မြစ်ကြီးနား ထောင်တွင်းဆန္ဒပြမှု ပစ်ခတ်ဖြိုခွင်းခံရလို့ အကျဥ်းသားလေးဦး သေဆုံး
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြစ်ကြီးနားအကျဉ်းထောင်မှာ ဧပြီလ ၁၈ ရက်နေ့က ထောင်တွင်းဆန္ဒပြမှုဖြစ်ခဲ့ပြီး ထောင်အာဏာပိုင်တွေနဲ့ စစ်ကောင်စီတပ်က ပစ်ခတ်နှိမ်နင်းလို့ အကျဥ်းသား လေးဦးသေဆုံးပြီး ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ အကျဥ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်ဟာမျှတမှု မရှိဘူးဆိုပြီး အကျဥ်းသားတွေက ဧပြီလ ၁၈ ရက် နေ့လယ်ပိုင်းကစလို့ ထောင်တွင်းဆန္ဒပြနေစဥ် ညနေပိုင်းမှာတော့ ထောင်အာဏာပိုင်တွေဘက်က ပစ်ခတ်နှိမ်နင်းမှုတွေ လုပ်ခဲ့တာလို့ အကျဉ်းထောင်အနီးမှာနေထိုင်တဲ့ မြို့ခံတစ်ဦးကပြောပါတယ်။ “ဆူနေတာက နေ့လယ်လောက်ကတည်းက ဖြစ်နေပြီ။ ညနေ လေးနာရီကစပြီး နှိမ်နှင်းတာပေါ့။ အကျဥ်းသား လေးဦးသေတယ်။ ရှစ်ဦးဒဏ်ရာရရတယ်။ သေတဲ့သူ ဘယ်သူတွေလဲတော့ မသိဘူး။ တွေ့တော့ တွေ့လိုက်တယ်။ ဆေးရုံလူနာတင်ယာဥ်၊ ကြက်ခြေနီနဲ့ ထောင်က လူနာတင်ယာဥ်တွေနဲ့ ခေါ်ထုတ်သွားတာ။ မနေ့က ည ရှစ်နာရီလောက်မှာ ပြန်ငြိမ်သွားတယ်” … Read more