ပြင်ဦးလွင်မြို့အထွက်မှာ တိုက်ပွဲဖြစ်

မြန်မာ့နှစ်ဆန်းတရက်ညပိုင်းက ပြင်ဦးလွင်မြို့အထွက်မှာ တိုက်ပွဲဖြစ်ပြီး ပစ်ခတ်သံတွေ ကြားရတယ်လို့ ဒေသခံတွေကပြောပါတယ်။ ပစ်ခတ်မှုဖြစ်ပြီးနောက် မြို့အဝင်အထွက်တွေမှာ စစ်တပ်က စစ်ဆေးတာတွေ လုပ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို အခြေခံပြီး တင်ပြပေးထားပါတယ်။ မြန်မာ့နှစ်ဆန်း ၁ ရက်၊ ဧပြီ ၁၇ ရက် ညပိုင်းက မန္တလေးတိုင်း၊ ပြင်ဦးလွင်-မိုးကုတ်လမ်း ပြင်ဦးလွင်မြို့အထွက်မှာ ပစ်ခတ်သံတွေကြားရပြီး တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ၁ နာရီနီးပါး တိုက်ပွဲဖြစ်ခဲ့ပြီး လက်နက်ကြီး ပစ်ခတ်သံတွေ ကြားရတယ်လို့ ပြင်ဦးလွင် မြို့ခံတွေက ပြောပါတယ်။ မြေကြီးတွေပါ တုန်ခါတဲ့အထိ တိုက်ပွဲပြင်းထန်တယ်လို့ ပြင်ဦးလွင်မြို့ခံတဦးက အခုလို ပြောပါတယ်။ “ကျွန်တော်တို့ ၉ နာရီကျော်ပေါ့လေ၊ ၁၀ နာရီကျော်ကျော်မှ သိမ်းသွားတာပေါ့ ပစ်တာတွေက။ အသံတွေကတော့ … Read more

ဖားကန့်၊ လွယ်ဆိုင်တပ်စခန်းမှ စစ်ကောင်စီတပ်သားများ စွန့်ခွာထွက်ပြေးပြီး စခန်းကို KIA နယ်မြေရှင်းလင်းရာ လက်နက်ကြီးကျည်မျိုးစုံ ကား ၂ စီးစာ ရရှိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် လွယ်ဆိုင်ကျေးရွာရှိ စစ်ကောင်စီတပ်သားများ ထွက်ပြေးစွန့်ခွာသွားသော လွယ်ဆိုင်တာဝါတိုင်တပ်စခန်းကို ကချင်လွတ်လပ်ရေးတပ်တော် KIAက ဝင်ရောက်ရှင်းလင်းရာ ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်း လွယ်ဆိုင်တာဝါတိုင်စခန်းမှ စစ်ကောင်စီတပ်သားများက စခန်းကို စွန့်ခွာသွားပြီး ကာမိုင်းဗျူဟာတပ်စခန်းသို့ သွားရောက် ပူးပေါင်းကြကြောင်း၊ စစ်သားများက လက်နက်များအားလုံး သယ်ဆောင်သွားကြသော်လည်း ခဲယမ်းအများအပြားကို ချန်ထားရစ်ခဲ့ကြောင်း၊ KIA က ဝင်ရောက် နယ်မြေရှင်းလင်းရာတွင် ခဲယမ်း အများအပြား ရရှိကြောင်း သိရှိရသည်။ “လက်နက်တော့မရဘူး။ ခဲယမ်းကျည်တွေအများကြီးရတယ်။ လက်နက်ကြီးကျည်တွေမျိုးစုံးကားကြီး ၂ စီးစာရတယ်” ဟု KIA သတင်းရင်းမြစ်က ပြောဆိုသည်။ ဖားကန့်မြို့နယ်တွင် စစ်ကောင်စီတပ်စခန်းအများအပြားကို KIA က သိမ်း ဆည်းရရှိထားပြီး ကျန်ရှိနေသော စစ်စခန်းများကို လည်း သိမ်းဆည်းရရှိနိင်ရေး … Read more

အုပ်ချုပ်ရေးမှူး တင်ငြိမ်း လုပ်ကြံခံရမည်စိုးရိမ်၍ စစ်တပ်ထဲတွင် ညအိပ်ပြီး မနက်ပိုင်း လက်ဖက်ရည်ဆိုင် ထွက်ထိုင်စဉ် ပစ်ခတ်ခံရ

