မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကို PDF တပ်ပေါင်းစုတိုက်ခိုက်
မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ရှိ စစ်ကောင်စီ၏ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကို PDF တပ်ပေါင်းစုတိုက်ခိုက်ကြောင်း အမျိုးသားညီ ညွတ်ရေးအစိုးရ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။ ဧပြီလ ၁၆ ရက်နေ့ နံနက် ၉ နာရီအချိန် စစ်ရေး ပစ်မှတ်တစ်ခုဖြစ်သည့် စစ်ကောင်စီ၏ အမှတ် ၂၁ ကာကွယ်ရေးပစ္စည်းစက်ရုံ၏ စစ်ဆင်ရေး ပစ်မှတ် နေရာ ၂၀ ခု ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၊ အမှတ် (၁) စစ်ဒေသ၊ မကွေးတိုင်း ကွပ်ကဲရေးရုံး အောက်ရှိ တပ်ရင်းတပ်ဖွဲ့များက တပြိုင်နက် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် ၁ စစ်ဒေသ၊ မကွေးတိုင်း ကွပ်ကဲရေးရုံး ကွပ်ကဲမှုဖြင့် မကွေးတိုင်းဒရုန်း လက်ရုံးတပ်၊ တိုင်းရုံး … Read more