မြန်မာပဋိပက္ခ ငြိမ်းချမ်းစွာ အဆုံးသတ်ရေး တွေ့ဆုံဆွေးနွေးကြဖို့ ထိုင်းနိုင်ငံ တောင်းဆို

မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးက တွေ့ဆုံဆွေးနွေးကြဖို့နဲ့ အကြမ်းဖက်မှုတွေ လျှော့ချကြဖို့ ထိုင်း နိုင်ငံခြားရေးဝန်ကြီး ပန်ပရီးဘာဟက်ဒါနူကာရာက တိုက်တွန်းလိုက်ပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေက ကရင်ပြည်နယ်ရှိ အရေးပါသော ကုန်သွယ်ရေးအချက်အချာ မြဝတီ မြို့ကို စစ်ကောင်စီထံမှ သိမ်းပိုက်ပြီးတစ်ရက်အကြာ မဲဆောက်မြို့သို့သွားရောက်တဲ့ ခရီးစဉ်အတွင်း သူ က အခုလို တိုက်တွန်းခဲ့တာပါ။ “ထိုင်းနိုင်ငံသာမက အာဆီယံအဖွဲ့ကလည်း မြန်မာစစ်ကောင်စီထံ သတင်းစကား ကြိမ်ဖန်များ စွာ ပေးပို့ခဲ့ပါတယ်” လို့ မဲဆောက်မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက သတင်းထောက်တွေ ကို ပြောပါတယ်။ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့ ထိုင်းအစိုးရက မြန်မာ အာဏာသိမ်းစစ်ကောင်စီကို တောင်းဆို ခဲ့တယ်လို့ ၎င်းက ဆိုပါတယ်။ “မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ လျှော့ချဖို့နဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ဖို့ တောင်းဆိုတဲ့ … Read more

ပလောက်မြို့၊ တံတားကြီးအနီးရှိ စစ်တပ်ဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံး

အနောက်ကမ်း အုပ်ချုပ်ရေးမှူး နေအိမ်ကိုလည်း မီးရှို့ရှင်းလင်း တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ တံတားကြီးအနီး တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးခဲ့ကြောင်း မြိတ်ခရိုင် အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ ဧပြီလ ၁၆ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ခန့်တွင် ပလောက်မြို့၊ တံတားကြီးအနီးရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သား အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသော စစ်ဆေး ရေးဂိတ်ကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိတွေ့တိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် … Read more

စစ်မှုထမ်းဖို့လူလိုက်ခေါ်တဲ့ မြို့နယ်သမဝါယမဥက္ကဋ္ဌ အသတ်ခံရ

မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်၊ ရုံးကုန်းကျေးရွာအုပ်စု၊ ဆည်ကျေးရွာ အုပ်ချုပ်ရေးမှူးလည်းဖြစ် ရေနံချောင်းမြို့နယ်သမဝါယမအသင်းဥက္ကဋ္ဌဖြစ်သူကို သေနတ်နဲ့ပစ်သတ်ခဲ့တယ် လို့ ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။ အသတ်ခံရသူမှာ အသက် ၅၀ နှစ်အရွယ် ဦးရာတင်ဖြစ်ပြီး ဧပြီ ၁၅ ရက်ည ၉ နာရီဝန်းကျင်က သူ့နေအိမ်မှာပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ “သူက အဲဒီဘက်နယ်တွေမှာ ဩဇာညောင်းတယ်။ သူက ပြည်သူ‌တွေကို စစ်မှုထမ်းဖို့ ဘယ်အိမ်က ဘယ်သူလိုက်ရမယ်ဆိုပြီး နာမည်ကိုတပ်ပြီးတော့ လူတွေခေါ်ခေါ်ပြီး ပေးနေတာ။ ကျနော်တို့ ဝင်ရောက်ပြီး နေအိမ်မှာစစ်ဆေးမေးမြန်းဖို့လုပ်တဲ့အချိန် ထွက်ပြေးလို့ပစ်ခတ်ခဲ့တာ” လို့ ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဗိုလ်စံသျှားက ဆိုပါတယ်။ ဒီပစ်ခတ်မှုကို ရေနံချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ မကွေးခရိုင်အမှတ် ၂ တပ်ရင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။ ဦးရာတင်မှာ နေရာတင်သေဆုံးခဲ့ပြီး ပစ်ခတ်ပြီးနောက်မှာ ကာကွယ်ရေးရဲဘော်တွေ ပြန်လည် ဆုတ်ခွာခဲ့တာကြောင့် … Read more