ဘီးလင်းမြို့နယ်တွင် နတ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး တင်ငြိမ်း လုပ်ကြံခံရမည်စိုးရိမ်၍ စစ်တပ်ထဲတွင် ညအိပ်ပြီး မနက်ပိုင်း လက်ဖက်ရည်ဆိုင် ထွက်ထိုင်စဉ် ပစ်ခတ်ခံရပြီး သေဆုံး မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စစ်မှုထမ်း ဥပဒေဖြင့် စစ်သား စုဆောင်းနေသော နတ်ကြီးကျေးရွာအုပ်ချုပ်ရေးမှူး တင်ငြိမ်းသည် စစ်တပ်ထဲတွင် ညအိပ်ပြီး မနက်ပိုင်း လက်ဖက်ရည်ဆိုင် ထွက်ထိုင်စဉ် ပစ်ခတ်ခံရပြီး သေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဧပြီလ ၁၈ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် ဘီးလင်းမြို့နယ်၊ နတ်ကြီးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တင်ငြိမ်းက စစ်မှုထမ်းဥပဒေဖြင့် စစ်သားသစ် စုဆောင်းရေးအတွက် လက်ဖက်ရည်ဆိုင်တွင် ထိုင်၍ သူ့လက်အောက်ငယ်သား ရာအိမ်မှူးများကို ပြောဆို ခိုင်းစေနေစဉ် တော်လှန်ရေးတပ်သားတချို့က လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ ပစ်ခတ်မှုကြောင့် သေနတ် ကျည် ချက် … Read more

မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာ ပျူစောထီး ခေါင်းဆောင် ရက်လည်နှင့် ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာ ပျူစောထီး ခေါင်းဆောင် ရက်လည်နှင့် ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ ဧပြီလ ၁၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာ ပျူစောထီး ခေါင်းဆောင် ဝင်းငွေ၏ ၁ လပြည့် ရက်လည်နှင့် စစ်သား၊ ရဲနှင့် ပျူစောထီးများ တပ်စွဲထားသော အနောက်ကျောင်း ဘုန်းကြီးကျောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ်သည် အနောက်ကျောင်း ဘုန်ကြီးကျောင်းအတွင်းရှိ ရွှေဘုံသေ ဘုရားကို ဗျူဟာကုန်း ပြုလုပ်၍ ဘုရား အောက်ခန်းတွင် ဘန်ကာ များပြုလုပ်ထားခြင်းကြောင့် … Read more

နတ်မောက်မြို့နယ်တွင် လက်နက်ကိုင် န-ဖုန်ကုန်းရွာ အုပ်ချုပ်ရေးမှူး ခင်မောင်အေး ပစ်ခတ်ခံရပြီးသေဆုံး

ကာဘိုင် သေနတ်နှင့် ကော်စေ့သေနတ် အပါအဝင် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိ မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် လက်နက်ကိုင် န-ဖုန်ကုန်းရွာ အုပ်ချုပ်ရေးမှူး ခင်မောင်အေး ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ပြီး ကာဘိုင် သေနတ်နှင့် ကော်စေ့သေနတ် အပါအဝင် စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ကြောင်း People’s Defence Organization – Natmauk တပ်ဖွဲ့မှ သိရသည်။ ဧပြီလ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်ခန့်တွင် န-ဖုန်ကုန်းကျေးရွာမှ ပျူစောထီး ခေါင်းဆောင် အုပ်ချုပ်ရေးမှူး ခင်မောင်အေးကို ၎င်းနေအိမ် အနီး၌ပင် တော်လှန်ရေး တပ်ဖွဲ့များက သွားရောက် ပစ်ခတ် တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။ တော်လှန်ရေး တပ်ဖွဲ့များ သွားရောက် တိုက်ခိုက်စဉ် အတွင်း … Read more

သင်္ဃန်းညီနောင်ဗျူဟာစခန်းထဲမှ သိမ်းပိုက်သွားတဲ့ လက်နက်ခဲယမ်းများကို ပြန်အပ်ဖို့ စစ်ကောင်စီက BGF ထံတောင်းဆို

