်ပေါင်း ၃၀ ကြာဆက်လက်တိုက်ပွဲဖြစ်

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် (Mindat)ပါဝင်သည့် ချင်းညီနောင်မဟာမိတ် တပ်များက နိုဝင်ဘာ ၉ရက်က စတင်ဆင်နွှဲခဲ့ရာ ယနေ့အထိ ရက်ပေါင်း ၃၀ကြာတိုက်ပွဲဖြစ်ပွားခဲ့ကြောင်း CDF မင်းတပ်ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ယနေ့ (ဒီဇင်ဘာ ၉ရက်)တွင် ပြောသည်။ ချင်းညီနောင်မဟာမိတ်များသည် မင်းတပ်နှင့် ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို နိုဝင်ဘာ ၉ရက်တွင် တပြိုင်တည်း စတင်ခဲ့ခြင်းဖြစ်သည်။ မြို့သိမ်းစစ်ဆင်ရေးများအတွင်း အောင်မြင်မှုများ ရရှိထားကြောင်း အသိပေး ထားသော်လည်း စစ်ရေးသတင်းများ ထပ်မံထုတ်ပြန်ခြင်းမရှိပေ။ စစ်ရေးသတင်းများကို လတ်တလော ပြောဆို၍ မရသေးဘဲ ပြောလို့ရသည့် အခြေအနေတွင် ပြောပြမည်ဟု ဆလိုင်းဟာအွမ်က ပြောသည်။ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီက လေကြောင်းပစ်ကူ အများအပြားအသုံးပြု ခုခံခဲ့ပြီး မင်းတပ်အခြေစိုက် ခလရ(၂၇၄)တပ်ရင်းသို့လည်း လေကြောင်းမှ လက်နက်ခဲယမ်းဖြည့်တင်းမှုများ ပြုလုပ်ခဲ့ဟု ဒေသခံသတင်းရင်းမြစ်က အသိပေးထားသည်။ ထို့ပြင်

မင်းတပ်မြို့သိမ်းတိုက်ပွဲ ရက်ပေါင်း ၃၀ ကြာဆက်လက်တိုက်ပွဲဖြစ် Read More »

ရိက္ခာရှာရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်

ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှ ရိက္ခာရှာရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦး သေဆုံး စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှ ရိက္ခာရှာရန် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း လျှပ်စီးမုန်းတိုင်းပြောက်ကျားတပ်ဖွဲ့ (ပလိုင်း ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၅ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ပလိုင်းရွာ၌ အထိုင်ချ တပ်စွဲထားသော ရိက္ခာ ထွက်ရှာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တော်လှန်ရေး ရဲဘော်များက ကင်းပုန်းဝပ်၍ ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း

ရိက္ခာရှာရန် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက် Read More »

Scroll to Top