ဘီယာဝယ်ပြီးပြန်လာတဲ့ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်က အုပ်စုအုပ်ချုပ်ရေးမှူးတဦးကို ဧပြီ ၁၅ ရက် နေ့လယ် ၁ နာရီခွဲလောက်မှာ သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကိုင်းမြို့နယ်၊ တင်းတိပ်ကျေးရွာအုပ်စု၊ မကျီးစင်ရွာမှာနေထိုင်တဲ့ အုပ်စုအုပ်ချုပ်ရေးမှူး အသက် ၃၀ နှစ်အရွယ် ကိုလင်း‌အောင်ကို မကျီးစင်ရွာဝန်းကျင် စစ်ကိုင်း-မုံရွာ-ရွှေဘိုလမ်းရှိ DENKO ဆီဆိုင်အနီးမှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။ “အရက်ဆိုင်ကနေ ဘီယာဝယ်ပြီး ဆိုင်ကယ်နဲ့အထွက်ကို ပစ်လိုက်တဲ့အချိန်မှာ လက်ပြင်တဝိုက်ကို သုံးချက်မှန်ပြီး အတင်းမောင်းပြေးတာ။ နောက်ကနေလိုက်ပြီး ထပ်ပစ်တာ ပွဲချင်းပြီးသေသွားတယ်”လို့ လင်းယုန်ညီနောင် ပြောက်ကျားတပ်ဖွဲ့ကတာဝန်ခံက ပြောပါတယ်။ ပစ်ခတ်အပြီး အလောင်းကိုစစ်ကောင်စီဘက်က အင်အား ၂၀ ဝန်းကျင်နဲ့လာသယ်ပြီး သေနတ်ပစ်ဖောက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ဧပြီလ ၁၇ ရက်ဒီနေ့အထိ အနီးဝန်းကျင်ကသူတွေကို ဖမ်းဆီးတာမျိုးတွေမရှိဘူးလို့ အထက်ပါတာဝန်ခံက ပြောပါတယ်။ ကိုလင်းအောင်ရဲ့ … Read more

စစ်အာဏာရှင်ပြုတ်ကျရေး UWSP နှင့်လက်တွဲဆောင်ရွက်မည်ဟုဆန္ဒပြု‌ကြောင်း NUG ယာယီသမ္မတ သဝဏ်လွှာပေးပို့

အာဏာရှင်စနစ်အမြစ်ပြတ်ဖြုတ်ချရေး၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး တို့အတွက် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)နှင့် လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း ဆန္ဒပြု အပ်သည်ဟု “ဝ” ပြည် ငြိမ်းချမ်းရေးတည်ဆောက်မှု (၃၅) နှစ်ပြည့်အခမ်းအနားသို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက သဝဏ်လွှာပေးပို့သည်။ အကြမ်းဖက်စစ်အာဏာရှင်ကို အပြီးသတ်ချေမှုန်းနိုင်မှသာ “ဝ” တိုင်းရင်းသားများအပါအဝင် တိုင်းရင်း သားများလိုလားသည့် အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်နိုင်မည်ဟု ယုံကြည်‌ကြောင်း NUG ယာယီသမ္မတက ‌ပြောသည်။ ထို့ပြင် ၁၀၂၇ စစ်ဆင်ရေးအတွင်း “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းသို့ ‌ပြောင်းရွှေ့လာသည့် ပြည်သူ များကို လက်ခံစောင့်ရှောက်ပေးမှုအပေါ် များစွာကျေးဇူးတင်ရှိသည်ဟု ယာယီသမ္မတက ဆိုသည်။ အလားတူ စစ်အာဏာရှင်စနစ်မှလွတ်မြောက်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ဖက်ဒရယ် ပြည်ထောင်စုစနစ်ပေါ်ထွန်းလာရေးအတွက် တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို ကူညီပံ့ပိုးခဲ့သည်များကိုလည်း ဂုဏ်ယူမိသည်ဟု ယာယီသမ္မတက ဆက်‌ပြောသည်။ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSP)ကို ၁၉၈၉ ခုနှစ် ဧပြီလ … Read more