သင်္ဃန်းညီနောင်ဗျူဟာစခန်းထဲမှ သိမ်းပိုက်သွားတဲ့ လက်နက်ခဲယမ်းများကို ပြန်အပ်ဖို့ စစ်ကောင်စီက BGF ထံတောင်းဆို! ပြန်လည်အပ်နှံခြင်းမရှိပါက ရွှေကုက္ကိုမြို့သစ်ကို တိုက်ခိုက်သွားမယ်လို့ပြော ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ဗျူဟာစခန်းမှ KNU သိမ်း ဆည်းသွားတဲ့လက်နက်ခဲယမ်းများကိုပြန်လည်အပ်နှံဖို့ စစ်ကောင်စီက BGF ထံတောင်းဆိုလိုက်ပြီး ပြန်လည်အပ်နှံခြင်းမရှိပါက ရွှေကုက္ကိုမြို့နဲ့ကာစီနိုများကို တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ထိုင်း Matichon Online သတင်းဌာနမှာ ဖော်ပြထားပါတယ်။ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် အခြေချ စစ်ဗျူဟာ စခန်းကနေ ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မ တော် KNU က သိမ်းဆည်းသွားတဲ့ လက် နက်ခဲယမ်းများကိုပြန်လည်အပ်နှံဖို့ BGF အဖွဲ့ခေါင်းဆောင် ဗိုလ်မှူး စောချစ် သူထံ စစ်ကောင်စီက ကိုယ်စားလှယ်စေလွှတ်ပြီး ပြောကြားခဲ့တာဖြစ်တယ်လို့ Matichon Online သတင်းဌာနက ဆိုပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ … Read more

မိခင်ဖြစ်သူကို နိုင်ငံရေးလှည့်ကွက်အဖြစ် အသုံးချတာလို့ ကင်မ်အဲရစ်ပြော

အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လိုက်တာဟာ လူသားချင်းစာနာထောက်ထားမှုအပေါ် အခြေခံတာ မဟုတ်ဘဲ နိုင်ငံရေးလှည့်ကွက်တစ်ခုအနေနဲ့ အသုံးချတာလို့ သားဖြစ်သူ ကင်မ်အဲရစ် က ပြောလိုက်ပါတယ်။ တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုကို အကာအကွယ်ဖြစ်စေတဲ့ လူသားဒိုင်းအဖြစ် အသုံးချတာလို့ ကင်မ်အဲရစ်က ဗြိတိန်အခြေစိုက် Independent သတင်းဌာနနဲ့ မေးမြန်းချက်မှာ ပြောလိုက်တာပါ။ နေပြည်တော်အကျဉ်းထောင်မှာ နှစ်ရှည်ထောင်ကျနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ငူထောင်မှာ ထောင်ကျနေတဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို လုံခြုံရေးတင်းကျပ်ထားတဲ့ နေအိမ်တွေကို စစ်ကောင်စီက ရွှေ့ပြောင်းလိုက်တာဖြစ်ပါတယ်။ နွေအပူဒဏ်သက်သာစေဖို့ ရွှေပြောင်းလိုက်တာလို့ သတင်းဌာနတချို့ကို စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပေမဲ့ ဘယ်ကိုပြောင်းလိုက်တယ်ဆိုတာတော့ မပြောပါဘူး။ သားဖြစ်သူ ကင်မ်အဲရစ်ကတော့ မိခင်ဖြစ်သူကို နေရာရွှေ့လိုက်တာဟာ အတိုက်အခံအင်အားစုတွေကို လှည့်စားဖို့ပဲလို့ ဆိုပါတယ်။ ဒီလဆန်းမှာ နေပြည်တော်က စစ်ကောင်စီရဲ့ … Read more

နယ်ခြားစောင့်ရဲနဲ့ စစ်သား ၅ဝ နီးပါး ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံ

ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေတာကြောင့် ဧပြီ ၁၆ ရက်နေ့ညက စစ်ကောင်စီနယ်ခြားစောင့်ရဲနဲ့ စစ်သား ၅ဝ နီးပါး နယ်စပ်ကိုဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးခိုလှုံလာတယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်းကလည်း နယ်ခြားစောင့်တပ်၊ စစ်သားနဲ့ အရပ်သား စုစုပေါင်း ၂၆ဝ ခိုလှုံလာတယ်လို့ သူက ဆိုပါတယ်။ AA နဲ့ စစ်ကောင်စီတပ်တို့ ဖေဖော်ဝါရီ ၂ရက်နေ့ကစပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့ရာ ရာနဲ့ချီတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ ထွက်ပြေးလာကြတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အခုလိုနယ်စပ်ကိုဖြတ်ကျော်ထွက်ပြေးခိုလှုံတဲ့ အခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖုန်းခေါ်ပေမဲ့ ဖုန်းမဖြေပါဘူး။ ဖေဖော်ဝါရီ ၄ ရက်နေ့ကနေ ၇ရက်နေ့အတွင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးလာသူ ၃၃၀ ခန့်ကို ဖေဖော်ဝါရီ … Read more

