အညာသူ မရင်သွေး ရင်သွေးလေး မမွေးနိုင်တော့ပါ
“ရှေ့က အရင်ပြေးနှင့်။ ဒါတွေ သိမ်းဆည်းပြီးရင် လိုက်ခဲ့မယ်။ ပြေးနှင့်တော့” ကိုဖိုးအောင် နောက်ဆုံးကြားခဲ့ရတဲ့ ဇနီးသည် မရင်သွေးရဲ့ စကားသံ။ မပေါ့မပါး ကိုယ်ဝန်ကြီးနဲ့ ချက်ပြုတ်လက်စ ထမင်းဟင်းတွေကို သိမ်းဆည်းနေရင်း မရင်သွေးက သူ့ကို အရင် ပြေးခိုင်းတဲ့ အကြောင်း ကိုဖိုးအောင်က ပြန်ပြောပြနေတာပါ။ “ကျွန်တော်က ရှေ့ကနေ သစ်ပင်ပေါ်ကို တက်ပြီးတော့ အခြေအနေ ကြည့်တာပေါ့။ မိန်းမရေ ငါတို့တော့ မလွတ်တော့ဘူး ထင်တယ်ဟေ့။ (စစ်အုပ်စု) လာနေကြပြီ ပြေးရကြအောင်လို့။ သူက ကျွန်တော့်ကို ပြောတာ၊ ရှင်ရှေ့ကနေ ပြေးနှင့်တဲ့။ ဒီမှာ စစ်ရှောင်တွေအတွက် ချက်ပြုတ်ထားတဲ့ အစားအသောက်တွေ ရှိသေးလို့ သိမ်းရ၊ဆည်းရ ဦးမှာမို့ နောက်ကနေ လိုက်ခဲ့မယ်တဲ့။ သူလည်း ကျွန်တော့် နောက်ကတော့ လိုက်တော့ လိုက်ခဲ့သေးတာပေါ့ဗျာ။ […]
အညာသူ မရင်သွေး ရင်သွေးလေး မမွေးနိုင်တော့ပါ Read More »