တပ်မ ၃၃ မှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး နိုင်နိုင်ဝင်း နှင့် ရဲဘော်များ လက်နက် ကြီး ထိမှန်၍ သေဆုံး

ကချင်ပြည်နယ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်ကူ ရောက်ရှိနေသည့် တပ်မ ၃၃ မှ တပ်ရင်း မှူး ဒုဗိုလ်မှူးကြီး နိုင်နိုင်ဝင်း နှင့် ရဲဘော်များ လက်နက် ကြီး ထိမှန်၍ သေဆုံး ကချင်ပြည်နယ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် စစ်ကူရောက်ရှိနေသည့် တပ်မ ၃၃ မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး နိုင်နိုင်ဝင်း ဦးဆောင်သော စစ်ကြောင်းသည် လက်နက်ကြီးကျည်ကျရောက်ထိမှန်၍ တပ်ရင်းမှူး နိုင်နိုင်ဝင်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦး သေဆုံးသွားကြောင်း ၎င်းနှင့် မိတ်ဆွေတော်စပ်သူများထံမှ သိရှိရသည်။ ဧပြီလ ၁၄ ရက်နေ့ ကချင်ပြည်နယ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ဂွင်တွင် စစ်ကူ စစ်ကြောင်းအဖြစ်ရောက်ရှိနေသော တပ်မ ၃၃ မှ တပ်ရင်းမှူ ဒုတိယဗိုလ်မှူးကြီး နိုင်နိုင်ဝင်း ဦးဆောင်သော စစ်ကြောင်းသည် ရှေ့တန်းသို့ … Read more

ဆီဆိုင်မြို့နယ်တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံး လက်နက် ၃လက်ရဟု PNLA ထုတ်ပြန်

စစ်​ကောင်စီကားတစ်စီးသိမ်းဆည်းရရှိပြီး ၄ စီးမီး​​လောင် ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်တနေရာတွင် ယမန်နေ့ ဧပြီ ၁၇ရက်က တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးမှု ရှိခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သတင်းထုတ်ပြန်သည်။ ဆီဆိုင်မြို့နယ် အနောက်တောင်ဘက်တနေရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ငယ် ၃လက်နှင့် မော်တော်ယာဉ် ၁စီး သိမ်းရခဲ့သည်ဟုဆိုသည်။ “အဲဒီ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးထက်မနည်းသေဆုံးတယ်။ အဲဒါက မျက်မြင်တွေ့ရတာပေါ့ ။ လက်နက် သုံးလက် သိမ်းဆည်းရမိတယ်။ ကား ၁စီး လည်းရတယ်။ ကား ၅စီးဆိုပေမယ့် အကောင်းက တစ်စီးပဲရတယ် ကျန်တဲ့ လေးစီးက သူတို့ မီးရှို့ထားတာ ပျက်စီး ကုန်တာပေါ့။ ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းကလည်း ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ဗိုလ်ကြီး … Read more

ပြင်ဦးလွင် စစ်တက္ကသိုလ်ကိုတိုက်ခိုက်သူများ ဖမ်းဆီးခံရခြင်းမရှိကြောင်း PDF ပြော

မန္တလေးတိုင်း ပြင်ဦးလွင် စစ်တက္ကသိုလ်ကိုတိုက်ခိုက်ခဲ့တဲ့ PDF တပ်ဖွဲ့ဝင် လေးဦးကို အရှင်ဖမ်းမိပြီး၊ ငါးဦးသေဆုံးခဲ့တယ်ဆိုတဲ့ သတင်းတွေဟာ မှန်ကန်မှုမရှိဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ စစ်တက္ကသိုလ်ကို ဧပြီလ ၁၄ ရက်နေ့ ညပိုင်းက ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့သူတွေကို ဖမ်းဆီးရမိတာနဲ့ တချို့ကို ပစ်ခတ်သတ်ဖြတ်နိုင်ခဲ့ကြောင်း စစ်ကောင်စီကိုထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေက ဧပြီလ ၁၆ ရက်နေ့မှာ သတင်းဖော်ပြခဲ့ပါတယ်။ ဖမ်းမိနေသူတွေကို စစ်ဆေးနေပြီး သူတို့ရဲ့ စခန်းတည်နေရာတွေကို စစ်ကောင်စီတပ်က နယ်မြေရှင်းလင်းရေးအတွက် ထိုးစစ်ဆင်နေကြောင်းလည်း ဖော်ပြထားတာပါ။ အဲဒီတိုက်ခိုက်မှုကိုပြုလုပ်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်ကတော့ ဖမ်းဆီးခံရတာမရှိဘူးလို့ပြောပါတယ်။ “ပြင်ဦးလွင်ကို လျှော့တိုက်ဒုံးမစ်ရှင် လုပ်ဆောင်ခဲ့တဲ့ အဖွဲ့ဝင်တွေအားလုံး အထိအခိုက်မရှိ အန္တရာယ်ကင်းကင်း ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ … Read more

ထာဝရငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေကြောင်း စစ်ခေါင်းဆောင်ပြော

နိုင်ငံငြိမ်းချမ်းရေးကို အနာဂတ်မျိုးဆက်အထိ တည်တံ့နေတဲ့ ထာဝရငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းဆောင်ရွက် နေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့မှာ ကျရောက်တဲ့ မြန်မာ နှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားမှာ ထည့်သွင်းပြောဆိုပါတယ်။ တိုင်းရင်းသားအချင်းချင်း သွေးကွဲအောင် သွေးခွဲနေတာကို သွေးစည်းညီညွတ်မှုနဲ့ တုံ့ပြန်ပြသဖို့လိုအပ်ကြောင်း ပြောခဲ့ပြီး ပညာရေး၊ ကျန်းမာရေးနဲ့ စီးပွားရေးကဏ္ဍတွေ တိုးတက်လာဖို့လည်း ဆက်လက်ဆောင်ရွက်သွား မယ်လို့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ခေါင်းဆောင်ပြောတဲ့ ထာ၀ရငြိမ်းချမ်းရေးဟာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်မှသာ ထာ၀ရငြိမ်းချမ်ရေးရလိမ့်မယ်လို့ ပြောဆိုပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်အကောင်အထည် ဖော်ဖို့ ကြိုးပမ်းမယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ နိုင်ငံတစ်ဝန်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့သူဟာ လည်း … Read more

ပါတီစုံဒီမိုကရေစီလမ်းကြောင်းမှာ ပူးပေါင်းပါဝင်ပေးဖို့ဆိုပြီး စစ်ခေါင်းဆောင်နှစ်သစ်ကူးမိန့်ခွန်းမှာထည့်ပြော

ပါတီစုံဒီမိုကရေစီလမ်းကြောင်း ကို မယိမ်းမယိုင်အောင်လုပ်နေလို့ တိုင်းရင်းသားတွေအားလုံးပူးပေါင်းပါဝင်ပေးဖို့ဆိုပြီး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီကနေ့ ဧပြီ ၁၇ ရက် မြန်မာ နှစ်ဆန်းတစ်ရက်နေ့ မိန့်ခွန်းမှာ ထည့်ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်တွေတုန်းကအရှည်မတွေးတဲ့သူတွေကြောင့်ဒေသမတည်မငြိမ်ဖြစ်ခဲ့တယ်လို့သုံးနှုန်းပြီး ဒီနှစ်မှာ အရှည်မျှော်တွေးပြီး တိုင်းရင်းသားအချင်းချင်းဒုက္ခတွင်းထဲရောက်အောင်မလုပ်ဖို့ ဆိုပြီးလည်းပြောပါတယ်။ ဒါအပြင် ကျောင်းနေအရွယ်ကလေးတိုင်းပညာသင်ကြားခွင့်ရရေးကိုပူးပေါင်းပါဝင်ပေးဖို့ကိုလည်း သူကတိုက်တွန်းပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ပါတီစုံဒီမိုကရေစီလမ်းကြောင်းအကြောင်းထည့်ပြောလာတဲ့ အခု ဧပြီ နှစ်သစ်ကူးချိန်ကနေ နောက်ထပ် ၃ လဆိုရင် စစ်ကောင်စီရဲ့ ၅ ကြိမ်မြောက် အရေးပေါ်ကာလသက်တမ်း ၆ လတိုးထားတာလည်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကျင်းပပေးမယ်လို့စစ်ကောင်စီက အာဏာသိမ်းကာလ ၃ နှစ်ကျော်အတွင်း တောက်လျှောက်ပြောနေပေမဲ့ ‌နိုင်ငံတဝန်းမှာ ဒေသအများစုကမတည်မငြိမ်ဖြစ်နေတာပါ။