နေပြည်တော်ပစ်ခတ်မှုမှ ရဲ ၃ ဦးသေဆုံးမှု စုံခုံဖွဲ့စစ်

နေပြည်တော်တွင် ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ‌နေထိုင်သည့်အိမ်ယာအနီး ရဲအချင်းချင်းပစ်ခတ်ရာမှ ရဲတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့မှုအတွက် ဒုတိယရဲမှူးကြီးတဦး ခေါင်းဆောင်သည့် စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ကာ စစ်ဆေးနေကြောင်း နေပြည်တော်သတင်းရင်းမြစ်ထံမှ သိရသည်။ ” ဒီကိစ္စက နည်းနည်းတော့ စိတ်ရှုပ်စရာကောင်းသွားတယ်။ ခိုက်ရန်ဖြစ်ပွားတဲ့အပြင် ပစ်ခတ်မှုဖြစ်ပြီး ရဲ သုံးယောက်တောင် သေဆုံးသွားတယ်။အခုတော့ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ပြီး စစ်ဆေးနေပါတယ်” ဟု နေပြည်တော်ရဲတပ်ဖွဲ့မှ သတင်းရင်းမြစ်တစ်ဦးကပြောသည်။ အထက်ပါပစ်ခတ်မှုသည် ဧပြီလ၁၅ ရက်(သင်္ကြန်အကြတ်နေ့)ည ၉ နာရီကျော်အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဟုသိရသည်။ ဒုတိယသမ္မတဦးဟင်နရီဗန်ထီးယူ‌နေထိုင်သည့် အိမ်ယာအနီးဖြစ်သလို ပြည်ထဲရေးဝန်ကြီးဌာနသင်္ကြန်မဏ္ဍပ်နှင့်လည်းနီးသည့် နေပြည်တော်လွှတ်တော်ဝင်း ဂိတ်အမှတ်(၄) ၌ လုံခြုံရေးယူထားသော အမှတ်(၈)လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ရဲတပ်သားပိုင်စိုးဦးနှင့်တပ်ကြပ်ကြီးမျိုးနိုင်ဦးတို့ စကားများရာမှ ရဲတပ်သား ပိုင်စိုးဦးသည် M-16 သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဟု သိရသည်။ ထိုပစ်ခတ်မှုကြောင့် ရဲတပ်ကြပ်ကြီး မျိုးနိုင်ဦးအပြင် ကင်းတာဝန်ကျနေသည့် ရဲတပ်သားသန်းမင်းထက်ပါ သေနတ်ကျည်ထိမှန် သေဆုံးခဲ့ကြောင်း နေပြည်တော်ရဲတပ်ဖွဲ့မှ … Read more

သာပေါင်းမြို့နယ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ဓားဖြင့်အခုတ်ခံရ

ဧရာ၀တီတိုင်း၊ သာပေါင်းမြို့နယ်၊ ကျီးပင်ကျေးရွာအုပ်စု၏ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်သည် ဧပြီလ ၁၆ ရက်(သင်္ကြန်အတက်နေ့)က ဓားဖြင့်အခုတ်ခံရသဖြင့် ဆေးရုံ၌ ကုသမှုခံယူနေရကြောင်း သိရသည်။ သင်္ကြန်အတက်နေ့ နေ့လည်ပိုင်းက အုပ်ချုပ်ရေးမှူး မြင့်လွင်တစ်ဦးထဲ ရှိနေစဥ် လူငယ်တစ်ဦးမှ ဓားဖြင့် ခုတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ “ဆေးရုံကိုအမြန်ပို့လိုက်ရတယ် ခုနောက်ပိုင်း သာပေါင်းအုပ်ကြီးတွေက စစ်မှုထမ်းဖို့ကိစ္စတွေမှာ မဲမနိူက်တော့ပဲ သူတို့တွေ့တဲ့လူငယ်တွေကို ခေါ်တာများတယ်။ အဲ့ကိစ္စတွေကြောင့်လား စစ်တပ်နဲ့ပေါင်းပြီး အာဏာပြခဲ့တာကို မကျေနပ်လို့လားတော့မသိ လူမုန်းများတော့ လစ်ရင်တော့ ရရာ လက်နက်နဲ့ လုပ်မယ့်သူများနေတယ်လေ”ဟု ဒေသခံတစ်ဦးမှ ဧရာ၀တီတိုင်းမ်ကိုပြောသည်။ ဦးမြင့်လွင်သည် စစ်ကောင်စီမှ အုပ်ချုပ်ရေးမှုးအဖြစ် မခန့်အပ်ခင်က ကြံခိုင်ရေးပါတီ၏ ကျေးရွာအမာခံပါတီ၀င်တစ်ဦးဟု သိရှိရပြီး လက်ရှိတွင် သာပေါင်းမြို့နယ်စက်ဒေါင့်ကြီးတိုက်နယ်ဆေးရုံတွင် ဆေးဝါးကုသနေရကြောင်း သိရသည်။ ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့ကလည်း … Read more